Africa & Middle East
လက်ဘနွန်က အစ္စရေးထံသို့ အပစ်ရပ်ရေး အစီအမံ အဆိုပြုခဲ့သော်လည်း တုံ့ပြန်ချက်မရရှိသေး
ဘေရွတ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံအစိုးရအနေဖြင့် အစ္စရေးထံသို့ အပစ်ရပ်ရေး အစီအမံ အဆိုပြုခဲ့သော်လည်း တုံ့ပြန်ချက်မရရှိသေးကြောင်း လက်ဘနွန်နိုင်ငံ သမ္မတ Joseph Aoun က ဧပြီ ၅ ရက်တွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ပဋိပက္ခကို သံတမန်နည်းလမ်းဖြင့် အဆုံးသတ်ရန်၊ ပြည်သူများအခက်အခဲအား လျှော့ချပေးရန် တိုက်တွန်းခဲ့သည်။
လက်ဘနွန်-အစ္စရေးကြား စစ်ပွဲကို စတင်ခြင်းသည် လက်ဘနွန်နိုင်ငံအစိုးရနှင့် ပြည်သူများ၏ ဆန္ဒမဟုတ်ကြောင်း၊ လက်ဘနွန်ဘက်၏ လက်ရှိအဓိကဂရုပြုသော ဦးစားပေးအကြောင်းအရာများမှာ ပြည်တွင်းငြိမ်းချမ်းရေးထိန်းသိမ်းရန်၊ လက်ဘနွန်နိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာသူများကို ကူညီကယ်ဆယ်ရန်၊ သံတမန်ရေးနည်းလမ်းဖြင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ကာ စစ်ပွဲရပ်တန့်ရန်တို့ဖြစ်ကြောင်း Joseph Aoun က ပြောကြားခဲ့သည်။
လက်ဘနွန်နိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးသည် “အနီရောင်စည်းမျဉ်း” တစ်ခုဖြစ်ကြောင်း၊ လက်ဘနွန် လုံခြုံရေးတပ်ဖွဲ့နှင့် စစ်တပ်တို့အနေဖြင့် ပြည်တွင်းအငြင်းပွားမှုများအား လှုံ့ဆော်သည့် ကြိုးပမ်းမှုမှန်သမျှကို တုံ့ပြန်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း Joseph Aoun က သတိပေးပြောကြားခဲ့သည်။
မတ် ၂ ရက်တွင် လက်ဘနွန်-အစ္စရေး စစ်မီးပြန်လည်လောင်ကျွမ်းလာသည့်အချိန်မှစ၍ အစ္စရေးသည် လက်ဘနွန်အပေါ် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ လူ ၁,၄၆၁ ဦး သေဆုံး၍ ၄,၄၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန စာရင်းကောက်ယူမှုအရ သိရသည်။
“ဆွေးနွေးညှိနှိုင်းမှုနဲ့ယှဉ်ရင် စစ်ပွဲက တကယ်ပဲ ပိုကောင်းတဲ့ရွေးချယ်မှု ဟုတ်ရဲ့လား” ဟု Joseph Aoun က အမှာစကားအတွင်း မေးခွန်းထုတ်ခဲ့သည်။ ဆွေးနွေးညှိနှိုင်းခြင်းသည် အရှုံးပေးအညံ့ခံခြင်း မဟုတ်ကြောင်း၊ သံတမန်ဆက်ဆံရေးသည်လည်း အလျှော့ပေးခြင်း မဟုတ်ကြောင်း၊ စစ်ပွဲသည် နောက်ဆုံးတွင် ဆွေးနွေးညှိနှိုင်းမှု အသွင်ဖြင့်သာ အဆုံးသတ်လေ့ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
လက်ဘနွန်အစိုးရအနေဖြင့် အစ္စရေးထံသို့ အစီအမံတစ်ရပ် အဆိုပြုခဲ့ရာ ရှေးဦးစွာ အပစ်ရပ်ပြီး နောက်ဆက်တွဲ ဆွေးနွေးညှိနှိုင်းမှုအတွက် လမ်းခင်းပေးရန်ဖြစ်ကြောင်း၊ လက်ရှိတွင် လက်ဘနွန်ဘက်၏ တုံ့ပြန်ချက်မရရှိသေးကြောင်း Joseph Aoun က ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
黎巴嫩向以色列提出停火倡议 尚未收到回应
新华社贝鲁特4月5日电(记者曹昌浩 申峰)黎巴嫩总统奥恩5日发表讲话说,黎政府已向以色列提出停火倡议,但尚未收到回应。他呼吁通过外交途径结束冲突,减少民众苦难。
奥恩表示,开启黎以之间的战争并非黎巴嫩政府和人民意愿,黎方目前重点关注3个优先事项:维护国内和平,救助黎境内流离失所者,加强外交接触以结束战争。
奥恩警告说,黎巴嫩的国内和平是一条“红线”,黎安全部队和军队已准备好应对任何煽动内部纷争的企图。
据黎巴嫩卫生部统计,自3月2日黎以战火重燃以来,以色列对黎巴嫩的持续袭击已造成1461人死亡,4430人受伤。奥恩在讲话中质问:“与谈判相比,战争是否真是更好的选择?”他说,谈判并非投降,外交也不是让步,战争最终总会以谈判的形式结束。
奥恩表示,黎政府已向以色列提出一项倡议:首先实现停火,为后续谈判铺路。目前,黎方尚未收到回应。(完)
图说:4月4日,在黎巴嫩提尔,一名男子用手机拍摄遭以色列空袭损毁的建筑。新华社发(阿里·哈希绍摄)
