Connect with us

Africa & Middle East

ဟော်မုဇ်ရေလက်ကြား ပိတ်ထားခြင်း မရှိဟု အီရန် ထပ်မံငြင်းဆို

အီရန်နိုင်ငံ မြို့တော် တီဟီရန်၏ မြို့ပြမြင်ကွင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၇ ရက် (ဆင်ဟွာ)

လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားအား ပိတ်ထားသည့်အစီအစဉ် မရှိကြောင်းနှင့် အဆိုပါရေလက်ကြားကို အီရန်က အလုံးစုံ ပိတ်ဆို့ထားလိုက်ပြီးဖြစ်သည်ဟူသော ပြောဆိုချက်ကို ငြင်းဆိုကြောင်း အီရန်က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။

မီဒီယာအချို့ပြောနေသည့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီဆိုသည့် ပြောဆိုချက်မှာ မမှန်ကန်ကြောင်း အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ အဆင့်မြင့်စစ်တပ်အရာရှိတစ်ဦးက နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ပြောကြားခဲ့သည်ဟု အီရန် အစိုးရတစ်စိတ်တစ်ပိုင်းပိုင်မီဒီယာဖြစ်သည့် Tasnim သတင်းဌာန၏ မတ် ၆ ရက် သတင်းများအရ သိရသည်။

“ရေလက်ကြားပိတ်ဆို့တယ်ဆိုတဲ့ လူတချို့ရဲ့ ပြစ်တင်စွပ်စွဲမှုကို ကျုပ်တို့ခံနေရတယ်။ ဒါပေမဲ့ တကယ်တော့ အီရန်က ဒီရေလက်ကြားကို မပိတ်ထားပါဘူး” ဟု ထိုအဆင့်မြင့်စစ်တပ်အရာရှိက ဆိုသည်။
အီရန်အနေဖြင့် သက်ဆိုင်ရာရေကြောင်းသယ်ယူပို့ဆောင်သွားလာမှုများကို နိုင်ငံတကာ ရေကြောင်းသွားလာမှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ စီမံသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဟော်မုဇ်ရေလက်ကြားက ဖွင့်လှစ်ထားဆဲဖြစ်တယ်၊ ဒါပေမဲ့ အမေရိကန် သို့မဟုတ် အစ္စရေးနဲ့ သက်ဆိုင်တဲ့ သင်္ဘောရေယာဉ်တွေအားလုံးကတော့ ပစ်မှတ်ဖြစ်လာလိမ့်မယ်” ဟု အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနက အီရန်စစ်တပ်သတင်းကို ကိုးကား၍ မတ် ၆ ရက်တွင် ဖော်ပြခဲ့သည်။

ထိုနေ့တွင်ပင် အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Saeed Khatibzadeh က အီရန်အနေဖြင့် လက်ရှိတွင် ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခြင်းမရှိသလို ယင်းအစီအမံကို ချက်ချင်းလုပ်ဆောင်ရန် အစီအစဉ်လည်း မရှိသေးကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသော နိုင်ငံတကာအစည်းအဝေး တက်ရောက်စဉ် ပြောကြားခဲ့သည်။
“အကယ်၍ ရေလက်ကြားပိတ်ဆို့ဖို့ အီရန် ဆုံးဖြတ်လိုက်ပြီဆိုရင် တရားဝင်ကြေညာသွားမှာပါ” ဟု ၎င်းက ဆိုသည်။

ဟော်မုဇ်ရေလက်ကြားကို အီရန် ပိတ်ဆို့ထားခြင်း မရှိကြောင်း အီရန် မီဒီယာအများအပြားက အီရန် စစ်တပ်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ မတ် ၅ ရက်တွင် ဖော်ပြခဲ့သည်။
အီရန်အနေဖြင့် နိုင်ငံတကာသဘောတူညီချက်များအရ ဖြတ်သန်းသွားသော ရေယာဉ်သင်္ဘောများကို ဆက်ဆံလျက်ရှိကြောင်း၊ ကုန်စည်သင်္ဘောအဖြစ် ဟန်ဆောင်ထားသည့် စစ်ရေယာဉ်သင်္ဘောများကိုသာ ပစ်မှတ်ထား၍ ကြားဖြတ်ဟန့်တားခြင်း ဖြစ်ကြောင်း အဆိုပါ အီရန်စစ်တပ်အရာရှိက ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် အီရန် အစ္စလာမ်မစ်တော်လှန်ရေးတပ်က စစ်ပွဲကာလအတွင်း အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြား၏ ဖြတ်သန်းသွားလာမှုနှင့် ရေကြောင်းသွားလာမှုကို ထိန်းချုပ်ပိုင်ခွင့်ရှိကြောင်း၊ အမေရိကန်၊ အစ္စရေးနှင့် ဥရောပနိုင်ငံများ၏ ရေယာဉ်သင်္ဘောများ ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
伊朗再度否认关闭霍尔木兹海峡
新华社德黑兰3月6日电 伊朗6日表示,目前没有关闭霍尔木兹海峡的计划,并否认有关伊朗已经全面封锁该海峡的说法。
据伊朗半官方媒体塔斯尼姆通讯社6日报道,伊朗伊斯兰革命卫队一名高级军官在国家电视台表示,一些媒体称伊朗已经关闭霍尔木兹海峡的说法并不准确。“我们被一些人指责关闭海峡,但事实上伊朗并没有关闭这条海峡。”这名高级军官表示,伊朗将按照国际航行规则处理相关海域航运问题。
伊朗国家电视台6日还援引伊朗军方消息报道说,“霍尔木兹海峡仍然开放,但任何属于美国或以色列的船只都将成为目标”。
同一天,伊朗外交部副部长赛义德·哈提卜扎德在印度新德里出席国际会议时表示,伊朗目前并未关闭霍尔木兹海峡,也没有立即采取这一措施的打算。他说:“如果伊朗决定关闭海峡,将会正式宣布。”
伊朗多家媒体5日援引一名伊朗军官的话报道说,伊朗并未关闭霍尔木兹海峡。这名伊朗军官说,伊朗按照国际协议对待过境船舶,“只针对伪装成商船的军舰进行拦截”。伊朗伊斯兰革命卫队同一天表示,在战争时期,伊朗有权控制霍尔木兹海峡的通行和航行,美国、以色列和欧洲国家船只被禁止通行。(完)
1. 这是2月1日拍摄的伊朗首都德黑兰市区画面。新华社记者 沙达提 摄