Connect with us

Africa & Middle East

အမေရိကန်က “ဆွေးနွေးကြောင်း” ဆိုခြင်းမှာ “ရှုံးနိမ့်ကြောင်း” ဝန်ခံခြင်းဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အပတ်စဉ် ပုံမှန်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီအား ၂၀၂၆ ခုနှစ် မတ် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်ဘက်က အီရန်နှင့် “ဆွေးနွေးကြောင်း” ပြောကြားခြင်းအပေါ် သံသယရှိကြောင်းနှင့် အမေရိကန်ဘက်က လေသံပြောင်းလဲလာခြင်းမှာ ထိုမတိုင်မီ အီရန်အား “အကြွင်းမဲ့ လက်နက်ချအညံ့ခံရန်” တောင်းဆိုချက် ရှုံးနိမ့်သွားရာရောက်သည်ဟု ယူဆကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက မတ် ၂၅ ရက်တွင် နိုင်ငံပိုင်ရုပ်မြင်သံကြားဌာန၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

“အမေရိကန်က ‘အကြွင်းမဲ့ လက်နက်ချအညံ့ခံဖို့’ ပြောတယ် မဟုတ်လား”၊ “ဒါဆို သူတို့က ဘာဖြစ်လို့ ဆွေးနွေးတယ်ဆိုတဲ့အကြောင်း ပြောရတာလဲ”၊ “သူတို့လက်ရှိ ဆွေးနွေးကြောင်းပြောကြားတဲ့ အဖြစ်မှန်က ရှုံးနိမ့်တာကို ဝန်ခံလိုက်တာနဲ့ ထူးမခြားနားပဲ” ဟု အာရက်ဂ်ချီက ပြောကြားခဲ့သည်။

လက်ရှိ အီရန်၏မူဝါဒက ဆက်လက် ခုခံတွန်းလှန်ရန် ဖြစ်ကြောင်း၊ အီရန်-အမေရိကန်ကြား သတင်းအချက်အလက်ဖလှယ်မှုရှိသော်လည်း မည်သည့်စေ့စပ်ဆွေးနွေးမှုမျှ မရှိသေးကြောင်း အီရန်ကျောင်းသားများသတင်းဌာန (ISNA) က အာရက်ဂ်ချီ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြထားသည်။

လွန်ခဲ့သည့်ရက်ပိုင်းက အမေရိကန်သည် ချစ်ကြည်ရင်းနှီးသောနိုင်ငံအချို့မှတစ်ဆင့် အီရန်ထံသို့ သတင်းစကားပါးခဲ့ကြောင်း၊ အီရန်ဘက်က ထိုကြားဝင်ညှိနှိုင်းပေးသူများမှတစ်ဆင့် အမေရိကန်ဘက်ကို သတိပေးခြင်း သို့မဟုတ် ရပ်တည်ချက်ဖော်ပြခြင်း ပြုခဲ့ကြောင်း အာရက်ဂ်ချီက ပြောကြားခဲ့သည်။
“ဒါက စေ့စပ်ဆွေးနွေးတာ သို့မဟုတ် တွေ့ဆုံဆွေးနွေးတာ မဟုတ်ဘဲ သတင်းအချက်အလက် ဖလှယ်တာပဲဖြစ်တယ်” ၊ အမေရိကန်ဘက်က ဤသတင်းစကားများတွင် အဆိုပြုထားသည့် သဘောထားအချို့ကို အီရန်အဆင့်မြင့်အလွှာသို့ ပေးပို့ထားပြီဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် အာရက်ဂ်ချီက ဟော်မုဇ်ရေလက်ကြားသည် လုံးဝပိတ်ဆို့ထားခြင်းမဟုတ်ဘဲ ရန်လိုသူများကို ပစ်မှတ်ထား၍ ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း၊ အီရန်အပေါ် တိုက်ခိုက်မှု၌ ပါဝင်ခြင်းမရှိသည့် နိုင်ငံများအနေဖြင့် အီရန်ဘက်နှင့် ညှိနှိုင်း၍ ဖြတ်သန်းသွားလာနိုင်ကြောင်း၊ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာခြင်းနှင့်စပ်လျဉ်း၍ အီရန်ဘက်က သက်ဆိုင်ရာ စီမံခန့်ခွဲမှုများ စီစဉ်လျက်ရှိကြောင်းနှင့် သက်ဆိုင်သူများအား သတိပေးထားပြီးဖြစ်ကြောင်း၊ အကယ်၍ ၎င်းလက်နက်ကိုင်အင်အားက ရေလက်ကြားဒေသသို့ ဝင်ရောက်လာမည်ဆိုလျှင် အခြေအနေတင်းမာမှုများ တစ်ဆင့်တိုးမြင့်လာမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် အမေရိကန်အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က အမေရိကန်ဘက်က စစ်ပွဲအဆုံးသတ်ရေးနှင့်စပ်လျဉ်းသည့် “အချက် ၁၅ ချက်ပါ အစီအစဉ်” ကို အီရန်ဘက်က လက်ခံခြင်း မရှိသေးသော်ငြားလည်း အီရန်နှင့် ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သည့်အချိန်မှာ “ရက်သတ္တပတ် ၄ ပတ်မှ ၆ ပတ်အထိ” ကြာမြင့်နိုင်သေးသည်ဟု အမေရိကန်ဘက်က ခန့်မှန်းထားကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

