Africa & Middle East
အီရန်တွင် တက္ကသိုလ်ပေါင်း ၃၀ ရှေ့ဆင့်နောက်ဆင့် တိုက်ခိုက်မှုခံရ
တီဟီရန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
အီရန်တွင် တက္ကသိုလ်ပေါင်း ၃၀ သည် တိုက်ရိုက်တိုက်ခိုက်မှုခံရပြီး တက္ကသိုလ် ပါမောက္ခ ၅ ဦးနှင့် တက္ကသိုလ်ကျောင်းသား ၆၀ ကျော်သည် အီရန်အပေါ် အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း အီရန် သိပ္ပံ၊ သုတေသနနှင့် နည်းပညာဝန်ကြီး Hossein Simaei-Sarraf က ပြောကြားခဲ့သည်ဟု အီရန်မီဒီယာများ၏ ဧပြီ ၄ ရက် သတင်းအရ သိရသည်။
Hossein Simaei-Sarraf က အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ Shahid Beheshti တက္ကသိုလ်တွင် အမှာစကားပြောကြားရာ၌ အခြေခံအဆောက်အဦအား တိုက်ခိုက်ခြင်းသည် “လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု” ဖြစ်ကြောင်း၊ “၂၁ ရာစုမှာ အရပ်ဘက်သုံးနေရာ၊ အရပ်သားပြည်သူ၊ သိပ္ပံသုတေသနပြုလုပ်ခြင်းနဲ့ လူမှုယဉ်ကျေးမှု အဆောက်အဦတွေကို တိုက်ခိုက်တာ ယုံကြည်နိုင်ဖွယ်မရှိပါဘူး။ ရန်သူက ကျောက်ခေတ်ကို နောက်ပြန်ဆုတ်သွားနေပါပြီ” ဟု ပြောကြားခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ မြို့တော်တီဟီရန်ရှိ Shahid Beheshti တက္ကသိုလ်တွင် အီရန် သိပ္ပံ၊ သုတေသနနှင့် နည်းပညာဝန်ကြီး Hossein Simaei-Sarraf က မီဒီယာများ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


——————-
(Chinese Version)
伊朗30所大学先后遭袭
新华社照片,德黑兰,2026年4月5日
据伊朗媒体4日报道,伊朗科学部长侯赛因·西迈·萨拉夫说,伊朗已有30所大学遭到直接攻击,5名大学教授和60多名大学生在美国和以色列针对伊朗的袭击中丧生。
萨拉夫在位于伊朗首都德黑兰的沙希德·贝赫什提大学说,袭击基础设施是“反人类罪行”,“在21世纪,攻击民用场所、平民、科研和人文基础设施令人难以置信,敌人已经退回到石器时代”。
1、这是4月4日在伊朗首都德黑兰拍摄的遭袭的沙希德·贝赫什提大学建筑。新华社记者 沙达提 摄
2、4月4日,在位于伊朗首都德黑兰的沙希德·贝赫什提大学,伊朗科学部长侯赛因·西迈·萨拉夫接受媒体采访。新华社记者 沙达提 摄
