Africa & Middle East
လက်နက်အင်အား အလွဲသုံးခြင်းမှာ အဆိပ်အရက်ဖြင့် ရေငတ်ဖြေခြင်း ဖြစ်
ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် ပူးတွဲစစ်ရေးတိုက်ခိုက်မှုများ စတင်ခဲ့ခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန် ထိပ်တန်းခေါင်းဆောင် ခါမေနီ သေဆုံးခဲ့သည်။ ယင်းမှာ ယခုနှစ် ဇန်နဝါရီလတွင် ဗင်နီဇွဲလားကို လျှပ်တစ်ပြက်တိုက်ခိုက်ပြီး ဗင်နီဇွဲလားသမ္မတ မာဒူရိုအား အတင်းအဓမ္မ ခေါ်ဆောင်သွားပြီးနောက်ပိုင်း နှစ်လအတွင်းမှာပင် အမေရိကန်က အချုပ်အခြာအာဏာပိုင်နိုင်ငံ၏ ခေါင်းဆောင်အပေါ် အစွန်းရောက် စစ်ရေးလှုပ်ရှားမှု နောက်တစ်ကြိမ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လက်တင်အမေရိကမှသည် အရှေ့အလယ်ပိုင်းအထိလည်းကောင်း၊ အတင်းအဓမ္မ ထိန်းချုပ်ခြင်းမှသည် ဗြောင်ကျကျ သတ်ဖြတ်သည်အထိလည်းကောင်း နိုင်ငံတကာစည်းစနစ်၏နယ်နိမိတ်သည် အဆက်မပြတ် ထိုးဖောက်ခံနေရသလို လူသားမျိုးနွယ် ယဉ်ကျေးမှု၏ အောက်ထစ်စည်းမျဉ်းသည်လည်း ပြောင်ပြောင်တင်းတင်း နင်းချေခံနေရရာ ၎င်း၏ ဖျက်ဆီးမှုကို နိုင်ငံတကာအသိုက်အဝန်းက အထူးသတိထားသင့်ပေသည်။
အချုပ်အခြာအာဏာပိုင် နိုင်ငံ့ခေါင်းဆောင်ကို စစ်ရေးတိုက်ခိုက်မှုပစ်မှတ်ထားခြင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသော အခြေခံမူကို ချိုးဖောက်ခြင်းသည် စစ်ပွဲအလွန် ဆယ်စုနှစ်ချီကာလအတွင်း ကြိုးပမ်းတည်ဆောက်လာသည့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းစနစ်အပေါ် ရုန့်ရင်းကြမ်းတမ်းစွာ နင်းချေဖျက်ဆီးခြင်း ဖြစ်သည်။ ယင်းမှာ သာမန်အနက်အဓိပ္ပာယ်ဖြစ်သော ပထဝီနိုင်ငံရေး အားပြိုင်မှု မဟုတ်တော့ဘဲ နိုင်ငံတကာ တရားဥပဒေ၏ နောက်ဆုံးစည်းမျဉ်း၏ ဆက်လက်တည်ရှိမှုနှင့်စပ်လျဉ်းသည့် အခြေခံပြဿနာ ဖြစ်သည်။
ဤသို့ အစွန်းရောက်သည့်လုပ်ဆောင်မှုက အလွန်အမင်း အန္တရာယ်များလှသည်။ စစ်ရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရှောင်ကွင်း၍ အခြားနိုင်ငံ၏ ခေါင်းဆောင်ကို တစ်ဖက်သတ် “တရားစီရင်ခြင်း” သို့မဟုတ် “သတ်ဖြတ်ခြင်း” ဟူသော နိုင်ငံတကာဥပဒေ အနီရောင်စည်းမျဉ်းကို