အမေရိကန်မီဒီယာများ၏ မတ် ၂၄ ရက် သတင်းများအရ အမေရိကန်က စစ်ပွဲအဆုံးသတ်ရန် ရည်ရွယ်သည့် အချက် ၁၅ ချက်ပါ အစီအစဉ်တစ်ရပ်ကို ပါကစ္စတန်မှတစ်ဆင့် အီရန်အား ပေးပို့ခဲ့ကြောင်း သိရသည်။
အမေရိကန် အဆိုပြုသည့် စစ်ပွဲရပ်တန့်ရေးနည်းလမ်းကို အီရန်က ငြင်းပယ်လိုက်ပြီး စစ်ပွဲရပ်တန့်ရေး တောင်းဆိုချက် ၅ ရပ်ကို အီရန်ဘက်က အဆိုပြုခဲ့ကြောင်း အီရန်သတင်းရုပ်သံ Press TV က မတ် ၂၅ ရက်တွင် အီရန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ (Xinhua)
——————
(Chinese Version)
伊朗外长:美国谈论“谈判”无异于承认“失败”
新华社德黑兰3月25日电 伊朗外交部长阿拉格齐25日接受国家电视台采访时,对美国方面声称正与伊朗“谈判”表示质疑,并认为美方语气转变等同于先前要求伊朗“无条件投降”的失败。
“美国人不是说‘无条件投降’吗,”阿拉格齐说,“那他们现在为什么谈论谈判?”“他们眼下谈论谈判这一事实,无异于承认失败。”
伊朗学生通讯社援引阿拉格齐的话报道,目前,伊朗的政策是继续抵抗。伊美之间,有信息交流,尚未有任何谈判。
阿拉格齐表示,过去几天,美国通过几个友好国家向伊朗传递信息,伊方则经由这些调解方向美方发出警告或表明立场。“这不是谈判或对话,而是信息交流。”他还说,美方在这些信息中提出的一些想法已转达给伊朗高层。
另外,阿拉格齐重申,霍尔木兹海峡并非完全封闭,而是针对敌对方封闭。未参与对伊战事的国家可以在与伊方协调下通行。就霍尔木兹海峡通行,伊方正制定相关管理安排,并向相关方发出警告:若其武装力量进入海峡区域,局势将进一步紧张。
同一天,美国白宫新闻秘书莱维特表示,即便伊朗方面尚未接受美方就结束战事所提“15点计划”,与伊朗的谈判仍将继续。她重申,美方关于对伊朗军事行动的持续时间估计仍是“4到6周”。
据美国媒体24日报道,美国已通过巴基斯坦向伊朗转交一份包含15个要点、旨在结束战事的计划。伊朗新闻电视台25日援引一名伊朗高级官员的话报道,伊朗拒绝美国提出的停战方案,并提出伊方关于停战的5项条件。(完)
1. 3月16日,伊朗外交部长阿拉格齐在首都德黑兰出席伊朗外交部举行的每周例行记者会。新华社记者 沙达提 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.