Connect with us

North America

“အလွန်တိုတောင်းသည့် အချိန်အတွင်း” အီရန်စစ်ရေးပစ်မှတ်အားလုံးကို လုပ်ဆောင်ပြီးရန် မျှော်လင့်ရကြောင်း ထရမ့် ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမှာစကားပြောကြားနေသော အမေရိကန် သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဧပြီ ၁ ရက်တွင် အမှာစကားပြောကြားရာ၌ အီရန်အပေါ် စစ်ပွဲတွင် “အလွန်တိုတောင်းသည့် အချိန်အတွင်း” စစ်ရေးပစ်မှတ်အားလုံးကို လုပ်ဆောင်ပြီးရန် မျှော်လင့်ရကြောင်း၊ “လာမယ့်သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း ကျွန်တော်တို့က သူတို့အပေါ် အလွန်ပြင်းထန်တဲ့ တိုက်ခိုက်မှု လုပ်ဆောင်သွားမှာဖြစ်ပါတယ်…တစ်ချိန်တည်းမှာပဲ ဆွေးနွေးညှိနှိုင်းမှုကိုလည်း လုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အီရန်အစိုးရ ပြောင်းလဲခြင်းသည် အမေရိကန်၏ ရည်မှန်းချက်မဟုတ်ကြောင်း ထရမ့်က ပြောကြားသော်လည်း တစ်ချိန်တည်းတွင် အီရန်အစိုးရ ပြောင်းလဲမှုသည် ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟုပင် ၎င်းကိုယ်၌က ကြေညာခဲ့သည်။
အီရန်က လာမည့် သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း အမေရိကန်နှင့် သဘောတူညီချက် မရရှိပါက အမေရိကန်စစ်တပ်သည် အီရန်၏ အဓိကပစ်မှတ်များကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း၊ “သူတို့ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတိုင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်ပြီး တစ်ချိန်တည်းမှာလည်း အီရနန်ရေနံအဆောက်အဦတွေကို တိုက်ခိုက်နိုင်ခြေရှိပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အီရန်နျူကလီးယား အဆောက်အဦများသည် ယမန်နှစ် ဇွန်လတွင် အမေရိကန်စစ်တပ်၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုခံခဲ့ရရာ အီရန်သည် “အဲဒီနျူကလီးယားအပျက်အစီးတွေကို လအနည်းငယ်ကြာမှာသာ ချဉ်းကပ်နိုင်ခဲ့တယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ဂြိုဟ်တုမှတစ်ဆင့် အီရန်နျူကလီးယားအဆောက်အဦများအား တင်းကျပ်စွာ စောင့်ကြည့်နေကြောင်း၊ “သူတို့ လှုပ်ရှားမှုရှိတာကို ကျွန်တော်တို့တွေ့တာနဲ့ လှုပ်ရှားမှု သေးသေးလေးပဲ ဖြစ်ရင်တောင် ကျွန်တော်တို့က ဒုံးကျည်နဲ့ သူတို့ကို ထပ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
特朗普声称有望“非常短时间内”完成所有对伊军事目标
新华社华盛顿4月1日电 美国总统特朗普4月1日发表讲话称,对伊朗战事有望在“非常短时间内”完成所有军事目标。“未来两到三周内,我们将对他们进行极其猛烈的打击……同时,谈判也在进行。”
特朗普声称伊朗政权更迭不是美国的目标,但同时又自行宣称伊朗政权更迭已经发生。他称,如果伊朗在未来两到三周内没有同美国达成协议,美军将瞄准伊朗关键目标,“非常猛烈地打击他们每一座发电厂”,同时还可能打击伊朗石油设施。
特朗普还称,伊朗核设施去年6月遭到美军猛烈打击,导致伊朗“需要数月时间才能接近那片核废墟”。美方正通过卫星对伊朗核设施进行严密监控,“如果我们看到他们有任何举动,哪怕只是一点点举动,我们也会再次用导弹狠狠打击他们”。(完)
图说:这张视频截图显示,4月1日,美国总统特朗普在首都华盛顿白宫发表讲话。 新华社发