စိန်ခေါ်သည့် ယုတ္တိမျိုးကို အသံတိတ်ခွင့်ပြုလိုက်မည်ဆိုလျှင် ၎င်းနှင့် အကျိုးစီးပွားအရ သဘောထားကွဲလွဲမှုရှိသည့် နိုင်ငံအားလုံးသည် အလားတူ လုံခြုံရေးခြိမ်းခြောက်မှုကို ရင်ဆိုင်ရနိုင်ခြေရှိပြီး နိုင်ငံတကာဆက်ဆံရေးသည် “လက်နက်အင်အား ဦးစားပေး” သည့် တောရိုင်းသဘာဝစည်းမျဉ်း၏ အစားထိုးမှုကို ခံရမည် ဖြစ်သည်။ လက်နက်အင်အားသည် ကွဲလွဲမှုများကို ရင်ဆိုင်ကိုင်တွယ်ရာ၌ ဦးစားပေးရွေးချယ်မှု ဖြစ်လာပါက သံတမန်ရေးစေ့စပ်ဆွေးနွေးမှုနှင့် ဘက်ပေါင်းစုံ ညှိနှိုင်းဆွေးနွေးမှု၏ အလားအလာမှာလည်း မုချမသွေ ဆိုးရွာစွာ ဖိနှိပ်ခံရမည်ဖြစ်ပြီး နိုင်ငံတကာ အငြင်းပွားမှုနှင့် ငြိမ်းချမ်းစွာ ဖြေရှင်းမှုယန္တရားသည်လည်း ဆိုးဆိုးရွားရွား လျော့နည်းသွားမည် ဖြစ်သည်။
လက်နက်အင်အား အလွဲသုံးခြင်းသည် အဆိပ်အရက်ဖြင့် ရေငတ်ဖြေသည့်ပမာ ဖြစ်ရာ ရှုပ်ထွေးသည့် နိုင်ငံတကာ ကွဲလွဲမှုများကို ဖြေရှင်းနိုင်မည် မဟုတ်သည့်အပြင် ကြိုတင်ခန့်မှန်းရ ခဲယဉ်းသည့် စနစ်အသွင်ကပ်ဘေးကို ဖြစ်ပွားစေနိုင်သည်။ အစိုးရအဖွဲ့ပြောင်းလဲရန် အတင်းအဓမ္မ လုပ်ဆောင်ခြင်းက နောက်ဆုံးတွင် အာဃာတ အမုန်းတရား၏ ချောက်နက်သို့သာ ဆောင်ကြဉ်းပေးမည်ဖြစ်သည်။ သမိုင်းသင်ခန်းစာများက အလှမ်းမဝေးလှပေ။ တစ်ချိန်တစ်ခါက အီရတ်၊ လစ်ဗျား တို့တွင် ကျန်ရစ်ခဲ့သည့် ပျက်စီးယိုယွင်းမှုများနှင့် အတောမသတ်နိုင်သည့် သွေးသံသရဲရဲ ပြည်တွင်းပဋိပက္ခများကဲ့သို့ပင် ယနေ့ အီရန်တွင် ကျရောက်သည့် စစ်မက်မီးလျှံကလည်း အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးကို ပို၍ ပြင်းထန်သည့် လှုပ်ခတ်မှုနှင့် ခွာပြဲမှုဆီသို့သာ တွန်းပို့မည် ဖြစ်သည်။ လက်ရှိတွင် ပင်လယ်ကွေ့ဒေသသည် အသစ်တစ်ကြိမ် အခြေအနေတင်းမာမှု အရှိန်မြင့်တက်လာခြင်း၊ အန္တရာယ် ပြင်ပယိုလျှံခြင်းနှင့် ရင်ဆိုင်နေရပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ထောက်ပံ့ရေးနှင့် ဒေသတွင်းလုံခြုံရေး အခင်းအကျင်းသည် ရိုက်ခတ်ခံရနိုင်ခြေရှိသည်။
