North America
အမေရိကန်-အစ္စရေး-အီရန် စစ်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နိုင်ငံတကာရေနံဈေးနှုန်း ခြောက်နှစ်နီးပါးကာလအတွင်း တစ်ရက်တာ အမြင့်ဆုံး မြင့်တက်မှုအဖြစ် စံချိန်တင်
နယူးယောက် (အမေရိကန်)၊ မတ် ၆ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် ရေနံစိမ်းဈေးကွက် ထောက်ပံ့မှုများကို အနှောင့်အယှက်ရှိခြင်းတို့အပေါ် ဈေးကွက်၏ စိုးရိမ်ပူပန်မှုများကြောင့် NYMEX ရေနံစိမ်းအနာဂတ်ဈေးနှုန်းများသည် မတ်လ ၅ ရက်တွင် သိသိသာသာ မြင့်တက်ခဲ့ပြီး ၆ နှစ်နီးပါးကာလအတွင်း တစ်ရက်တာ အမြင့်ဆုံး မြင့်တက်မှုအဖြစ် စံချိန်တင်ခဲ့သည်။
ထိုနေ့ ဈေးကွက်ပိတ်ချိန်အထိ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလ ပို့ဆောင်မည့် အပေါ့စားရေနံစိမ်း (WTI) အနာဂတ်ဈေးနှုန်းမှာ ၆.၃၅ ဒေါ်လာ မြင့်တက်ခဲ့ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၈၁.၀၁ သို့ ရောက်ရှိခဲ့ရာ ၈.၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းသည် ၂၀၂၀ ပြည့်နှစ် မေလဆန်းပိုင်းမှစ၍ တစ်ရက်တာ အမြင့်ဆုံး မြင့်တက်မှုလည်းဖြစ်သည်။ London ICE Futures Exchange ၏ မေလအတွက် ပို့ဆောင်မည့် ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄.၀၁ မြင့်တက်ကာ တစ်စည်လျှင် ကန်ဒေါ်လာ ၈၅.၄၁ ရှိရာ ၄.၉၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ (Xinhua)



……………………..
(Chinese Version)
美以伊战事持续 国际油价创近6年最大单日涨幅
新华社照片,纽约(美国),2026年3月6日
由于市场担忧中东地区冲突持续及原油市场供应受阻,纽约原油期货价格5日大幅上涨,创下近6年来最大单日涨幅。截至当天收盘,纽约商品交易所4月交货的轻质原油期货价格上涨6.35美元,收于每桶81.01美元,涨幅为8.51%,为2020年5月初以来最大单日涨幅;5月交货的伦敦布伦特原油期货价格上涨4.01美元,收于每桶85.41美元,涨幅为4.93%。
图说:这是3月5日在美国纽约一座加油站拍摄的油价显示屏。 新华社记者 张凤国 摄
