Connect with us

Asia

အရှေ့အလယ်ပိုင်းစစ်ပွဲက အရှေ့တောင်အာရှ စီးပွားရေးလည်ပတ်မှုအပေါ် အထပ်ထပ်လာဖြစ်ပေါ်စေသည့် ရိုက်ခတ်မှုများ

ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့ တောင်ပိုင်းရှိ တိုက်ခိုက်ခံရသောနေရာတွင် မီးခိုးများ တက်လာသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၈ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့ စစ်ရေးတိုက်ခိုက်မှုပြုလုပ်သည်မှာ တစ်လကြာချိန်တွင် စစ်ပွဲဒဏ် ယိုလျှံသက်ရောက်မှုများက စွမ်းအင်နှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှသည် အရှေ့တောင်အာရှဒေသ၏ လူနေမှုဘဝနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများဆီသို့ ရိုက်ခတ်လာပြီဖြစ်ရာ မက်ခရိုနှင့် မိုက်ခရိုအဆင့် နှစ်ခုလုံးတွင် ဖိအားများ သိသိသာသာ မြင့်တက်လာသည်။
လေ့လာစောင့်ကြည့်သူများက အမေရိကန်-အစ္စရေး-အီရန် စစ်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်၏ အရေးကြီး အချက်အချာဖြစ်သည့် အရှေ့တောင်အာရှဒေသအပေါ် ဖိအားအထပ်ထပ် ဖြစ်ပေါ်စေကြောင်း၊ ယင်းမှာ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် သွင်းကုန်အပေါ် မှီခိုနေရသည့် စွမ်းအင်ဖွဲ့စည်းပုံကို မည်သို့ပြောင်းလဲရန်နှင့် စီးပွားရေးခံနိုင်ရည်စွမ်းကို မြှင့်တင်ရန်အတွက် ပြန်လည်စဉ်းစားသုံးသပ်ရန် တွန်းအားပေးလျက်ရှိသည်။

စွမ်းအင်ဈေးနှုန်းခုန်တက်ခြင်းက လူနေမှုဘဝများကို အကျပ်အတည်းဖြစ်စေခြင်း

“နေ့တိုင်း မျက်စိဖွင့်လိုက်တာနဲ့ ဝင်ငွေက ဆီဖိုးနဲ့တင် အတော်ကုန်သွားပြီ၊ တစ်နေကုန်ရှာဖွေထားရသမျှ ပိုက်ဆံက ဆီဖိုးတောင် မကာမိဘူး” ဟု ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရှိ ဆီဆိုင်တစ်ဆိုင်တွင် ဂျစ်ပ်နီ ဘတ်စ်ကားလေး မောင်းနှင်သူ အယ်လ်မာ ဒီဂူစီမန်က သတင်းထောက်ကို ပြောသည်။

“ဝေးဝေးလည်း မသွားရဲဘူး။ နီးနီးနားနားကျတော့လည်း ရတာနည်းတယ်။ အခေါက်ရေ များများ မောင်းဖို့ပဲရှိတယ်” ဟု ဗီယက်နမ်နိုင်ငံ ဟနွိုင်းလမ်းပေါ်က ဆိုင်ကယ်တက္ကစီမောင်းသူ မေကျုံးကျန်းက ဆိုသည်။
ယခုကာလများတွင် စရိတ်စကဝန်ဖိအားကို သိသိသာသာခံစားနေရရာ နေ့စဉ် ဆီဖိုးကပင် ဆတိုးတက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုဖိအားအရှိန် လျင်မြန်စွာပျံ့နှံ့လျက်ရှိသည်။ ဗီယက်နမ် တောင်တန်းဒေသ ပြည်နယ်အချို့မှာ လမ်းအခြေအနေရှုပ်ထွေးခြင်း၊ မော်တော်ယာဉ်က စက်သုံးဆီပိုစားခြင်းတို့ကြောင့် ခရီးသည်ပို့ဆောင်ရေးလက်မှတ်ခများ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသလို မကြာသေးမီကာလက ဓာတ်ဆီ၊ ဒီဇယ်ဆီဈေးနှုန်းမှာ စုစုပေါင်း ၈၀ ရာခိုင်နှုန်းအထိ အမြင့်ဆုံးမြင့်တက်လာသည်။

