Africa & Middle East
“အသေခံလှုပ်ရှားမှု” ပုံစံဖြင့် ဟော်မုဇ်ရေလက်ကြားကို ဖွင့်လှစ်ရန် အမေရိကန် လုပ်ဆောင်ပါက တုံ့ပြန်ရန် ပြင်ဆင်ထားပြီးဖြစ်ဟု အီရန်ဆို
တီဟီရန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်က “အသေခံလှုပ်ရှားမှု” ပုံစံဖြင့် ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်မည်ဆိုပါက အီရန်အနေဖြင့် ပြင်ဆင်ထားပြီးဖြစ်ကာ ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း စစ်ဘက်သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ အီရန် Tasnim သတင်းဌာနက မတ် ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်နှင့် မြေပြင်စစ်ပွဲဆင်နွှဲမှုအတွက် ပြင်ဆင်ရန် စစ်ဆင်ရေးအင်အား ၁ သန်းကျော် စီစဉ်ပြီးဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် အီရန်လူငယ်များစွာက Basij ပြည်သူ့စစ်အဖွဲ့၊ အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် စစ်ဘက်၏ လူစုဆောင်းရေးစင်တာသို့ သွားရောက်ကာ စစ်ဆင်ရေးတွင်ပါဝင်ရန် လျှောက်ထားလျက်ရှိကြောင်းလည်း သိရသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် အီရန်အပေါ် “သေစေလောက်သည့်ထိုးနှက်ချက်” ဖြစ်မည့် စစ်ရေးအစီအစဉ်အား ချမှတ်နေကြောင်း၊ အဆိုပါအစီအစဉ်တွင် အီရန်၏ အဓိကရေနံတင်ပို့မှုအချက်အချာ Kharg ကျွန်းအား ကျူးကျော်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း၊ အီရန်က ဟော်မုဇ်ရေလက်ကြားအား ထိန်းချုပ်ရာတွင် အသုံးပြုသည့် မဟာဗျူဟာအဓိကနေရာ Larak ကျွန်းအား တိုက်ခိုက်ခြင်း၊ Abu Musa ကျွန်းနှင့် ရေလက်ကြား အနောက်ဘက်ဝင်ပေါက်ရှိ အခြားကျွန်းငယ်နှစ်ခုအား သိမ်းပိုက်ခြင်း၊ ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်တွင် အီရန်ရေနံများအား ပို့ဆောင်သည့်သင်္ဘောများကို ပိတ်ဆို့တားဆီးမှု သို့မဟုတ် ဖမ်းဆီးမှု လုပ်ဆောင်ခြင်းတို့ ပါဝင်ကြောင်း အမေရိကန်အစိုးရအရာရှိနှင့် သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က မတ် ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။ (Xinhua)
——————-
(Chinese Version)
伊朗称已准备好应对美国以“自杀式行动”开通霍尔木兹海峡
新华社德黑兰3月26日电 伊朗塔斯尼姆通讯社26日援引军方知情人士的话报道,若美国想以“自杀式行动”来开通霍尔木兹海峡,伊朗已做好准备,并仍将对其封锁霍尔木兹海峡。
报道说,伊朗已动员超过100万名作战人员,准备与美国进行地面作战。此外,大量伊朗年轻人涌向“动员穷人组织”、伊斯兰革命卫队和军方的征募中心,申请参与作战。
美国阿克西奥斯新闻网站26日援引美官员及消息人士的话报道说,美国国防部正在制定针对伊朗的“致命一击”军事方案,包括入侵或封锁伊朗主要石油出口枢纽哈尔克岛,进攻伊朗用于控制霍尔木兹海峡的战略要地拉腊克岛,夺取阿布穆萨岛及另外两座位于海峡西侧入口处的小岛,以及在霍尔木兹海峡东侧封锁或扣押运输伊朗石油的船只。(完)
图说:这张泰国海军3月11日发布的照片显示,一艘泰国货船在霍尔木兹海峡海域遭袭起火。新华社发(泰国海军供图)
