Connect with us

International Organizations

အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများကို အမေရိကန်နှင့် အစ္စရေး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းက စစ်ရာဇဝတ်မှုမြောက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်ကိုယ်စားလှယ် ဆို

အီရန်နိုင်ငံ တီဟီရန်မြို့ တော်ရှိ လှန်ရေးရင်ပြင်အနီးတွင် ပျက်စီးသွားသော အဆောက်အအုံတစ်နေရာကို ၂၀၂၆ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၇ ရက် (ဆင်ဟွာ)
အမေရိကန်-အစ္စရေး နှစ်နိုင်ငံတို့သည် အီရန်နိုင်ငံအတွင်းရှိ အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပြီး လူဦးရေထူထပ်သော လူနေရပ်ကွက်များနှင့် အရေးကြီးသော အရပ်ဘက်အခြေခံအဆောက်အအုံများသည် တိုက်ခိုက်ရေးပစ်မှတ်များ ဖြစ်လာကြောင်း ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းကိုယ်စားလှယ် Amir Saeid Iravani က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
“ဒီလုပ်ရပ်တွေက သိသာထင်ရှားတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယနေ့အချိန်အထိ အီရန်ရှိ စာသင်ကျောင်းပေါင်း ၂၀ ကျော်၊ ဆေးကုသရေးဌာနအဖွဲ့အစည်း ၁၃ ခုကို တိုက်ခိုက်ခဲ့ကြောင်း၊ မြို့တော် တီဟီရန်နှင့် အခြားသော မြို့များရှိ အားကစားနှင့် ဖျော်ဖြေရေး အဆောက်အအုံအချို့လည်း တိုက်ခိုက်ခံခဲ့ရသောကြောင့် အမျိုးသမီး အားကစားမယ် ၁၈ ဦး သေဆုံးခဲ့ရပြီး လူ ၁၀၀ နီးပါးဒဏ်ရာရခဲ့ကြောင်း Iravani က မီဒီယာများထံ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အီရန်တွင် အရပ်သား အနည်းဆုံး ၁,၃၃၂ ဦး သေဆုံးခဲ့ရာ ယင်းအနက် ကလေးငယ်ဦးရေ ၁၈၀ ကျော်ပါဝင်ပြီး အခြားလူထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။
အီရန်အနေဖြင့် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ၏ အပိုဒ် ၅၁ က ပေးအပ်သော မိမိကိုယ်ကိုယ်ခုခံကာကွယ်ခွင့်ကို “ကျူးကျော်မှုနှင့် တိုက်ခိုက်မှုများ ရပ်တန့်သွားသည်အထိ” ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ အီရန်၏ တုံ့ပြန်မှုသည် “တရားဝင်ဖြစ်ပြီး လိုအပ်ကာ သင့်တင့်မှု” ရှိသလို ကျူးကျော်သူများ၏ စစ်ရေးပစ်မှတ်များကိုသာ ဦးတည်ကြောင်း Iravani က ထပ်လောင်းပြောကြားခဲ့သည်။ အီရန်သည် စစ်ပွဲကို မရှာဖွေသော်လည်း အချုပ်အခြာအာဏာကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်ကြောင်း၊ ၎င်း၏ ပြည်သူများ၊ နယ်မြေပိုင်နက်နှင့် လွတ်လပ်ရေးကို ကာကွယ်ရန် လိုအပ်သော အစီအမံများအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
စစ်ရေးမဟုတ်သော ပစ်မှတ်များကို အီရန် တိုက်ခိုက်ခဲ့သည်ဟူသော အိမ်နီးချင်းနိုင်ငံအချို့၏ ပြောဆိုချက်များနှင့် ပတ်သက်၍ Iravani က အီရန်၏ ကနဦးအကဲဖြတ်သုံးသပ်ချက်များအရ ယင်းအနက်ဖြစ်ရပ်အချို့သည် အမေရိကန်ကာကွယ်ရေးစနစ်များ၏ ကြားဖြတ်တားဆီးခြင်း သို့မဟုတ် ဝင်ရောက်နှောင့်ယှက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း၊ ဤကဲ့သို့ကြားဖြတ်တားဆီးခြင်း သို့မဟုတ် ဝင်ရောက်နှောင့်ယှက်ခြင်းကြောင့် ပစ်မှတ်များသည် မူလသတ်မှတ်ထားသော စစ်ရေးပစ်မှတ်များမှ သွေဖည်သွားစေနိုင်ကြောင်း၊ နိုင်ငံတကာဥပဒေအရ နိုင်ငံတိုင်းတွင် အခြားနိုင်ငံများကို ကျူးကျော်ရန် ၎င်း၏နယ်မြေပိုင်နက်ကို အသုံးပြုခွင့် မပြုရန် အတိအလင်းတာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