အရှေ့တောင်အာရှ၏ စီးပွားရေးအစုအဖွဲ့အများစုမှာ အရှေ့အလယ်ပိုင်းစွမ်းအင် တင်သွင်းမှုကို အလွန်အမင်း မှီခိုအားထားနေရခြင်းကြောင့် အမေရိကန်-အစ္စရေး-အီရန် စစ်ပွဲ ဆက်တိုက်ဖြစ်ပွားခြင်း၊ ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်းသယ်ယူပို့ဆောင်မှု တားဆီးခံရခြင်းက ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်ဖွဲ့စည်းပုံ၏ ထိလွယ်ရှယ်လွယ်ဖြစ်မှုကို ပေါ်လွင်စေပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်း များစွာ မြင့်တက်လာခြင်းကလည်း လူထု၏သုံးစွဲနိုင်စွမ်းကို သိသိသာသာ လျော့နည်းစေသည်။ Maybank Investment Bank မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာအရ ဖိလစ်ပိုင်နှင့် ဗီယက်နမ်၏ ရေနံစိမ်း တင်သွင်းမှု ၉၅ ရာခိုင်နှုန်းနှင့် ၈၈ ရာခိုင်နှုန်းခန့်သည် ပင်လယ်ကွေ့ဒေသများမှ ဖြစ်ကြောင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ထိုင်း နိုင်ငံများအနေဖြင့် အရှေ့အလယ်ပိုင်း ဒီဇယ်ဆီ ထောက်ပံ့မှုအပေါ် မှီခိုမှု အတော်အတန်မြင့်မားကြောင်း၊ ဗီယက်နမ်၏ သဘာဝဓာတ်ငွေ့ ၄၉ ရာခိုင်နှုန်းခန့်မှာ ပင်လယ်ကွေ့နိုင်ငံများမှ ဖြစ်ကြောင်း သိရသည်။

သုံးသပ်သူများက ယခုအကြိမ် ပဋိပက္ခ၏ ရိုက်ခတ်မှုက အရှေ့တောင်အာရှဒေသစီးပွားရေးအပေါ် သက်ရောက်မှုတွင် ပုံမှန်ဖြစ်လေ့ရှိသော သွင်းကုန်ကြောင့်ဖြစ်ရသည့် ဝိသေသလက္ခဏာများ ရှိပြီး သက်ရောက်မှုမှာ တိုက်ရိုက်နှင့် လျင်မြန်မှုရှိရာ လုပ်ငန်းကဏ္ဍများအကြား ကွင်းဆက်အကျိုးသက်ရောက်မှုများ အလွယ်တကူ ဖြစ်ပေါ်စေကြောင်း ထောက်ပြသည်။

လဝက်နီးပါးကြာကာလတွင် အရှေ့တောင်အာရှနိုင်ငံများက စွမ်းအင်ဈေးနှုန်းရိုက်ခတ်မှုဒဏ်ကို ရင်ဆိုင်ကိုင်တွယ်ရန် အစီအမံများ ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်သမ္မတ မားကို့စ်က စွမ်းအင်ထောက်ပံ့မှုသေချာစေရန်၊ အဓိကကုန်စည်ဖြန့်ဖြူးမှုနှင့် အများပြည်သူဝန်ဆောင်မှုဆိုင်ရာကဏ္ဍ လည်ပတ်မှု တည်ငြိမ်စေရန်အတွက် လိုအပ်သည့်အစီအမံများ ဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာနအား မကြာမီရက်ပိုင်းတွင် လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ထိုင်းဝန်ကြီးချုပ် အနူတင်ကလည်း ဈေးနှုန်းများတည်ငြိမ်စေရန် လောင်စာဆီရန်ပုံငွေ ထုတ်သုံးထားပြီဖြစ်ကြောင်း မကြာသေးမီရက်ပိုင်းက ပြောကြားခဲ့သလို သက်ဆိုင်ရာဌာနများအား ဆီသိုလှောင်မှုများကို တင်းကျပ်စွာ စစ်ဆေးရန်၊ လောင်စာဆီအခွန်လျှော့ချရေး စသည့် အစီအမံများကို ထုတ်ပြန်ရန် ညွှန်ကြားထားသည်။

