International Organizations
အရှေ့အလယ်ပိုင်း အခြေအနေ အထိန်းအကွပ်မဲ့ ဖြစ်သွားနိုင်သည်ဟု ဂူတာရက်စ် သတိပေး
ကုလသမဂ္ဂ၊ မတ် ၇ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်း အခြေအနေမှာ အထိန်းအကွပ်မဲ့ ဖြစ်သွားနိုင်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ် ၆ ရက်တွင် သတိပေး ပြောကြားခဲ့သည်။
သက်ဆိုင်သူများအနေဖြင့် “တိုက်ခိုက်မှုများ ရပ်တန့်ပြီး အလေးအနက်ရှိသည့် သံတမန်ရေး စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန်” ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနေ့တွင် အရှေ့အလယ်ပိုင်းအခြေအနေနှင့်စပ်လျဉ်း၍ ဂူတာရက်စ်က ကြေညာချက် ထုတ်ပြန်ခဲ့ရာ အရှေ့အလယ်ပိုင်းနှင့် အခြားဒေသများ၌ တရားမဝင် တိုက်ခိုက်မှုများသည် ဒေသတစ်ခုလုံးရှိ အရပ်သားပြည်သူများအပေါ် ကြီးမားလှသော နာကျင်မှုနှင့် ထိခိုက်မှု ဖြစ်စေကြောင်း၊ ထို့အပြင် ကမ္ဘာ့စီးပွားရေးကို ပြင်းထန်သည့် ခြိမ်းခြောက်မှုဖြစ်စေရာ အထူးသဖြင့် ထိလွယ်ရှလွယ်အဖြစ်ဆုံးအုပ်စုအပေါ် ခြိမ်းခြောက်မှု ဖြစ်စေကြောင်း ပြောကြားခဲ့သည်။
“ယခုက တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး အလေးအနက်ရှိတဲ့ သံတမန်ရေးစေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ အချိန်တန်ပါပြီ” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
古特雷斯警告中东局势“可能失控”
新华社联合国3月6日电 联合国秘书长古特雷斯6日警告说,中东地区局势“可能失控”。他呼吁相关方“停止战斗,进行严肃的外交谈判”。
古特雷斯当天就中东局势发表声明说,中东及其他地区的所有非法袭击给整个地区的平民造成了巨大的痛苦和伤害,并对全球经济构成严重威胁,尤其是对最弱势群体构成威胁。
古特雷斯表示,“现在是时候停止战斗,进行严肃的外交谈判了”。(完)
1. 2月28日,在位于纽约的联合国总部,联合国秘书长古特雷斯(前排中)在安理会就中东地区冲突升级举行的紧急会议上发言。新华社记者 谢锷 摄