အီရန်ခေါင်းဆောင်အသစ် ရွေးချယ်ရာတွင် ထရမ့်က “မဖြစ်မနေ ကိုယ်တိုင်ပါဝင်မည်” ဟု ပြောကြားချက်ကို တုံ့ပြန်သောအားဖြင့် Iravani က ယင်းသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးနှင့် စပ်လျဉ်းသော ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခြေခံမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ရာ အီရန်အနေဖြင့် “မည်သည့်ပြည်ပအင်အားစုကိုမဆို မိမိနိုင်ငံပြည်တွင်းရေးတွင် ပါဝင်ပတ်သက်ခြင်းကို လက်မခံသလို လုံးဝခွင့်ပြုမည်မဟုတ်” ကြောင်း ပြောကြားခဲ့သည်။
အီရန် ခေါင်းဆောင် ရွေးကောက်တင်မြှောက်ခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်းကြပ်စွာ လုပ်ဆောင်သွားမည်ဖြစ်ပြီး အီရန်ပြည်သူများ၏ ဆန္ဒဖြင့် အပြည့်အဝ ဆုံးဖြတ်မည်ဖြစ်သလို မည်သည့်ပြည်ပဝင်ရောက်စွက်ဖက်မှုမျှ လက်ခံမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်-အစ္စရေး စစ်ရေးတိုက်ခိုက်မှုသည် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ဆိုးရွားသော ခြိမ်းခြာက်မှုဖြစ်ပေါ်စေကြောင်း Iravani က ပြောကြားခဲ့သည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် အမေရိကန်-အစ္စရေး၏ “ကျူးကျော်မှုလုပ်ရပ်နှင့် စစ်ရာဇဝတ်မှု” များကို ပြစ်တင်ရှုတ်ချရန် တိုက်တွန်းခဲ့ပြီး လုံခြုံရေးကောင်စီအနေဖြင့် ခိုင်မာသော၊ ပြတ်သား၍ အချိန်ဆွဲခြင်းမရှိသော လှုပ်ရှားမှုများ ချက်ချင်းလုပ်ဆောင်ရန် တောင်းဆိုကြောင်း၊ သို့မဟုတ်လျှင် “ကပ်ဘေးသဖွယ် နောက်ဆက်တွဲများ ဖြစ်လာမည်” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
伊朗驻联合国代表:美以蓄意打击平民和民用基础设施构成战争罪
新华社联合国3月6日电(记者潘云召)伊朗常驻联合国代表伊拉瓦尼6日说,美以两国蓄意袭击伊朗境内平民和民用基础设施,人口稠密的居民区和重要的民用基础设施成为攻击目标,“这些行为构成明显的战争罪和反人类罪”。
伊拉瓦尼对媒体发表声明说,迄今为止,伊朗有20多所学校、13家医疗机构遭到袭击。首都德黑兰和其他城市的几处体育和娱乐设施也遭到袭击,造成18名女运动员死亡、约100人受伤。自2月28日美国和以色列对伊朗实施军事打击以来,已造成伊朗至少1332名平民死亡,其中包括180多名儿童,另有数千人受伤。
伊拉瓦尼重申,伊朗将继续行使《联合国宪章》第51条赋予的自卫权,“直至侵略和攻击停止”。伊朗的回应“合法、必要且适度”,并且只针对侵略者的军事目标。他强调,伊朗不寻求战争,但也永远不会放弃主权,将采取一切必要措施捍卫其人民、领土和独立。
就一些邻国称伊朗袭击非军事目标的说法,伊拉瓦尼表示,伊朗的初步评估表明,其中一些事件可能是由于美国防御系统的拦截或干扰造成的,这些拦截或干扰可能导致目标偏离预定的军事目标。根据国际法,每个国家都有明确的义务不允许其领土被用于侵略他国。
针对特朗普妄称“必须亲自参与”选定伊朗新领导人的言论,伊拉瓦尼表示,这公然违反《联合国宪章》有关互不干涉他国内政的原则,伊朗“不接受、也绝不会允许任何外国势力干涉其内政”。伊朗领导人的选举将严格按照宪法程序进行,完全由伊朗人民意愿决定,不受任何外国干涉。
伊拉瓦尼表示,美以军事打击对地区和国际和平与安全构成严重威胁。他呼吁所有联合国会员国谴责美以“侵略行为和战争罪行”,并敦促安理会立即采取坚定、明确且毫不拖延的行动,否则“将造成灾难性后果”。(完)
这是3月4日在伊朗德黑兰革命广场附近拍摄的一处损毁的建筑。 新华社记者 沙达提 摄