Connect with us

International Organizations

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခက “ကွင်းဆက်တုံ့ပြန်မှု” သုံးခု ဖြစ်ပွားနိုင်ဟု ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခအရှိန်မြင့်တက်မှုနှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၇ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများသည် အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိရာ ယင်းဒေသ လက်ရှိ စစ်ရေးပဋိပက္ခက “ကွင်းဆက်တုံ့ပြန်မှု” သုံးခု ဖြစ်ပွားနိုင်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Fletcher က မတ် ၆ ရက်တွင် သတိပေး ပြောကြားလိုက်သည်။

ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ Fletcher က အရှေ့အလယ်ပိုင်းဒေသသည် အလွန်အမင်း ဆိုးရွားလှသည့် လူသားချင်းစာနာမှုအကျပ်အတည်းများကို ရင်ဆိုင်ရလျက်ရှိကြောင်း၊ ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ ပဋိပက္ခစတင်သူအတွက်ဆိုလျှင် “အထိန်းအကွပ်မဲ့သွားပြီ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစီရင်ခံစာအရ ယင်းဒေသတွင် အိုးမဲ့အိမ်မဲ့ဖြစ်ပွားသူ သိန်းနှင့်ချီ ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ အစီရင်ခံစာတွင်လည်း အခြေအနေ အရှိန်မြင့်တက်လာသည့် အချိန်မှစ၍ သေဆုံးသူ ကလေးငယ် ၁၉၀ ကျော်ရှိပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။
အီရန်၏ အစီရင်ခံချက်အရ စစ်ပွဲကြောင့် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးပြီး ဖြစ်သလို အရပ်ဘက်အဆောက်အဦ ၁၀၀ ကျော် ဖျက်ဆီးခံရကြောင်း၊ ထို့အပြင် လက်ဘနွန်တွင်လည်း သေဆုံးသူ ၁၀၀ ကျော်၊ ဒဏ်ရာရသူ ရာနှင့်ချီ ဒဏ်ရာရှိခဲ့သလို လူပေါင်း ၁ သိန်းခန့်မှာ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေရကြောင်း သိရသည်။

ဤအကျပ်အတည်းသည် အနီးတစ်ဝိုက်နိုင်ငံများအပေါ် သက်ရောက်မှုရှိသည့်အပြင် ကွင်းဆက်တုံ့ပြန်မှု သုံးခု ဖြစ်နိုင်ကြောင်း Fletcher က ပြောကြားခဲ့သည်။
၎င်းတို့မှာ ပထမအနေဖြင့် စစ်ပွဲသည် နိုင်ငံနယ်နိမိတ်အတွင်းတွင် အကန့်အသတ်ရှိနေမည်မဟုတ်ဘဲ ဈေးကွက်၊ ထောက်ပံ့ရေးကွင်းဆက်နှင့် စားသောက်ကုန်ဈေးနှုန်းများကို ဖျက်ဆီးနိုင်ကြောင်း၊ ဒုတိယအနေဖြင့် ကွန်ဂို (DRC)၊ ဆူဒန်၊ တောင်ဆူဒန်၊ ယူကရိန်း စသည့် နိုင်ငံများတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများက အဆုံးမသတ်သေးသော်လည်း ထိုပဋိပက္ခများက ပို၍ အာရုံစိုက်ခံရမှု ရှိတော့မည် မဟုတ်ကြောင်း၊ တတိယအနေဖြင့် ပဋိပက္ခပျံ့နှံ့ဖြစ်ပွားလာခြင်းနှင့်အတူ နိုင်ငံတကာ စနစ်က ပြိုကွဲလာမည် ဖြစ်ပြီး နိုင်ငံတကာ ဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှု အခြေခံမူဝါဒများက ထပ်မံဖျက်ဆီးခံရမည်ဖြစ်ကြောင်း Fletcher က ဆိုသည်။

