North America
ဟော်မုဇ်ရေလက်ကြား ဆက်လက် ပိတ်ထားနေဆဲဖြစ်စေကာမူ စစ်ပွဲကို အဆုံးသတ်ရန် ဆန္ဒရှိကြောင်း ထရမ့်ဆို
ဝါရှင်တန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
ဟော်မုဇ်ရေလက်ကြားကို ယေဘုယျအားဖြင့် ဆက်လက် ပိတ်ထားနေဆဲဖြစ်စေကာမူ ၎င်းအနေဖြင့် အီရန်အပေါ် စစ်ရေး လှုပ်ရှားမှုများကို အဆုံးသတ်ရန် ဆန္ဒရှိကြောင်း အမေရိကန်သမ္မတ ထရမ့်က ၎င်း၏အကြံပေးအရာရှိများအား ပြောကြားခဲ့သည်ဟု အမေရိကန် The Wall Street Journal သတင်းစာ၏ မတ် ၃၀ ရက် ဖော်ပြချက်အရ သိရသည်။
ဟော်မုဇ်ရေလက်ကြားကို အစီအမံများ ချမှတ်လုပ်ဆောင်၍ အတင်းအကျပ်ဖွင့်လှစ်ပါက ပဋိပက္ခ ဆက်လက်ဖြစ်ပွားမည့်ကြာချိန်မှာ ၎င်း ခန့်မှန်းထားသည်ထက် သီတင်းပတ် ၄ ပတ်မှ ၆ ပတ်အထိ ကြာရှည်မည်ဟု ထရမ့်နှင့် ၎င်း၏အကြံပေးအရာရှိများသည် မကြာသေးမီရက်က အကဲဖြတ်ခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ထရမ့်သည် အမေရိကန်အနေဖြင့် ၎င်း၏ “အဓိကရည်မှန်းချက်ဖြစ်သည့် အီရန်၏ရေတပ်အင်အားနှင့် ၎င်း၏ ဒုံးကျည်လက်နက်သိုလှောင်မှု အားနည်းစေရေး” ကို ဦးစွာဖော်ဆောင်သင့်ပြီး တစ်ချိန်တည်းမှာပင် လက်ရှိ ရန်လိုသည့်လှုပ်ရှားမှုများကို တဖြည်းဖြည်းလျှော့ချကာ သံတမန်လမ်းကြောင်းများမှတစ်ဆင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများပြန်လည်ပြေးဆွဲရန် အီရန်အား ဖိအားပေးသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။
အမေရိကန်အစိုးရအရာရှိများက အကယ်၍ အထက်တွင် ဖော်ပြခဲ့သော ကြိုးပမ်းမှုများ မအောင်မြင်ပါက အမေရိကန်သည် ဥရောပနှင့် ပင်လယ်ကွေ့ဒေသရှိ ၎င်း၏မဟာမိတ်များအား ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး ကိစ္စရပ်များတွင် ဦးဆောင်ရန် တွန်းအားပေးသွားမည်ဟု ပြောကြားခဲ့သည်။ ထရမ့်သည် စစ်ရေးနည်းလမ်းများကိုလည်း ရွေးချယ်နိုင်သော်လည်း “ဒါက သူ ဦးစားပေးလုပ်မယ့်အရာ မဟုတ်ဘူး” ဟု ၎င်းတို့က ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားအား ပိတ်ထားသည့်အချိန်ကြာလေ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုမှာ ပို၍ ကြီးလေဖြစ်ပြီး ရေနံဈေးနှုန်းများကို စဉ်ဆက်မပြတ် မြင့်တက်စေမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထရမ့်သည် စစ်ပွဲကို လျင်မြန်စွာ အဆုံးသတ်လိုသော်လည်း ၎င်း လုပ်ဆောင်နေသော အရှေ့အလယ်ပိုင်းသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသည့် အစီအမံများသည် ယင်းအချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သတင်းတွင် ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)
…………………………
(Chinese Version)
美媒:特朗普称即使霍尔木兹海峡仍关闭也愿结束战争
新华社华盛顿3月30日电 据美国《华尔街日报》30日报道,美国总统特朗普告诉其幕僚,即使霍尔木兹海峡大体上仍处于关闭状态,他也愿意结束对伊朗的军事行动。
报道援引美政府官员的话说,特朗普及其幕僚近日评估,若要采取行动强行打通霍尔木兹海峡,冲突持续的时间将超出他预设的4周至6周的时间表。因此,特朗普决定美国应当先实现其“主要目标,即削弱伊朗的海军力量及其导弹储备”,同时逐步减缓当前的敌对行动,通过外交途径向伊朗施压恢复霍尔木兹海峡的航运。
美政府官员表示,如果上述努力失败,美国将转而推动其在欧洲及海湾地区的盟友出面主导重新开放霍尔木兹海峡事宜。他们说,特朗普也可以选择采取军事手段,但“这并非他的当务之急”。
报道说,霍尔木兹海峡关闭的时间越长,对全球经济的冲击就越大,将持续推高油价。
报道还说,特朗普希望迅速结束战争,但他采取的向中东地区增兵等措施却与之相悖。(完)
图说:9月26日,美国总统特朗普在首都华盛顿白宫回答记者提问。新华社记者 胡友松 摄
