Connect with us

North America

ကယ်ဆယ်ရေးလှုပ်ရှားမှုအတွက် လေယာဉ် ၁၅၅ စင်း အသုံးပြုကာ ပို့ဆောင်ရေးလေယာဉ် ၂ စင်းအား မဖြစ်မနေ ဖောက်ခွဲဖျက်ဆီးခဲ့ရဟု ထရမ့် ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်ပြောကြားနေသည့် အမေရိကန် သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အမေရိကန်စစ်တပ်သည် ပစ်ချခံရသော F-15E အမျိုးအစား တိုက်လေယာဉ်၏ ဒုတိယမြောက် လေယာဉ်မှူးအား ကယ်ဆယ်ရေးလှုပ်ရှားမှုအတွင်း လေယာဉ် ၁၅၅ စင်း အသုံးပြုခဲ့သည့်အပြင် သဲမြေထဲ နစ်မြုပ်နေသည့် ပို့ဆောင်ရေးလေယာဉ် ၂ စင်းကိုလည်း မဖြစ်မနေ ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း အမေရိကန် သမ္မတ ထရမ့်က ဧပြီ ၆ ရက် အိမ်ဖြူတော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးလှုပ်ရှားမှုတွင် ဗုံးကြဲလေယာဉ် ၄ စင်း၊ တိုက်လေယာဉ် ၆၄ စင်း၊ ဝေဟင်ဆီဖြည့်လေယာဉ် ၄၈ စင်း၊ ကယ်ဆယ်ရေးလေယာဉ် ၁၃ စင်းနှင့် အခြားလေယာဉ်အမျိုးမျိုး၊ လူဦးရေ ရာနှင့်ချီပါဝင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ ယင်းသည် အန္တရာယ်များပြည့်နှက်နေသည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း၊ “ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လူတစ်ယောက် နှစ်ယောက်တည်းမဟုတ်ဘဲ လူ ၁၀၀ ကျဆုံးမှုဆိုတဲ့ ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲ အကျိုးဆက်နဲ့ ရင်ဆိုင်ရနိုင်ခြေရှိလို့ပါ” ဟု ၎င်းက ဆိုသည်။
အမေရိကန်စစ်တပ်က ဆုတ်ခွာချိန်တွင် အကြီးစား ပို့ဆောင်ရေးလေယာဉ် နှစ်စင်းအသုံးပြုကာ စက်ပစ္စည်း အများအပြားလည်း သယ်ဆောင်ခဲ့ကြောင်း၊ သို့သော်လေယာဉ်သည် သဲမြေတွင်းနစ်မြုပ်သွားကာ လှုပ်ရှား၍မရတော့သဖြင့် လေယာဉ်ပေါ်ပါ ခေတ်မီလေကြောင်းကာကွယ်ရေးလက်နက်နှင့် အခြားစက်ပစ္စည်းများကို အီရန်ရရှိသွားခြင်းမှ ကာကွယ်ရန် အမေရိကန်စစ်တပ်သည် အဆိုပါ ပို့ဆောင်ရေးလေယာဉ်နှစ်စင်းအား မဖြစ်မနေ ဖောက်ခွဲဖျက်ဆီးခဲ့ရကြောင်း၊ ထို့နောက် အရေးပေါ်တုံ့ပြန်မှု အစီအစဉ်အနေဖြင့် အမေရိကန်ဘက်က ပိုမိုပေါ့ပါးသော၊ ပိုမိုမြန်ဆန်သော လေယာဉ် ၃ စင်း စေလွှတ်ကာ သက်ဆိုင်ရာလူပုဂ္ဂိုလ်များကို သွားရောက်ခေါ်ခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ Dan Caine က သတင်းစာရှင်းလင်းပွဲတွင် A-10 တိုက်လေယာဉ်တစ်စင်းက ထိုမတိုင်မီ ကယ်ဆယ်ရေးလှုပ်ရှားမှုအတွင်း “ရန်သူဘက်ပစ်ခတ်မှု” ခံခဲ့ရသဖြင့် လေယာဉ်မှူးသည် အီရန်ဝေဟင်မှ ပျံသန်းထွက်ခွာပြီးနောက် အချိန်မီ အသက်ဘေးမှလွတ်မြောက်ရန် ထွက်ခွာနိုင်ခဲ့ပြီး ကယ်တင်ခံခဲ့ရကြောင်း၊ ထို့ပြင် F-15E တိုက်လေယာဉ် လေယာဉ်မှူးအား သွားကြိုသည့် ရဟတ်ယာဉ်သည်လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရကာ ရဟတ်ယာဉ်ကိုယ်ထည် ကျည်ထိခြင်း၊ ရဟတ်ယာဉ်ပေါ်ပါဝန်ထမ်းများ အသေးစားဒဏ်ရာရခြင်းတို့ ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

