Connect with us

Africa & Middle East

ရေနံတင်သင်္ဘောနှင့် ကုန်တင်သင်္ဘော အနည်းငယ် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွား

ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့်နေသည့် အီရန် စစ်သည်များအား ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ရေနံတင်သင်္ဘောနှင့် ကုန်တင်သင်္ဘော အနည်းငယ် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားကြောင်း မီဒီယာများက မကြာမီရက်ပိုင်းတွင် ဖော်ပြခဲ့သည်။

အီရတ် ရေနံစိမ်းတင်ဆောင်ထားသည့် ရေနံတင်သင်္ဘောတစ်စင်းသည် ဟော်မုဇ်ရေလက်ကြားတွင် ဖြတ်သန်းသွားပြီဖြစ်ရာ ဧပြီလလယ်ပိုင်းတွင် မလေးရှားနိုင်ငံ သက်ဆိုင်ရာဆိပ်ကမ်းတွင် ကုန်ချမည် ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဧပြီ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အီရန်ဘက်က မလေးရှားနှင့်သက်ဆိုင်သော ရေယာဉ်သင်္ဘောများအား ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားရန် ခွင့်ပြုလိုက်ကြောင်း အဆိုပါမီဒီယာက အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

ထိုမတိုင်မီ ကာတာနိုင်ငံ အဲလ်ဂျာဇီးယား ရုပ်မြင်သံကြားဌာနက အီရန်အနေဖြင့် အီရတ်ကို ဟော်မုဇ်ရေလက်ကြားအား အကန့်အသတ်မရှိ အသုံးပြုခွင့်ပေးသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ရိုက်တာသတင်းဌာန၏ အခြားသတင်းတစ်ခုတွင် အီရတ်နိုင်ငံ ရေနံရောင်းချရေး အာဏာပိုင်အဖွဲ့က ဝယ်ယူသူများအား ရေနံစိမ်း သင်္ဘောတင်မည့်အစီအစဉ်များကို အမြန်ဆုံးတင်ပြရန် တောင်းဆိုထားကြောင်း ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံ CMA CGM လုပ်ငန်းအဖွဲ့ပိုင် ကွန်တိန်နာတင် အကြီးစား သင်္ဘောကြီးတစ်စင်းသည်လည်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားပြီဖြစ်ကြောင်း ဗြိတိန် ဘီဘီစီ သတင်းဌာနက ဧပြီ ၄ ရက်တွင် ဖော်ပြခဲ့သည်။ ရေကြောင်းသယ်ယူပို့ဆောင်ရေး သုံးသပ်မှုအဖွဲ့အစည်းဖြစ်သည့် Kepler ကုမ္ပဏီက ယင်းမှာ အမေရိကန်-အစ္စရေး-အီရန် စစ်ပွဲ ဖြစ်ပွားသည့်အချိန်မှစ၍ ပထမဆုံးသော အနောက်ဥရောပ ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖွဲ့ပိုင် သင်္ဘောတစ်စင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန် Mitsui O.S.K. Lines, Ltd.ကလည်း ၎င်းကုမ္ပဏီလက်အောက်ရှိ သဘာဝဓာတ်ငွေ့ရည် (LNG) တင် သင်္ဘောတစ်စင်းသည် အစောပိုင်းတွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外媒:少量油轮和货船通过霍尔木兹海峡
新华社北京4月6日电 多家媒体日前报道,有少量油轮和货船通过了霍尔木兹海峡。
路透社5日报道,一艘载有伊拉克原油的油轮已通过霍尔木兹海峡,将于4月中旬在马来西亚相关港口卸货。这家媒体援引不具名消息人士的话报道,伊朗方面允许多艘与马来西亚有关联的船只通过霍尔木兹海峡。此前,卡塔尔半岛电视台报道,伊朗方面表示允许伊拉克不受限制地使用霍尔木兹海峡。
另外,路透社在一篇报道中说,伊拉克国家石油销售局要求客户尽快提交原油装船计划。
英国广播公司4日报道,一艘隶属于法国达飞海运集团的大型集装箱船也已通过霍尔木兹海峡。航运分析机构克普勒公司表示,这是美以伊战事爆发以来第一艘西欧大型海运机构拥有的船只穿越霍尔木兹海峡。另外,日本商船三井公司也表示,该公司旗下一艘液化天然气运输船早些时候通过了霍尔木兹海峡。(完)
1. 2019年4月30日,伊朗士兵在霍尔木兹海峡巡逻。新华社发(艾哈迈德·哈拉比萨斯摄)