ပို၍ ရေရှည်ဖြစ်သော ရှုထောင့်က ကြည့်မည်ဆိုလျှင် အရှေ့အလယ်ပိုင်း ပဋိပက္ခသည် အရှေ့တောင်အာရှ၏ စွမ်းအင်ဖွဲ့စည်းမှုနှင့် ထုတ်လုပ်မှုလုပ်ငန်း အခင်းအကျင်းအား လျင်မြန်စွာ ချိန်ညှိပြင်ဆင်စေရန် ဖြစ်လာသည်။
အင်ဒိုနီးရှား ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (KADIN) ဥက္ကဋ္ဌ    Anindya Novyan Bakrie က ဆီဈေးမြင့်တက်လာခြင်းကြောင့် လျှပ်စစ်ကား၊ ဘတ်ထရီနှင့် သန့်ရှင်းစွမ်းအင်များကို ဗဟိုပြုသည့် ပူးပေါင်းဆောင်ရွက်မှုများ နီးနီးကပ်ကပ်ဆောင်ရွက်ခြင်းကို စရိတ်စကဝန်ဖိအား လျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကြံ့ခိုင်မှုမြှင့်တင်ရေး၏ အဓိက ဦးတည်ချက်အဖြစ် ပိုမို ရှုမြင်လာကြကြောင်း ဆိုသည်။

ကုန်ထုတ်လုပ်မှု ဝန်ဖိအားများ ပိုမိုပြင်းထန်လာ

လုပ်ငန်း ကုန်ကျစရိတ်မြင့်တက်လာခြင်း၊ အချို့လုပ်ငန်းများ လုပ်ငန်းရပ်ဆိုင်းခြင်းမှသည် ပို့ကုန်အတားအဆီးခံရခြင်းနှင့် ဈေးကွက်ကယက်ရိုက်ခတ်ခြင်းများအထိ ပိုမို ပြင်းထန်လာရာ ထိုသို့သော ကွင်းဆက်တုံ့ပြန်မှုများက အရှေ့တောင်အာရှဒေသ၏ ပကတိစီးပွားရေး (Real Economy) လည်ပတ်မှုများအပေါ် ဖိအားအထပ်ထပ် ဖြစ်ပေါ်စေလျက်ရှိပေသည်။

စရိတ်စက ဝန်ဖိအားများက လုပ်ငန်း၏ ကုန်ထုတ်လုပ်မှု စည်းချက်ကို တိုက်ရိုက် အနှောင့်အယှက်ဖြစ်စေသည်။ မလေးရှား Port Klang ဆိပ်ကမ်းရှိ လုပ်ငန်းအချို့က ဆိပ်ကမ်းသို့ အဓိကကုန်ကြမ်းရောက်ရှိမှု ကြန့်ကြာနေခြင်းနှင့် ရင်ဆိုင်နေရပြီး အချို့သော အသေးစားနှင့်အလတ်စား ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် “ကုန်ကြမ်းရရှိရန် စောင့်ဆိုင်းနေရခြင်းကြောင့် အပိုင်းလိုက် လုပ်ငန်းရပ်နားမှုများ” ဖြစ်ပေါ်လျက်ရှိရာ ကုန်ထုတ်လုပ်မှု ကွင်းဆက်လည်ပတ်သည့် ထိရောက်မှုနှုန်း ကျဆင်းလာသည်။
စွမ်းအင်လုပ်ငန်း၏ အဓိကဆက်စပ်ထုတ်ကုန်ဖြစ်သည့် ဓာတ်မြေဩဇာဈေးနှုန်းများသည် စွမ်းအင်ဈေးနှုန်းနှင့် တစ်ပြိုင်နက်တည်း မြင့်တက်လာခြင်းကြောင့် လယ်ယာစိုက်ပျိုးမှုကဏ္ဍ အချိုးအစားမြင့်မားသည့် အရှေ့တောင်အာရှဒေသအပေါ် ပိုမို တိုက်ရိုက်ကျသည့် ရိုက်ခတ်မှု ဖြစ်စေသည်။
မလေးရှား သစ်သီးဝလံ စိုက်ပျိုးသူများအသင်းချုပ်က ဓာတ်မြေဩဇာ ကုန်ကြမ်းဈေးနှုန်းများသည် ရက်သတ္တပတ်နှစ်ပတ်တာ အချိန်တိုအတွင်းမှာ ၁၀၀ ရာခိုင်နှုန်းမှ ၁၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း၊ အချို့ ကုန်ပစ္စည်းပံ့ပိုးသူများက အမှာစာလက်ခံမှုကို ယာယီရပ်ဆိုင်းထားရာ “ငွေရှိသော်လည်း မြေဩဇာဝယ်မရခြင်း” အန္တရာယ်က မြင့်တက်လျက်ရှိကြောင်း ထောက်ပြထားသည်။