ဘက်ပေါင်းစုံအနေဖြင့် အခြေအနေများ ဖြေလျှော့ရန်၊ ရန်လိုသည့်လှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန်နှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုကို ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ထို့အပြင် အထောက်အပံ့ပစ္စည်းများ ကြိုတင် ဖြန့်ကြက်ခြင်း၊ အစားထိုးနိုင်သည့် ထောက်ပံ့ရေးလမ်းကြောင်းများကို ရှာဖွေခြင်းနှင့် အလျင်အမြန် ငွေကြေးထောက်ပံ့မှုဆိုင်ရာနည်းလမ်းများကို ပြင်ဆင်ခြင်း အပါအဝင် ယခုအကြိမ်အကျပ်အတည်းကို ရင်ဆိုင်ကိုင်တွယ်ရန် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဌာနအဖွဲ့အစည်းများက ဘက်စုံ စည်းရုံးစုစည်းဆောင်ရွက်နေပြီဖြစ်ကြောင်း Fletcher က ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဌာနအဖွဲ့အစည်းများက ဒေသတစ်ခုလုံးရှိ အဖွဲ့များနှင့် အနီးကပ် ဆက်သွယ်မှုထားရှိကြောင်း၊ ၎င်းအနေဖြင့် ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့်ဆက်သွယ်ပြီး ကုလသမဂ္ဂအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်သည့် အရပ်သားများထံသို့ အကူအညီများ အချိန်မရွေးပံ့ပိုးပေးရန် ပြင်ဆင်ထားသည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
联合国副秘书长:中东军事冲突可能引发三个“连锁反应”
新华社联合国3月6日电(记者潘云召)联合国分管人道主义事务的副秘书长兼紧急救援协调员弗莱彻6日警告说,中东地区人道主义危机正在迅速升级,该地区当前的军事冲突可能引发三个“连锁反应”。
弗莱彻在当天的新闻发布会上表示,中东地区正面临极其严重的人道主义危机,其后果对挑起冲突的人来说“已经失控”。他表示,据联合国难民署报告,该地区已有数十万人流离失所。联合国儿童基金会报告说,自局势升级以来,已有超过190名儿童丧生。据伊朗报告,战争已造成超过1000人死亡,超过100处民用设施遭到破坏。此外,黎巴嫩已有超过100人丧生,数百人受伤,约10万人在数百个避难所寻求庇护。
弗莱彻表示,除对周边国家的影响外,这场危机可能产生三个连锁反应。首先,战争不会局限于国界之内,它会破坏市场、供应链和食品价格。其次,发生在刚果(金)、苏丹、南苏丹、乌克兰等地的冲突并未结束,但这些冲突将更加不受关注。第三,随着冲突蔓延,国际体系进一步分裂。国际法和人道主义原则再次遭到破坏。他呼吁各方缓和局势,立即停止敌对行动,并根据《联合国宪章》开展真正的对话和谈判。
弗莱彻还说,联合国人道机构已经全面动员以应对此次危机,包括提前部署物资、寻找替代供应路线,以及准备快速融资方案等。联合国人道机构与整个地区的团队保持密切联系。他已与伊朗常驻联合国代表通话,重申联合国随时准备向需要人道主义援助的平民提供帮助。(完)
1. 2月28日,在位于纽约的联合国总部,安理会就中东地区冲突升级举行紧急会议。新华社记者 谢锷 摄
新华社联合国3月6日电(记者潘云召)联合国分管人道主义事务的副秘书长兼紧急救援协调员弗莱彻6日警告说,中东地区人道主义危机正在迅速升级,该地区当前的军事冲突可能引发三个“连锁反应”。
弗莱彻在当天的新闻发布会上表示,中东地区正面临极其严重的人道主义危机,其后果对挑起冲突的人来说“已经失控”。他表示,据联合国难民署报告,该地区已有数十万人流离失所。联合国儿童基金会报告说,自局势升级以来,已有超过190名儿童丧生。据伊朗报告,战争已造成超过1000人死亡,超过100处民用设施遭到破坏。此外,黎巴嫩已有超过100人丧生,数百人受伤,约10万人在数百个避难所寻求庇护。
弗莱彻表示,除对周边国家的影响外,这场危机可能产生三个连锁反应。首先,战争不会局限于国界之内,它会破坏市场、供应链和食品价格。其次,发生在刚果(金)、苏丹、南苏丹、乌克兰等地的冲突并未结束,但这些冲突将更加不受关注。第三,随着冲突蔓延,国际体系进一步分裂。国际法和人道主义原则再次遭到破坏。他呼吁各方缓和局势,立即停止敌对行动,并根据《联合国宪章》开展真正的对话和谈判。
弗莱彻还说,联合国人道机构已经全面动员以应对此次危机,包括提前部署物资、寻找替代供应路线,以及准备快速融资方案等。联合国人道机构与整个地区的团队保持密切联系。他已与伊朗常驻联合国代表通话,重申联合国随时准备向需要人道主义援助的平民提供帮助。(完)
2. 2月28日,在位于纽约的联合国总部,安理会就中东地区冲突升级举行紧急会议。新华社记者 谢锷 摄