Connect with us

North America

အမေရိကန်-အီရန် ဆွေးနွေးမှုအလားအလာ မရေရာမှုများကြောင့် ကမ္ဘာ့ရေနံဈေးများ မြင့်တက်လာ

ရေနံဆီဈေးနှုန်းများမမြင့်တက်မီ ချီလီနိုင်ငံ ဆန်တီယာဂိုမြို့ရှိ ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေသည့် မော်တော်ယာဉ်များအား ၂၀၂၆ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန် ဆွေးနွေးမှုအလားအလာ မသေချာမရေရာမှုများရှိသေးသည်ဟု ပြင်ပက ခန့်မှန်းချက်များကြောင့် ကမ္ဘာ့ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် မတ် ၂၆ ရက်တွင် သိသိသာသာ မြင့်တက်လာပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ဈေးနှုန်းမြင့်တက်မှုမှာ ၄ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မတ် ၂၆ ရက် နံနက်ပိုင်း ၁၀ နာရီ ၂၀ မိနစ်တွင် နယူးယောက်ကုန်စည်လဲလှယ်မှု (NYMEX) ၏ မေလတွင် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၉၃.၀၂ ဒေါ်လာရှိပြီး ကန်ဒေါ်လာ ၂.၇ ဒေါ်လာဖြင့် ၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။ မေလတွင် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၆.၅ ဒေါ်လာ ရှိပြီး ကန်ဒေါ်လာ ၄.၂၅ ဒေါ်လာဖြင့် ၄.၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

The New York Times သတင်းများအရ အမေရိကန်နှင့် အီရန်၏ ဆွေးနွေးမှုစတင်မည့်လုပ်ငန်းစဉ်၏ ခြေလှမ်းများက အလွန်ခက်ခဲလျက်ရှိကြောင်း၊ နှစ်ဖက်စလုံးက စစ်ပွဲတွင် အသာစီးရရှိထားသည်ဟု အခိုင်အမာ ပြောဆိုနေကြကြောင်း သိရသည်။ အမေရိကန်ဘက်က အချက် ၁၅ ချက်ပါ အပစ်ရပ်ရေး သဘောတူညီချက်ကို အဆိုပြုခဲ့ကြောင်း၊ အီရန်ဘက်က အမေရိကန်၏နည်းလမ်းကို ပယ်ချပြီး လျော်ကြေးပေးရန် တောင်းဆိုခြင်း အပါအဝင် အပစ်ရပ်ရေးနှင့်စပ်လျဉ်းသည့်တောင်းဆိုချက်များကို အဆိုပြုခဲ့ကြောင်း၊ အစ္စရေးက စစ်ပွဲ ရုတ်ခြည်းအဆုံးသတ်သွားမည်ကို စိုးရိမ်၍ အီရန်နယ်နိမိတ်အတွင်း ပစ်မှတ်အများအပြားကို အတတ်နိုင်ဆုံး အချိန်မီ လေကြောင်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ (Xinhua)


—————–
(Chinese Version)
美伊对话前景不明推升国际油价
新华社纽约3月26日电(记者徐静)因外界预期美国与伊朗谈判前景仍存不确定性,国际原油期货价格26日显著上涨,涨幅一度超过4%。
截至美东时间26日上午10时20分,纽约商品交易所5月交货的轻质原油期货价格报每桶93.02美元,上涨2.7美元,涨幅约3%;5月交货的伦敦布伦特原油期货价格报每桶106.5美元,上涨4.25美元,涨幅为4.16%。
据《纽约时报》报道,美国和伊朗寻求启动谈判的进程举步维艰,双方都坚称自己在战事中占据上风。美国提出了停火协议15点内容;伊朗拒绝美方方案,并提出伊方关于停战的条件,其中包括要求赔偿;以色列担心战争可能突然结束,正抓紧时间尽可能多地空袭伊朗境内目标。(完)
1. 3月25日,油价上涨前夕,车辆在智利圣地亚哥一处加油站排队等待加油。新华社记者 周佳谊 摄