Connect with us

Africa & Middle East

သေဆုံးခဲ့သော မူလတန်းကျောင်းသူများအား အောက်မေ့သတိရခြင်း၊ အမေရိကန်-အစ္စရေး၏ တိုက်ခိုက်မှု လုပ်ရပ်များကို ရှုတ်ချ

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ကျင်းပသော အောက်မေ့သတိရခြင်းအခမ်းအနား၌ စီစဉ်သူများက မူလတန်းကျောင်း စာသင်ခန်း တိုက်ခိုက်ခံရသည့် မြင်ကွင်းကို ပြန်လည်သရုပ်ဖော်ခဲ့ပြီး အမေရိကန်-အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သော Minab မူလတန်းကျောင်းမှ ကျောင်းသူများအား အောက်မေ့သတိရနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အီရန်အစိုးရသည် အမေရိကန်-အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော Minab မြို့ မူလတန်းကျောင်းမှ ကျောင်းသူများအား အောက်မေ့သတိရသည့် အခမ်းအနားအား တီဟီရန်မြို့၌ ဧပြီ ၇ ရက်တွင် ကျင်းပခဲ့ပြီး အီရန်စာသင်ကျောင်းနှင့် ကျောင်းသူများအား တိုက်ခိုက်သည့် အမေရိကန်-အစ္စရေး၏ လုပ်ရပ်များကို အပြင်းအထန် ရှုတ်ချခဲ့သည်။

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော စစ်ရေးလှုပ်ရှားမှုများအတွင်း အီရန်နိုင်ငံ တောင်ပိုင်း Minab မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်ခံခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းငယ် လူ ၁၇၅ ဦး သေဆုံးခဲ့ပြီး ယင်းအနက် အများစုမှာ ကလေးငယ်များဖြစ်ကြောင်း အီရန်ဘက်က ပြောကြားခဲ့သည်။ (Xinhua)

………………….
(Chinese Version)
伊朗:悼念遇难小学学生 谴责美以袭击行为
新华社照片,德黑兰,2026年4月6日
当天,伊朗政府在德黑兰举行活动,悼念遭美以空袭遇难的米纳卜小学学生,强烈谴责美以袭击伊朗学校和学生的行为。2月28日,在美国和以色列对伊朗发动的军事行动中,伊朗南部米纳卜市的一所小学遭空袭。伊朗方面表示,空袭造成至少175人死亡,其中大部分是儿童。
图说:4月6日,在伊朗首都德黑兰市举行的悼念活动现场,组织者搭建起小学教室遭袭场景,悼念遭美以空袭遇难的米纳卜小学学生。 新华社记者 沙达提 摄