ထိုင်းနိုင်ငံ၏ နိုက်ထရိုဂျင် မြေဩဇာ ၆၇ ရာခိုင်နှုန်းနှင့် ယူရီးယား မြေဩဇာ ၇၄ ရာခိုင်နှုန်းခန့်မှာ ပင်လယ်ကွေ့နိုင်ငံများမှ တင်သွင်းခြင်း ဖြစ်သည်။
တောင်သူလယ်သမားအများအပြားက “ရင်းနှီးထည့်ဝင်မှု ပို၍ တိုးမြှင့်လာရသော်လည်း ရရှိသည့် အကျိုးအမြတ်မှာ အလားတူ တိုးပွားလာခြင်း မရှိကြောင်း” ပြောကြားကြသည်။ ထိုင်းဇီဝဗေဒရန်ပုံငွေအဖွဲ့၏ အချက်အလက်များ၌ ထိုင်းနိုင်ငံစိုက်ပျိုးရေးစနစ်တွင် ရုပ်ကြွင်းလောင်စာကို အလွန်အားထားနေရကြောင်း၊ ထိုင်းစားသောက်ကုန်နှင့် စိုက်ပျိုးရေး ထုတ်လုပ်မှု ကုန်ကျစရိတ်၏ ၃၅ ရာခိုင်နှုန်းမှာ ရေနံထုတ်ကုန်ပစ္စည်းများနှင့်ဆက်စပ်နေရာ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုစနစ်နှင့် စွမ်းအင်ဈေးနှုန်းမှာ ချိတ်ဆက်လှုပ်ရှားမှုများကြောင်း ဖော်ပြထားသည်။ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဓာတ်မြေဩဇာထောက်ပံ့ရေး ပြတ်လပ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းက စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်စေနိုင်ကြောင်း လုပ်ငန်းကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ကုန်ကျစရိတ် ဝန်ဖိအားများသည် ကုန်သွယ်ရေးကွင်းဆက်မှတစ်ဆင့်လည်း ပို၍ ကြီးမားလာသည်။ ရေကြောင်းလမ်းလွှဲ သွားလာရခြင်း၊ သယ်ယူပို့ဆောင်ချိန် ပိုမိုကြာမြင့်လာခြင်းနှင့် စစ်ပွဲအန္တရာယ်အာမခံကြေး မြင့်တက်လာခြင်းတို့က ပို့ကုန် စရိတ်စကများ မြင့်တက်အောင် သိသိသာသာ တွန်းတင်နေပြီး လုပ်ငန်းပြိုင်ဆိုင်နိုင်စွမ်းကို လျော့နည်းစေသည်။
မလေးရှား ပြည်ပကုန်သွယ်မှု မြှင့်တင်ရေးဌာန (MATRADE) က မတ်လဆန်းတွင် ယင်းနိုင်ငံ ပို့ကုန်လုပ်ငန်းရှင်များအား ကောက်ယူထားသော စစ်တမ်းတစ်ခု၌ စစ်တမ်းဖြေဆိုသူ လုပ်ငန်းကုမ္ပဏီ ၆၀ ရာခိုင်နှုန်းကျော်က အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ၎င်းတို့၏ လုပ်ငန်းများထိခိုက်မှုရှိနေပြီဖြစ်သည်ဟု ယူဆကြောင်း၊ စစ်တမ်းဖြေဆိုသူ လုပ်ငန်းကုမ္ပဏီ ၄၀ ရာခိုင်နှုန်းနီးပါးက အရှေ့အလယ်ပိုင်းဒေသသို့ ပို့ကုန်တင်ပို့ခြင်းဖြစ်ပြီး အဓိကအားဖြင့် ယူအေအီးနှင့် ဆော်ဒီအာရေဗျ ဈေးကွက်သို့ ဖြစ်ရာ ဈေးကွက်ကဏ္ဍ စုံလင်အောင် လုပ်ဆောင်ခြင်းမှတစ်ဆင့် အန္တရာယ်စွန့်စားမှုကို လျှော့ချရန် လုပ်ငန်းကုမ္ပဏီအများအပြားက စဉ်းစားလျက်ရှိကြောင်း ဖော်ပြထားသည်။

စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များ လျှော့ချ
စွမ်းအင်ဈေးနှုန်း မြင့်တက်နေမှုကြောင့် ထုတ်လုပ်မှုနှင့် လူနေမှုစရိတ်များ မြင့်မားလာပြီး ငွေကြေးဖောင်းပွမှု ပို၍ ဆိုးရွားလာမည်ဟု ခန့်မှန်းရရာ အရှေ့တောင်အာရှဒေသ စီးပွားရေးတိုးတက်မှု နှေးကွေးနိုင်သည့်အပြင် စီးပွားရေးတုံ့ဆိုင်းမှုနှင့် ငွေကြေးဖောင်းပွ၍ ကုန်ဈေးနှုန်းမြင့်တက်မှုအန္တရာယ်ပင် ဖြစ်ပေါ် နိုင်သည်။

မကြာသေးမီကပင် မလေးရှားရင်းနှီးမြှုပ်နှံမှုဘဏ် (Maybank Investment Bank) က အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း စသည့် အာဆီယံ အဓိကစီးပွားရေးအစုအဖွဲ့နိုင်ငံ ၆ နိုင်ငံ၏ ၂၀၂၆ ခုနှစ် ယေဘုယျ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ၄.၈ ရာခိုင်နှုန်းမှ ၄.၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ တစ်ချိန်တည်းတွင်ပင် အဆိုပါ ၆ နိုင်ငံ၏ ၂၀၂၆ ခုနှစ် ယေဘုယျ ငွေကြေးဖောင်းပွမှုနှုန်းကို ယခင် ခန့်မှန်းထားသော ၂.၂ ရာခိုင်နှုန်းမှ ၂.၇ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ထိုင်း၏ ငွေကြေးဖောင်းပွမှုနှုန်းကို ၀.၈ ရာခိုင်နှုန်းပွိုင့်အဖြစ်လည်းကောင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား၏ငွေကြေးဖောင်းပွမှုနှုန်းကို ၀.၅ ရာခိုင်နှိုင်းပွိုင့်အဖြစ်လည်းကောင်း မြင့်တက်သွားမည်ဟု ခန့်မှန်းထားသည်။

စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်းက ဒေသတွင်း၌ စွမ်းအင် အသားတင် တင်သွင်းနေသည့် နိုင်ငံများ၏ စာရင်းရှင်စာရင်း (Current Account) အပေါ် ဖိအား ဖြစ်စေပြီး ၎င်းနိုင်ငံငွေကြေး တန်ဖိုးကျဆင်းစေသည့် ခန့်မှန်းချက် ဖြစ်ပေါ်စေကြောင်း အဆိုပါဘဏ်၏ အစီရင်ခံစာတွင် ထောက်ပြထားသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့မှာ စာရင်းရှင်စာရင်း (Current Account) လိုငွေပြမှုအနေအထားတွင် ရှိနေပြီဖြစ်ရာ ပြင်ပအန္တရာယ် တစ်ဆင့်တိုးစုပြုံလာနိုင်ကြောင်း သိရသည်။

