Asia
လက်ဘနွန်နိုင်ငံ တောင်ပိုင်း၌ တိုက်ခိုက်ခံရ၍ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း အင်ဒိုနီးရှားအစိုးရ အတည်ပြု
ဂျကာတာ၊ မတ် ၃၀ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အင်ဒိုနီးရှား ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တစ်ဦးသည် မတ် ၂၉ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက မတ် ၃၀ ရက်တွင် အတည်ပြုခဲ့သည်။
အင်ဒိုနီးရှား ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တစ်ဦးသည် မတ် ၂၉ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး အခြားလူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း၊ အချင်းဖြစ်ပွားရာနေရာသည် လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသတွင်ဖြစ်ကာ အမြောက်ဒဏ်သည် လက်ဘနွန်ရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) အင်ဒိုနီးရှားအဖွဲ့ခွဲ အနီးတစ်ဝိုက်သို့ သက်ရောက်မှုရှိခဲ့ကြောင်း၊ အင်ဒိုနီးရှားဘက်က ယင်းအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ၍ ပွင့်လင်းမြင်သာသော၊ အပြည့်အဝဖြစ်သော စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ပြီး အရေးယူရန် တိုက်တွန်းကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
အစ္စရေးဘက်က သက်ဆိုင်ရာ စစ်ရေးလှုပ်ရှားမှုသည် ဒေသတွင်း တင်းမာမှုအခြေအနေအား ဆိုးရွားစေပြီး တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းမှုကို ဖျက်ဆီးလိုက်ကြောင်း၊ အင်ဒိုနီးရှားအနေဖြင့် ဘက်အသီးသီးက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ အခြေအနေ တစ်ဆင့်တိုးအရှိန်မြင့်တက်ခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဆိုထားသည်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုသည် အစဉ်အမြဲ အပြည့်အဝ လေးစားခံရသင့်ကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဝန်ထမ်းများအား ရည်ရွယ်သည့် ထိခိုက်နစ်နာစေသော လုပ်ဆောင်ချက်မှန်သမျှသည် လက်သင့်ခံဖွယ်မရှိဘဲ နိုင်ငံတကာအသိုင်းအဝိုင်း၏ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုထိန်းသိမ်းရေးအတွက် အတူတကွကြိုးပမ်းမှုကို လျော့နည်းစေမည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအနေဖြင့် UNIFIL နှင့် ညှိနှိုင်းကာ သေဆုံးသူရုပ်အလောင်းအား နိုင်ငံသို့ပြန်လည်ပို့ဆောင်ရန်နှင့် ထိခိုက်ဒဏ်ရာရသူများက သင့်လျော်သောကုသမှုရရှိရေး သေချာစေရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
印尼政府确认一名维和人员在黎南部袭击中遇难
新华社雅加达3月30日电(记者李嘉聪)印度尼西亚政府30日证实,一名在黎巴嫩执行任务的印尼维和人员在29日发生的袭击中遇难。
印尼外交部当天在社交媒体上发表声明说,一名印尼维和人员在29日发生的袭击中遇难,另有3人受伤。事发地点位于黎南部地区,炮火波及联合国驻黎巴嫩临时部队(联黎部队)印尼分队附近。印尼方面对此予以强烈谴责,并呼吁开展透明、彻底的调查,追究责任。
声明说,以色列方面有关军事行动加剧地区紧张局势,破坏和平稳定努力。印尼呼吁各方保持克制,避免局势进一步升级。
印尼外交部表示,联合国维和人员的安全必须始终得到充分尊重,任何针对维和人员的伤害行为都是不可接受的,将削弱国际社会维护和平与稳定的共同努力。印尼正与联黎部队协调,安排遇难者遗体回国并确保伤者获得妥善治疗。(完)
图说:这是3月18日在黎巴嫩首都贝鲁特拍摄的在以色列空袭中损毁的建筑和车辆。新华社发(比拉尔·贾维希摄)
