Connect with us

International Organizations

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများကို ရင်ဆိုင်တုံ့ပြန်ရန် နိုင်ငံတကာ အဖွဲ့အစည်းသုံးရပ်က ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရန် ဆုံးဖြတ်

အင်ဒိုနီးရှားနိုင်ငံ ဆူရာကာတားမြို့ ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေကြသူများအား ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (IEA)၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့၏ တာဝန်ရှိသူများက ဧပြီ ၁ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ စွမ်းအင်နှင့် စီးပွားရေးကဏ္ဍအပေါ် အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ရိုက်ခတ်မှုများအား ရင်ဆိုင်တုံ့ပြန်ရာတွင် အဖွဲ့အစည်းအသီးသီး၏ အခန်းကဏ္ဍကို အပြည့်အဝအသုံးချရန်အတွက် ညှိနှိုင်းရေးအဖွဲ့ငယ် ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းစစ်ပွဲက ဒေသတွင်းပြည်သူလူထု၏ နေထိုင်မှုဘဝနှင့် ရှင်သန်ရပ်တည်ရေးအပေါ် ကြီးမားသည့်ရိုက်ခတ်မှုဖြစ်စေပြီး ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် ထောက်ပံ့မှုပြတ်လပ်ခြင်းများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်စေကြောင်း၊ စွမ်းအင်တင်သွင်းသူ အထူးသဖြင့် ဝင်ငွေနည်းပါးသည့်နိုင်ငံများက ရိုက်ခတ်မှုဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားနေရကြောင်း၊ အဖွဲ့အစည်း ၃ ရပ် ပူးတွဲ၍ ယခုအကျပ်အတည်းကို ရင်ဆိုင်တုံ့ပြန်ရန်မှာ အလွန်အမင်းအရေးကြီးကြောင်း ကြေညာချက်တွင် ထောက်ပြထားသည်။
ညှိနှိုင်းရေးအဖွဲ့ငယ်အနေဖြင့် စွမ်းအင်ဈေးကွက်နှင့် ဈေးနှုန်းများ၊ ကုန်သွယ်ရေးကဏ္ဍစီးဆင်းမှုများ၊ ဘဏ္ဍာရေးနှင့် အရအသုံး ဟန်ချက်ညီရေးဆိုင်ရာ ဝန်ဖိအားများ၊ ငွေကြေးဖောင်းပွမှုအလားအလာ၊ အဓိကကုန်စည်များ တင်ပို့မှုကန့်သတ်ချက်နှင့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်ခြင်း စသည့်ကဏ္ဍများ၏ အချက်အလက်များကို မျှဝေကာ နိုင်ငံနှင့် ဒေသအသီးသီး၏ သက်ရောက်မှု အတိုင်းအတာကို ဆန်းစစ်အကဲဖြတ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းတွင်ပင် အဆိုပါအဖွဲ့ငယ်သည် တိကျသည့်မူဝါဒအကြံပြုချက်များကို ပံ့ပိုးခြင်း၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်အလားအလာကို သုံးသပ်အကဲဖြတ်ပြီး သက်ဆိုင်ရာဘဏ္ဍာရေးထောက်ပံ့မှုများ ပေးအပ်ခြင်းနှင့် အခြေအနေအရ အန္တရာယ်လျှော့ချရေးဆိုင်ရာ ကိရိယာများအသုံးပြုခြင်း အပါအဝင် တုံ့ပြန်ဆောင်ရွက်ရေး ယန္တရားကို ပေါင်းစပ်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းအဖွဲ့သည် အခြားသော ဘက်ပေါင်းစုံ၊ ဒေသနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် စသည့် အကျိုးစီးပွားသက်ဆိုင်သူများကို စုစည်းကာ လိုအပ်သည့် နိုင်ငံများထံသို့ ပူးပေါင်းပံ့ပိုးမှုများပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုမတိုင်မီ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (IEA) သည် အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံကို ညှိနှိုင်းပေးခဲ့ရာ မဟာဗျူဟာအရန်သိုလှောင်ထားသည့် ရေနံစည် သန်း ၄၀၀ ကို ထုတ်ပေးရန် သဘောတူညီခဲ့ကြသလို အရန်သိုလှောင်ထားသည့် ရေနံများ ထပ်မံထုတ်ပေးရန် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ (Xinhua)
——————
(Chinese Version)
三国际机构决定成立协调小组应对中东战争的经济影响
新华社纽约4月1日电(记者刘亚南)国际能源署、国际货币基金组织和世界银行负责人1日发表联合声明,同意成立一个协调小组,以最大限度地发挥各机构作用,应对中东战事对能源和经济的影响。
声明指出,当前中东战争对地区民众生活和生计造成重大冲击,并触发全球能源市场严重供应短缺。能源进口方尤其是低收入国家承受更大影响。三家机构联合起来应对这场危机至关重要。
声明说,协调小组将通过协调分享能源市场与价格、贸易流、财政与收支平衡压力、通胀趋势、关键大宗商品出口限制以及供应链中断方面的数据,评估不同国家和地区受影响程度。
同时,该小组将统筹协调应对机制,包括:提供针对性政策建议、评估潜在融资需求并提供相应金融支持以及酌情运用风险缓释工具。小组还将动员其他多边、区域及双边合作伙伴等相关利益方,向有需要的国家提供协同支持。
此前,国际能源署协调32个成员国一致同意释放4亿桶战略石油储备,并就再度释放石油储备进行磋商。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.