စီးပွားရေးတုံ့ဆိုင်းမှုနှင့် ငွေကြေးဖောင်းပွ၍ ကုန်ဈေးနှုန်းမြင့်တက်မှု အန္တရာယ် ဦးမော့နေခြင်းကိုလည်း လျစ်လျူရှု၍ မရပေ။ မြင့်မားသည့်ရေနံဆီဈေး၊ မြင့်မားသည့် အတိုးနှုန်းနှင့် မြင့်မားသည့် ငွေလဲနှုန်းထား ဟူသော သုံးဆင့်ဝန်ပိနေသည့် ပတ်ဝန်းကျင် ဆက်တိုက်ဖြစ်ပေါ်နေသည်နှင့်အမျှ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနှင့် ငွေကြေးဖောင်းပွမှုသည် မျဉ်းပြိုင်သဖွယ် တည်ရှိနေမည့်အခင်းအကျင်းကို ပို၍ ဆိုးရွားစေမည် ဖြစ်သည်။
တောင်ကိုရီးယား Kiwoom Securities ကုမ္ပဏီက အကယ်၍ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှု ရေရှည်အသွင်ဖြစ်လာပါက စွမ်းအင်စရိတ်မြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှု နှစ်ထပ်ကွမ်းအန္တရာယ်ဖြစ်ခြင်း၊ နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များက ငွေကြေးတင်းကျပ်မှု မူဝါဒများဆီသို့ ဦးလှည့်ခြင်း၊ စီးပွားရေးလုပ်ငန်း၏ အမြတ်အစွန်းရရှိမှု ခန့်မှန်းချက် လျှော့ချရခြင်း စသည့် ကွင်းဆက်တုံ့ပြန်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ထောက်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ Yonsei တက္ကသိုလ် စီးပွားရေးဌာန ဂုဏ်ထူးဆောင်ပါမောက္ခ Kim Jeong-sik က “ပြဿနာပိုကြီးတာက စီးပွားရေးတုံ့ဆိုင်းမှုနဲ့ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကို ဖြေရှင်းဖို့ တိတိပပ နည်းလမ်းမရှိဘူး” ဟု ဆိုသည်။ (Xinhua)

အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတားမြို့ ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေကြသူများအား ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတားမြို့တွင် ဝန်ထမ်းတစ်ဦးက မော်တော်ဆိုင်ကယ် ဆီဖြည့်ပေးနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
国际观察|中东战事对东南亚经济运行形成多重冲击
新华社吉隆坡3月31日电 题:中东战事对东南亚经济运行形成多重冲击   新华社记者王嘉伟
美国和以色列对伊朗发动军事打击一个月来,战事外溢冲击正从能源与航运向东南亚地区的民生及产业领域传导,宏观和微观层面压力渐显。观察人士认为,美以伊战事对作为全球产业链供应链重要枢纽的东南亚地区构成多重压力,正倒逼相关国家思考如何改变依赖进口的能源结构现状,提升经济发展韧性。
能源价格飙升困民生
“每天一睁眼,收入又被油钱吃掉一大块,一天下来赚的钱还不够加油费。”在菲律宾首都马尼拉的一家加油站,小型公交车“吉普尼”司机埃尔默·德古斯曼对记者说。
“远了不敢去,近了赚的少,只能多跑单子。”在越南河内街头,摩托车骑手梅忠坚近来明显感受到成本压力,表示日常油费已接近翻倍。
油价上涨压力传导迅速。越南部分山区省份因路况复杂、油耗较高,客运线路票价涨幅高达50%,近期汽柴油价格累计涨幅最高达到80%。
由于东南亚多数经济体高度依赖中东能源进口,美以伊战事持续、霍尔木兹海峡航运受阻暴露出这一供应链结构性脆弱,油气价格大涨,民众支出能力被显著压缩。据马来亚投资银行日前发布的报告,菲律宾和越南分别约有95%和88%的原油进口来自海湾国家;新加坡、印尼和泰国对中东柴油供应依赖度较高;越南约49%的天然气来自海湾国家。
分析人士指出,本轮冲击对东南亚区域经济影响具有典型的输入性特征,影响直接而迅速,容易形成跨行业联动效应。
近半个月来,多个东南亚国家出台措施应对能源价格冲击。菲律宾总统马科斯日前授权能源部采取必要措施保障能源供应、稳定关键物资分配和公共服务运行。泰国总理阿努廷日前表示,已动用燃油基金稳定价格,要求相关部门严查囤油行为、出台燃油税费减免等措施。
从更长期来看,中东冲突正加速东南亚能源结构与产业布局调整。印尼工商会主席阿宁迪亚·诺夫扬·巴克里表示,由于油价高企,围绕电动车、电池和清洁能源展开更紧密合作更加被视为缓解成本压力、增强发展韧性的重要方向。
加剧生产压力
从企业成本攀升、部分行业停工停产,到出口受阻与市场波动加剧,这一系列连锁反应正对东南亚地区实体经济运行形成多重压力。
成本压力直接扰乱企业生产节奏。马来西亚巴生港地区部分企业面临关键原料延迟到港,个别中小制造企业已出现“阶段性停工待料”,产业链运行效率下滑。
作为能源产业重要相关产品,化肥的价格随能源价格同步上涨,对农业占比较高的东南亚地区形成更直接冲击。马来西亚果农总会指出,化肥原材料价格在短短两周内上涨100%至150%,部分供应商暂停接单,“有钱也买不到肥料”的风险正在上升。
泰国约67%的氮肥和74%的尿素进口自海湾国家。农民普遍反映“投入增加但收益未同步提升”。泰国生物基金会数据显示,泰国农业体系高度依赖化石能源,泰国食品及农业生产成本中约35%与石油制品相关,农业生产体系与能源价格高度联动。业内预计,中东战事造成的化肥供应持续短缺可能推动农产品价格上涨20%以上。
成本压力还通过贸易链条进一步放大。航运绕行、运输时间延长及战争险保费上升,正显著推高出口成本,削弱企业竞争力。
马来西亚外贸发展局3月初针对该国出口商的一项调查显示,超六成受访企业认为中东战事已对其业务产生影响。近四成受访企业向中东地区出口,主要面向阿联酋和沙特阿拉伯市场,许多企业正考虑通过市场多元化降低风险。
增长预期下调
由于能源价格高企,生产和生活成本上涨,通胀预期加剧,东南亚地区经济增长可能放缓,甚至出现滞胀风险。
马来亚投资银行日前将印尼、马来西亚、菲律宾、新加坡、越南、泰国等东盟六个主要经济体2026年整体经济增长预期由4.8%下调至4.5%。同时,报告预计六国2026年整体通胀率将由此前预测的2.2%升至2.7%。其中,泰国通胀率预期上调0.8个百分点,菲律宾和印尼通胀率预期分别上调0.5个百分点。
该银行在报告中指出,能源价格上涨还将加剧区域内能源净进口国的经常账户压力,并对本币形成贬值预期。印尼与菲律宾本已处于经常账户逆差状态,外部风险或进一步累积。
正在抬头的滞胀风险也不容忽视。随着高油价、高利率与高汇率叠加的“三高”环境持续发酵,经济增长放缓与通胀上行并存的局面或将加剧。韩国培育证券公司指出,若霍尔木兹海峡封锁长期化,能源成本上升叠加通胀风险,各国央行转向货币紧缩政策,或导致企业盈利预期下调等连锁反应。
韩国延世大学经济学部名誉教授金正湜说:“更大的问题是,滞胀没有明确的解决方案。”(完)
1. 3月18日晚,沙特利雅得南部地区遇袭现场升起浓烟。新华社发
2. 3月31日,人们在印度尼西亚梭罗一处加油站排队加油。新华社发(布拉姆摄)
3. 3月31日,在印度尼西亚梭罗,工作人员为摩托车加油。新华社发(布拉姆摄)