ယခုအကြိမ်လှုပ်ရှားမှုသည် နာရီပေါင်း ၅၀ ကျော် ဆက်တိုက်ကြာမြင့်ခဲ့ကြောင်း၊ အမေရိကန်စစ်တပ်က ဒုတိယမြောက် လေယာဉ်မှူးအား ကယ်တင်ချိန်တွင် အီရန်ဘက်ကလည်း ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း၊ အမေရိကန်စစ်တပ်က အီရန်ဘက် ရှာဖွေဖမ်းဆီးရေးအဖွဲ့ကို အကြိမ်များစွာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Dan Caine က ပြောကြားခဲ့သည်။
အီရန် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် ဧပြီ ၃ ရက်တွင် အမေရိကန်စစ်တပ် F-15E လူနှစ်ဦး စီးနင်းလိုက်ပါနိုင်သော တိုက်လေယာဉ်တစ်စင်းအား ပစ်ချခဲ့ရာ လေယာဉ်မှူးနှစ်ဦးက လေထီးဖြင့် အချိန်မီ ထွက်ခွာနိုင်ခဲ့သည်။ အမေရိကန်စစ်တပ် ရှာဖွေကယ်ဆယ်ရေးလေယာဉ်နှင့် ရဟတ်ယာဉ်တို့သည် ထိုနေ့တွင် အီရန်နိုင်ငံပြည်တွင်းသို့ဝင်ရောက်၍ လေယာဉ်မှူးတစ်ဦးအား ရှာဖွေတွေ့ရှိကာ ကယ်ဆယ်နိုင်ခဲ့သည်။ ထိုကာလအတွင်း အမေရိကန်စစ်တပ် ရဟတ်ယာဉ်နှစ်စင်း ပစ်ခတ်ခံခဲ့ရပြီး ဆုတ်ခွာရန် ကြိုးပမ်းခဲ့သည်။ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြား အနီးတစ်ဝိုက် ဝေဟင်တွင် ရှာဖွေကယ်ဆယ်ရေး၌ ပါဝင်သည့် A-10 တိုက်ခိုက်ရေးလေယာဉ်တစ်စင်းကိုလည်း ထိမှန်အောင် ပစ်ခတ်ခဲ့သည်။ အမေရိကန် အရှေ့ပိုင်းဒေသ စံတော်ချိန် ဧပြီ ၄ ရက် ညပိုင်းတွင် အမေရိကန်စစ်တပ်အနေဖြင့် အီရန်မှ ဒုတိယမြောက် လေယာဉ်မှူးကို ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကြောင်း ထရမ့်က ကြေညာခဲ့သည်။ (Xinhua)

——————
(Chinese Version)
特朗普:营救行动出动155架飞机 被迫炸毁两架运输机
新华社华盛顿4月6日电 美国总统特朗普6日在白宫举行的新闻发布会上称,美军在营救被击落F-15E型战斗机第二名飞行员的行动中出动155架飞机,还被迫炸毁两架陷入沙地的运输机。
特朗普说,参加营救行动的包括4架轰炸机、64架战斗机、48架空中加油机、13架救援机以及其他各类机型,涉及人员多达数百人。他称,这是一个充满风险的决定,“因为我们有可能面临100人阵亡的惨重后果,而非仅仅一两人”。
特朗普说,美军在撤离时动用两架大型运输机并携带了大量装备,但飞机陷入沙地中动弹不得,美军被迫炸毁这两架运输机,以防机载先进防空武器及其他设备被伊方得到。随后,作为应急预案,美方调来3架更轻便、更迅捷的飞机接走相关人员。
美军参谋长联席会议主席凯恩在新闻发布会上承认,一架A-10攻击机在先前的营救行动中被“敌方火力”击中,飞行员在飞离伊朗领空后实施弹射逃生并获救。此外,接应F-15E战斗机飞行员的直升机曾遭到猛烈攻击,机身中弹,机组人员受轻伤。
凯恩说,此次行动共持续50多个小时。美军在营救第二名飞行员过程中,伊朗方面也在搜寻,美军对伊方搜捕队伍进行了多轮空袭。
伊朗防空部队3日击落一架美军F-15E型双座战斗机,两名飞行员跳伞逃生。美军搜救飞机和直升机当天进入伊朗境内,找到并救起一名飞行员。其间,两架美军直升机被击中,但设法撤离。伊方还在霍尔木兹海峡附近空域击中一架参与搜救的A-10攻击机。美东时间4日晚,特朗普宣布,美军已从伊朗救出第二名飞行员。(完)
图说:4月6日,美国总统特朗普在首都华盛顿白宫举行的新闻发布会上讲话。新华社发(李源清摄)