Africa & Middle East
ထရမ့်က “ကျောက်ခေတ်” တွင် ကျန်ရှိနေဆဲဟု အီရန် ဒုတိယ သမ္မတ (၁) ပြောကြား
တီဟီရန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
အမေရိကန်ပြည်သူများ၏ အကျိုးစီးပွားကို စတေးခံ၍ သူတစ်ပါးနိုင်ငံအား ခြိမ်းခြောက်ခြင်းကြောင့် အမေရိကန် သမ္မတ ထရမ့်သည် “ကျောက်ခေတ်” တွင် ကျန်ရှိနေဆဲဖြစ်သည်ဟု အီရန် ဒုတိယ သမ္မတ (၁) Mohammad-Reza Aref က လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့ကြောင်း အီရန် အစ္စလာမ်မစ်နိုင်ငံပိုင် သတင်းအေဂျင်စီ (IRNA) ၏ ဧပြီ ၅ ရက် သတင်းအရ သိရသည်။
ထရမ့်က မိမိသည် စစ်ပွဲကြောင့် အမေရိကန်ပြည်သူများ၏ “မူကြိုကျောင်းနှင့် ဆေးကုသရေး အာမခံချက်” အား တစ်ပြိုင်နက်တည်း အာရုံစိုက်နိုင်ခြင်းမရှိကြောင်း ဆိုခဲ့သလို ယခုအခါတွင်လည်း အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် တံတားများအား ဖျက်ဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း၊ “မိမိနိုင်ငံပြည်သူတွေရဲ့ အကျိုးစီးပွားကို စတေးခံပြီး သူတစ်ပါးနိုင်ငံကို ခြိမ်းခြောက်နေတဲ့လူတစ်ယောက်က ကျောက်ခေတ်မှာပဲ ရှိနေသေးတယ်” ဟု Mohammad-Reza Aref က ပြောကြားခဲ့သည်။
Mohammad-Reza Aref က အီရန်အနေဖြင့် မတူညီသောလမ်းကို ရွေးချယ်ခဲ့ကြောင်း၊ ဖိအားများရှိနေသည့်တိုင် တည်ဆောက်မှုကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
ထရမ့်က စစ်ရေးသည် ၎င်း၏ဦးစားပေးထည့်သွင်းစဉ်းစားမှုအချက် ဖြစ်နေဆဲဟု ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက သတင်းဖော်ပြသည်။ ထရမ့်သည် ဧပြီ ၁ ရက်တွင် အမေရိကန် အိမ်ဖြူတော် အတွင်းပိုင်းလှုပ်ရှားမှုတစ်ခု၌ အမေရိကန် ဖက်ဒရယ်အစိုးရအနေဖြင့် နေ့ကလေးထိန်း၊ ဆေးကုသရေး ထောက်ပံ့မှု စသည့် “အသေးအမွှားကိစ္စရပ်များ” ကို တစ်ပြိုင်နက်တည်း အာရုံစိုက်နိုင်မည် မဟုတ်ကြောင်း၊ “ကျွန်တော်တို့က စစ်တိုက်နေတာ၊ နေ့ကလေးထိန်းကိစ္စတွေကို ဂရုမစိုက်နိုင်ဘူး” ဟု ပြောကြားခဲ့သည်။
ထရမ့်သည် ဧပြီ ၅ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ဟော်မုဇ်ရေလက်ကြားအား ဖွင့်လှစ်ပေးရန် အီရန်ကို ထပ်မံတောင်းဆိုခဲ့ပြီး ထိုကဲ့သို့မပြုလုပ်ပါက အီရန်အနေဖြင့် “ငရဲတွင်းထဲမှာ နေထိုင်ရလိမ့်မယ်” ဟု ခြိမ်းခြောက်ခဲ့သည်။ “ဧပြီ ၇ ရက်က အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံနေ့နဲ့ တံတားနေ့ပဲ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းကဆိုပြီး အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် တံတားများအား ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
伊朗第一副总统说特朗普仍停留在“石器时代”
新华社德黑兰4月5日电 据伊朗伊斯兰共和国通讯社5日报道,伊朗第一副总统阿雷夫在社交媒体上发文说,以牺牲美国人民福祉为代价去威胁他国,美国总统特朗普仍停留在“石器时代”。
阿雷夫说,特朗普以战争为由称自己无法兼顾到美国民众的“幼儿园和医疗保障”,现在又威胁要摧毁伊朗的发电厂和桥梁。“一个以牺牲本国人民福祉为代价去威胁他国的人,仍停留在‘石器时代’。”
阿雷夫还说,伊朗选择了不同的道路,即便在压力之下也要推进建设。
据美联社报道,特朗普本周曾表示,军事是他优先考虑的事项。他1日在美国白宫一场内部活动中称,美国联邦政府不可能同时兼顾到日托、医疗补助等这些“琐碎事务”。“我们正在打仗,没法照顾日托。”
特朗普5日在社交媒体上发文,再次要求伊朗打开霍尔木兹海峡并威胁称,如果不这样做的话,伊朗将“活在地狱中”。他说,“4月7日将是伊朗的发电厂日和大桥日”,暗示要猛烈轰炸伊朗的发电厂和大桥。(完)
图说:这是4月3日拍摄的伊朗卡拉季市贝伊克公路桥遭空袭受损状况。新华社发
