North America
အီရန်ရှိ ပစ်မှတ် ၂,၀၀၀ နီးပါးကို တိုက်ခိုက်ခဲ့ပြီး အီရန်စစ်သင်္ဘော ၁၇ စင်းကို ဖျက်ဆီးခဲ့ကြောင်း အမေရိကန် စစ်တပ် ဆို
ဝါရှင်တန်၊ မတ် ၄ ရက် (ဆင်ဟွာ)
အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုသည် ယခုအချိန်ထိ နာရီပေါင်း ၁၀၀ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ရာ အမေရိကန်စစ်တပ်က အီရန်ရှိ ပစ်မှတ် ၂,၀၀၀ နီးပါးကို တိုက်ခိုက်ခဲ့ပြီး အီရန်စစ်သင်္ဘော ၁၇ စင်းကို ဖျက်ဆီးခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တပ်မှူး Brad Cooper က မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ယခုအကြိမ် လှုပ်ရှားမှုတွင် အမေရိကန်မှ စစ်သည် ၅၀,၀၀၀ ကျော်၊ တိုက်လေယာဉ် အစင်း ၂၀၀၊ လေယာဉ်တင်သင်္ဘော ၂ စင်း ပါဝင်ပြီး ပိုမိုများပြားသော စစ်သည်အင်အား စုစည်းလျက်ရှိကြောင်း၊ လက်ရှိတွင် အမေရိကန်သည် ခဲယမ်းမီးကျောက် ၂,၀၀၀ ကျော်ကို ဖြန့်ကြက်ကာ ပစ်မှတ် ၂,၀၀၀ နီးပါးကို ပစ်ခတ်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ရေးကိရိယာနှင့် ဒရုန်း ရာနှင့်ချီကို ဖျက်ဆီးနိုင်ခဲ့ရာ အီရန်၏ လေကြောင်းကာကွယ်ရေးစွမ်းရည်များကို ပြင်းထန်စွာ အားနည်းစေခဲ့ကြောင်း၊ အမေရိကန်စစ်တပ်သည် အီရန်ရေတပ်၏ ရေငုပ်သင်္ဘော ၁ စင်း အပါအဝင် စစ်သင်္ဘော ၁၇ စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ပင်လယ်ကွေ့၊ ဟော်မုဇ်ရေလက်ကြား၊ အိုမန်ပင်လယ်ကွေ့တို့တွင် အီရန်သင်္ဘောများ သွားလာခြင်း မရှိတော့ကြောင်း Brad Cooper က ထိုနေ့ လူမှုမီဒီယာ၌ ဗီဒီယိုထုတ်ပြန်၍ ပြောကြားခဲ့သည်။
လက်တုံ့ပြန်သောအနေဖြင့် အီရန်သည် ပဲ့ထိန်းဒုံးကျည် အစင်း ၅၀၀ ကျော် ပစ်လွှတ်ခဲ့ပြီး ဒရုန်းအစင်းပေါင်း ၂,၀၀၀ ကျော်ကို ဖြန့်ကြက်ခဲ့ကြောင်း Brad Cooper က ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် အကြီးစား စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ အီရန်သည် အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသများရှိ အမေရိကန် စစ်အခြေစိုက်စခန်းများစသည်တို့အပေါ် လက်တုံ့ပြန် တိုက်ခိုက်မှုများ ချက်ချင်းပြုလုပ်ခဲ့သည်။ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုအတွင်း အမေရိကန် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း CENTCOM က မတ် ၂ ရက်တွင် လူမှုမီဒီယာ၌ သတင်းထုတ်ပြန်ခဲ့သည်။ အခြား အမေရိကန် F-15E တိုက်လေယာဉ် ၃ စင်းမှာ “မဟာမိတ်တပ်၏ မှားယွင်းပစ်ခတ်မှု” ကြောင့် ပြုတ်ကျပျက်စီးခဲ့ရကြောင်း သိရသည်။ (Xinhua)
……………………………………….
(Chinese Version)
美军称已打击伊朗近2000个目标并摧毁17艘军舰
新华社华盛顿3月3日电 美军中央司令部司令库珀3日说,美国和以色列对伊朗的军事行动迄今已进行近100个小时,美军打击了伊朗近2000个目标,摧毁了17艘伊朗军舰。
库珀当天在社交媒体发布视频讲话说,美国有超过5万名士兵、200架战斗机、两艘航空母舰参与此次行动,并正在调集更多兵力。目前,美军已投放2000多枚弹药打击了近2000个目标,摧毁数百个弹道导弹发射器和无人机,严重削弱了伊朗的防空能力。美军还摧毁伊朗海军17艘军舰,包括一艘潜艇。目前,海湾、霍尔木兹海峡和阿曼湾已没有伊朗船只航行。
库珀还说,作为报复,伊朗已发射500多枚弹道导弹,出动2000多架无人机。
美国和以色列2月28日对伊朗发动大规模军事行动,伊朗随即对以色列和中东地区的美军基地等发动报复性打击。美军中央司令部2日在社交媒体平台发布消息说,已有6名美国军人在对伊朗的军事行动中身亡。另有3架美军F-15E战斗机被“友军误击”坠毁。(完)
图说1:3月3日,伊朗首都德黑兰再次响起数次巨大的爆炸声,城市上空升起浓烟。新华社记者 沙达提 摄
