Africa & Middle East
အီရန်အနေဖြင့် အပစ်ရပ်ရေး မတောင်းဆိုသည့်အပြင် အမေရိကန်စစ်တပ်၏ မြေပြင်ကျူးကျော်မှုကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ဝါရှင်တန်၊ မတ် ၆ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် အပစ်ရပ်ရေး မတောင်းဆိုသည့်အပြင် အမေရိကန်စစ်တပ်၏ မြေပြင်ကျူးကျော်မှုကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီးဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသော်ငြားလည်း အီရန်အနေဖြင့် အပစ်ရပ်ရန် အသနားခံတောင်းဆိုခြင်းမရှိကြောင်း အာရက်ဂ်ချီက ယင်းနေ့တွင် တီဟီရန်မြို့၌ NBC သတင်းဌာန၏ ဗီဒီယိုဖြင့် မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။
အမေရိကန်သည် ယမန်နှစ်နှင့် ယခုနှစ် ဆွေးနွေးပွဲကျင်းပနေသည့်ကာလများတွင် အီရန်ကို တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် အီရန်အနေဖြင့် ထိုသို့ ဆွေးနွေးမှုတွင် ရိုးသားမှုမရှိ၊ စိတ်ရင်းကောင်းမွန်စွာဖြင့် ဆွေးနွေးမှုတွင် ပါဝင်ခြင်း မဟုတ်သူများနှင့် ထပ်မံထိတွေ့ဆက်ဆံရန် အကြောင်းမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်၏ မြေပြင်ထိုးစစ်ဆင်နိုင်ခြေနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် အာရက်ဂ်ချီက “ကျုပ်တို့က သူတို့ကို စောင့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့မှာ သူတို့နဲ့ အားပြိုင်ထိပ်တိုက်ရင်ဆိုင်ဖို့ ယုံကြည်ချက်ရှိတယ်။ အဲဒါက သူတို့အတွက် ကပ်ကြီးတစ်ခုဖြစ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်က အီရန်ခေါင်းဆောင်သစ် ရွေးချယ်တင်မြှောက်မှုတွင် “ကိုယ်တိုင်ပါဝင်သွားမည်” ဟူသော အဆိုနှင့်စပ်လျဉ်းသည့် သတင်းအပေါ် အာရက်ဂ်ချီက “ဒါက အီရန်ပြည်သူတွေရဲ့ ကိစ္စပါ၊ ဘယ်သူမှ ကြားဝင်စွက်ဖက်လို့ မရဘူး” ဟု အလေးထားပြောကြားခဲ့သည်။
အမေရိကန် Axios သတင်းဝက်ဘ်ဆိုဒ်၏ သတင်းများအရ ထရမ့်သည် ယင်းနေ့က ၎င်းသတင်းဝက်ဘ်ဆိုက်၏ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် အီရန် နောက်ခေါင်းဆောင်၏ ရာထူးတာဝန်ခန့်အပ်မှုတွင် ၎င်းအနေဖြင့် “မဖြစ်မနေပါဝင်မည်” ဖြစ်ပြီး “ခါမေနီမူဝါဒ ဆက်ခံမည့်” အီရန်ခေါင်းဆောင်သစ်တစ်ဦးကို လက်ခံရန် ငြင်းပယ်ကြောင်း၊ ယင်းမှာ အမေရိကန်ကို “၅ နှစ်အတွင်း” စစ်ပွဲသို့ ပြန်လည်ရောက်ရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
伊朗外长:伊朗未要求停火并已准备好应对美军地面入侵
新华社华盛顿3月5日电 伊朗外交部长阿拉格齐5日表示,伊朗并未要求停火,并已做好准备应对美军的地面入侵。
阿拉格齐当天在德黑兰接受美国全国广播公司视频采访时说,尽管美国和以色列在伊全国范围内发动空袭,但伊朗并未提出停火请求。他说,美国在去年和今年谈判期间都攻击了伊朗,所以伊朗没有理由再与“那些在谈判中缺乏诚意、并非以善意参与谈判的人”接触。
在谈及美军可能的地面进攻时,阿拉格齐说:“我们在等他们,因为我们有信心与他们对抗,那对他们来说将是一场大灾难。”
针对美国总统特朗普声称将“亲自参与”选定伊朗新领导人的报道,阿拉格齐强调,“这绝对是伊朗人民的事,没人能干涉”。
据美国阿克西奥斯新闻网站报道,特朗普当天接受该新闻网站电话采访时称,他“必须亲自参与”伊朗下一任领导人的任命,并表示拒绝接受一位“会延续哈梅内伊政策”的伊朗新领导人,称这将迫使美国“在5年内”重回战争。(完)
1. 这是3月4日在伊朗德黑兰革命广场附近拍摄的一处损毁的建筑。 新华社记者 沙达提 摄
