Connect with us

North America

အရှေ့အလယ်ပိုင်းအခြေအနေ ဆက်တိုက် တင်းမာနေခြင်းကြောင့် ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းများ ပဋိပက္ခဖြစ်ပွားသည့်ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်နေသည့် ကားပိုင်ရှင်တစ်ဦးအား ၂၀၂၆ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းအခြေအနေ ဆက်တိုက် တင်းမာနေခြင်းကြောင့် ကမ္ဘာ့ရေနံဈေးသည် အမေရိကန် အရှေ့ပိုင်း စံတော်ချိန် မတ် ၂၉ ရက် ညပိုင်းမှစတင်သည့် သီတင်းပတ်သစ် အရောင်းအဝယ်တွင် ဆက်တိုက်မြင့်တက်ခဲ့သည်။ နယူးယောက် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ဈေးကွက်ဖွင့်လှစ်ပြီးနောက် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၃ ဒေါ်လာသို့ လည်းကောင်း၊ လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အရောင်းအဝယ်ပြုလုပ်ချိန်တွင် တစ်စည်လျှင် ကန်ဒေါ်လာ ၁၁၆ ဒေါ်လာသို့ လည်းကောင်း မြင့်တက်ခဲ့ရာ အမေရိကန်၊ အစ္စရေးနှင့် အီရန် စစ်ပွဲ ဖြစ်ပွားသည့်အချိန်မှစ၍ အရောင်းအဝယ်ပြုလုပ်ချိန်အတွင်း အမြင့်ဆုံးစံချိန်နီးပါး ဖြစ်ကြောင်း သိရသည်။

အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မတ် ၂၉ ရက် ၂၀ နာရီ ၅၀ မိနစ်အထိ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ မေလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးသည် အမြင့်ဆုံးအနေဖြင့် တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၃.၃၈ အထိရှိလာပြီး ယခင်အရောင်းအဝယ်နေ့ ဈေးကွက်ပိတ်သိမ်းချိန်နှင့် နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ ၃.၇၄ ဒေါ်လာဖြင့် ၃.၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ မေလအတွက် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာ အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၁၆.၄၃ ဒေါ်လာဖြင့် တစ်စည်လျှင် ကန်ဒေါ်လာ ၁၂၀ ဒေါ်လာ နီးပါးအထိ မြင့်တက်ခဲ့ရာ ယခင်အရောင်းအဝယ်နေ့ ဈေးကွက်ပိတ်သိမ်းချိန်နှင့်နှိုင်းယှဉ်ပါက ကန်ဒေါ်လာ ၃.၈၆ ဒေါ်လာဖြင့် ၃.၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အမေရိကန်၊ အစ္စရေးနှင့် အီရန် စစ်ပွဲဖြစ်ပွားနေသည်မှာ တစ်လဆက်တိုက်ရှိပြီဖြစ်ရာ အမေရိကန်နှင့် အီရန် ဆွေးနွေးမှု အလားအလာ မရေရာမှုများကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲ အချိန်တိုအတွင်းတွင် အဆုံးသတ်ရန် ခဲယဉ်းမည်ကို ဈေးကွက်က ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်နေကြသလို ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်မှုများ ပုံမှန်ဖြစ်ရန် အလားအလာအပေါ် အကောင်းမမြင်နိုင်ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ကယောက်ကယက်ဖြင့် မြင့်တက်လျက်ရှိသည်။ (Xinhua)
——————
(Chinese Version)
中东局势持续紧张 布伦特原油期价逼近冲突以来最高点
新华社纽约3月29日电 受中东局势持续紧张影响,国际油价在美国东部时间29日晚开始的新一周交易中持续上涨,纽约原油期货价格开盘后上涨至每桶103美元水平,伦敦布伦特原油期货价格盘中突破每桶116美元,逼近美以伊战事爆发以来的盘中最高纪录。
截至美东时间29日20时50分,纽约商品交易所5月交货的轻质原油期货价格最高升至每桶103.38美元,与前一交易日收盘价相比上涨3.74美元,涨幅达3.75%。5月交货的伦敦布伦特原油期货价格一度升至每桶116.43美元,逼近每桶120美元关口,与前一交易日收盘价相比上涨3.86美元,涨幅达3.43%。
美以伊战事已持续一个月,美国与伊朗谈判前景不明,市场普遍担忧中东战事短期内难以结束,对霍尔木兹海峡航运恢复正常的前景感到悲观,导致国际油价震荡走高。(完)
1. 3月26日,车主在英国伦敦一处加油站加油。新华社记者 李颖 摄