North America
အီရန်အား အမေရိကန် တိုက်ခိုက်မှုအတွက် ကုန်ကျစရိတ်ကို အာရပ်နိုင်ငံများက ကျခံစေရန် ထရမ့်စဉ်းစားနေ
ဝါရှင်တန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)
အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှု ကုန်ကျစရိတ်ကို အာရပ်နိုင်ငံများမှ ကျခံစေရန်အတွက် အမေရိကန် သမ္မတ ထရမ့်က တိုက်တွန်းရန် ဆန္ဒရှိကြောင်း၊ ယင်းသည် ထရမ့်၏ ကိုယ်ပိုင်အတွေးတစ်ခုဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က မတ် ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အာရပ်နိုင်ငံများက စစ်ပွဲကုန်ကျစရိတ်အား ပေးချေရန် ကူညီပေးမည်လော မေးခွန်းနှင့် စပ်လျဉ်း၍ Karoline Leavitt က “သူတို့က ဒီကိစ္စကို အကောင်အထည်ဖော်တာကို ထရမ့်အနေဖြင့် အလွန်စိတ်ဝင်စားပါလိမ့်မယ်” ဟု ယူဆကြောင်း၊ “ကျွန်မသိရသလောက် သူလည်း ဒီလိုအတွေးမျိုး ရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် မကြာမီနောက်ပိုင်းမှာ သူကဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ ပြောကြားချက်တွေ ပိုမိုရှိလာတာကို ရှင်တို့ကြားရမယ်လို့ ကျွန်မထင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အီရန်အပေါ် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုသည် “အစီအစဉ်နှင့်အညီ လုပ်ဆောင်လျက်” ရှိကြောင်း၊ အမေရိကန်ဘက်အနေဖြင့် စစ်ရေးလှုပ်ရှားမှုကို “သီတင်းပတ် ၄ ပတ်ကနေ ၆ ပတ်” အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Karoline Leavitt က ပြောကြားခဲ့သည်။
လက်ရှိတွင် အီရန်က ရေနံသင်္ဘော အစင်း ၂၀ ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းရန် သဘောတူညီပြီးဖြစ်ကြောင်း၊ “ဆက်လက်ပြီး ရက်အနည်းငယ်အတွင်းမှာ ကျွန်မတို့က နောက်ထပ် ရေနံသင်္ဘောအစင်း ၂၀ ထပ်တိုးတာကို ကြေညာဖို့ မျှော်မှန်းထားပါတယ်” ၊ ထို့ပြင် “ဒါက အမေရိကန်နဲ့ အီရန်အကြား လုပ်ဆောင်နေတဲ့ တိုက်ရိုက်နဲ့ တစ်ဆင့်ခံ ဆွေးနွေးညှိနှိုင်းမှု ရလဒ်ဖြစ်ပါတယ်” ဟု Karoline Leavitt က ပြောကြားခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်နှင့် ဆောလျင်စွာ သဘောတူညီချက်ရရှိရန် Karoline Leavitt က တိုက်တွန်းခဲ့ပြီး ထရမ့်အနေဖြင့် ဧပြီ ၆ ရက်ကို အီရန်နှင့် အမေရိကန် သဘောတူညီချက်ရရှိရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ “အချိန်က ရက်အနည်းငယ်ပဲကျန်တော့တယ်၊ ကျွန်မတို့အတူ စောင့်ကြည့်လိုက်ကြပါစို့” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်သည် မတ် ၂၆ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အီရန်စွမ်းအင်အဆောက်အဦများအပေါ် “ဖျက်ဆီးမည့်” လှုပ်ရှားမှုကို ၁၀ ရက် ရွှေ့ဆိုင်းမည်ဖြစ်ကာ သတ်မှတ်ထားသည့်ကာလကို အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ဧပြီ ၆ ရက် ၂၀ နာရီအထိ သက်တမ်းတိုးလိုက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
—————–
(Chinese Version)
特朗普欲让阿拉伯国家为美国打伊朗埋单
新华社华盛顿3月30日电 美国白宫新闻秘书莱维特30日在记者会上说,美总统特朗普有意呼吁阿拉伯国家承担美对伊朗军事行动的费用,并称这是特朗普自己的一个想法。
被问及阿拉伯国家是否会协助支付战争费用时,莱维特表示,她认为特朗普“会非常有兴趣呼吁他们去落实这件事”,“据我所知,这是他确实有过的一个想法。而且我认为,你们随后会听到他就此发表更多言论”。
莱维特说,美国对伊朗的军事行动正“按计划进行”,美方仍维持军事行动将持续“4到6周”的说法。
莱维特称,目前伊朗已同意20艘油轮通过霍尔木兹海峡,“我们预计接下来几天将宣布再增加20艘油轮”,并称“这是美伊之间正在进行直接和间接谈判的结果”。
莱维特敦促伊朗尽快同美国达成协议,称特朗普已设定4月6日作为伊朗同美国达成协议的最后期限,“这一时间只剩几天了,让我们拭目以待”。
特朗普26日在社交媒体发文,宣布将对伊朗能源设施的“摧毁”行动推迟10天,期限延至美国东部时间4月6日20时。(完)
图说:3月30日,在美国首都华盛顿白宫,白宫新闻秘书莱维特出席记者会。新华社发(李源清摄)