ကမ္ဘာသည် ကြီးနိုင်ငယ်ညှဉ်းဖြစ်သည့် “မှောင်မိုက်သော တောရိုင်းနိယာမ” ဆီသို့ လုံးဝ ပြန်လည်နောက်ဆုတ်၍ မရပေ။ ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်အခြေခံမူများကို ကာကွယ်ခြင်းသည် နိုင်ငံအားလုံး၏ ဘုံအကျိုးစီးပွားနှင့် သက်ဆိုင်ပေသည်။ တစ်ဖက်သတ် လက်နက်အင်အားဖြင့် လှုပ်ရှားမှုများသည် အောက်ထစ်စည်းမျဉ်းကို အဆက်မပြတ် ထိုးဖောက်လာသည့် အနေအထားကို ရင်ဆိုင်ရာတွင် နိုင်ငံတကာအသိုက်အဝန်းက တိကျရှင်းလင်းသော အသံကို ဖော်ထုတ်ရန်၊ ဘက်အသီးသီးအနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ အခြေအနေ တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြင့်တက်လာမှုကို ကာကွယ်ရန်၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ပဋိက္ခနှင့် ကွဲလွဲမှုများကို ဖြေရှင်းရန်၊ အရှေ့အလယ်ပိုင်းဒေသ ဆောလျင်စွာ ပြန်လည်တည်ငြိမ်အေးချမ်းရေး တွန်းအားပေးရန် တိုက်တွန်းသင့်သည်။ ယင်းမှာ မျက်မှောက်အကျပ်အတည်းကို တုံ့ပြန်ခြင်း ဖြစ်သလို ရေရှည်ငြိမ်းချမ်းရေးအား ဖော်ဆောင်ရန် ကြိုးပမ်းခြင်းလည်း ဖြစ်ပေသည်။ (Xinhua)


———————
(Chinese Version)
新华时评丨滥用武力犹如饮鸩止渴
新华社北京3月5日电 题:滥用武力犹如饮鸩止渴 新华社记者
美国和以色列对伊朗发动联合军事打击,致伊最高领袖哈梅内伊在空袭中遇害。这是继今年1月突袭委内瑞拉、强行带走委总统马杜罗后,美国在不到两个月内,再次对主权国家领导人采取极端军事行动。从拉美到中东,从强行控制到公然击杀,国际秩序的边界被不断突破,人类文明的底线被公然践踏,其破坏性值得国际社会高度警惕。
将主权国家领导人作为军事打击目标,违反《联合国宪章》所确立的基本原则,是对战后数十年努力构建起来的国际规则体系的粗暴践踏。这已不是一般意义上的地缘政治博弈,而是涉及国际法底线存续的基本问题。
这一极端做法非常危险。一个军事强国绕开联合国安理会,单方面对他国领导人进行“审判”或“击杀”,这种挑衅国际法红线的逻辑一旦被默许,与其存在利益分歧的国家都可能面临类似的安全威胁,国际关系将被“武力至上”的丛林法则所取代。当武力成为应对分歧的优先选项,外交谈判和多边协商的空间必然受到严重挤压,国际争端的和平解决机制将被严重削弱。
滥用武力犹如饮鸩止渴,不仅无法解决复杂的国际分歧,反而可能引发难以预料的系统性灾难。强推政权更迭最终带来的往往是仇恨的深渊。历史殷鉴不远,正如当年在伊拉克、利比亚留下的满目疮痍与无休止的血腥内乱,今日降临在伊朗的炮火,只会将整个中东地区推向更加剧烈的动荡与撕裂。当前,海湾地区面临新一轮紧张局势升级和外溢风险,全球能源供应和地区安全格局都可能受到冲击。
世界绝不能退回到弱肉强食的“黑暗丛林”,维护以联合国为核心的国际体系和《联合国宪章》宗旨原则,关乎所有国家的共同利益。面对单边武力行动不断突破底线的趋势,国际社会应发出明确清晰声音,呼吁各方立即停止军事行动,防止局势轮番升级,通过对话谈判解决矛盾分歧,推动中东地区早日恢复和平稳定。这既是对当下危机的回应,也是对持久和平的追求。(完)
1. 3月2日,人们在美国纽约参加集会,抗议美国对伊朗发动军事打击。新华社发(章正浩摄)
