Africa & Middle East
အမေရိကန် စစ်တပ်၏ အလျင်အမြန် အောင်ပွဲခံမည့် Plan A ရှုံးနိမ့်သွားပြီဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ထရမ့်အား ပြောကြား
တီဟီရန်၊ မတ် ၆ ရက် (ဆင်ဟွာ)
အမေရိကန် စစ်တပ်၏ အလျင်အမြန် အောင်ပွဲခံမည့် Plan A ရှုံးနိမ့်သွားပြီ ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက အမေရိကန် သမ္မတ ထရမ့်အား မတ် ၅ ရက်တွင် ပြောကြားလိုက်သည်။
“သမ္မတကြီး၊ အလျင်အမြန် အောင်ပွဲခံမည့် Plan A ရှုံးနိမ့်သွားပါပြီ၊ ခင်ဗျားရဲ့ Plan B က ပိုပြီးတောင် ကျရှုံးပါလိမ့်မယ်” ဟု အာရက်ဂ်ချီက ယင်းနေ့တွင် လူမှုကွန်ရက်မီဒီယာ၌ ရေးသားခဲ့သည်။
ထိုမတိုင်မီ အီရန်-အမေရိကန် ဆွေးနွေးမှုမှ ရရှိခဲ့သော ကြီးမားသည့် တိုးတက်မှုကို အမေရိကန်က ဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာ သဘောတူညီချက်ရရှိမည့်အခွင့်အရေး ပျက်သုဉ်းသွားပြီဖြစ်ကြောင်းလည်း အာရက်ဂ်ချီက ပြောကြားခဲ့သည်။
ထို့နောက် မကြာမီတွင်ပင် အာရက်ဂ်ချီက ပို့စ်တစ်ခု ထပ်တင်ခဲ့ရာ အီရန်နှင့် ယခုအမေရိကန်အစိုးသည် နှစ်ကြိမ်ဆွေးနွေးခဲ့ကြောင်း၊ နှစ်ကြိမ်စလုံး ဆွေးနွေးဆဲကာလတွင်ပင် တိုက်ခိုက်ခံခဲ့ရကြောင်း၊ သွေးထွက်သံယိုဖြစ်ရပ်များ၏ အလုံးစုံတာဝန်သည် အမေရိကန်တွင်ပင် ရှိကြောင်း၊ အီရန်အနေဖြင့် ယခုအကြိမ်စစ်ပွဲအတွက် ရေရှည်ပြင်ဆင်ထားပြီးရာ “စစ်ပွဲစတင်လုပ်ဆောင်သည့် မည်သူ့ကိုမဆို နွံနစ်စေမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ မြို့တော် တီဟီရန် မြို့လယ်ရှိ တော်လှန်ရေးရင်ပြင်တွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေး စစ်ရေးလှုပ်ရှားမှုအား လူထုစုဝေးပြီး ပြစ်တင်ရှုတ်ချနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
伊朗外长喊话特朗普:美军“速战速决A计划已失败”
新华社德黑兰3月5日电 伊朗外交部长阿拉格齐5日喊话美国总统特朗普,表示美军“速战速决A计划已失败”。
阿拉格齐当天在社交媒体上写道:“总统先生,速战速决A计划已经失败了,你的B计划会更加失败。”
阿拉格齐还说,此前,伊美谈判取得的重大进展已被美国抹杀,达成协议的机会已破灭。
阿拉格齐稍后又发帖说,伊朗与本届美国政府两次谈判,两次都在谈判期间遭到攻击,流血事件的全部责任在美方。伊朗已为这场战争做了长期准备,要让“任何挑起战争的人陷入泥潭”。
1. 2月28日晚,以色列特拉维夫市区传出巨大爆炸声,有建筑物冒出火光。新华社记者 陈君清 摄
2. 3月4日,在伊朗首都德黑兰市中心革命广场,民众集会谴责美国和以色列对伊朗的军事行动。 新华社记者 沙达提 摄
