Africa & Middle East
အီရန်က ဆွေးနွေးညှိနှိုင်းရန် သဘောတူညီသော်လည်း အမေရိကန်အပေါ် “လုံးဝအယုံအကြည်မရှိ” ဟု ဆို
တီဟီရန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အီရန်ထိပ်တန်းခေါင်းဆောင် မို့ချ်တာဘာ ခါမေနီနှင့် အီရန် အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်အရ အီရန်သည် ဧပြီ ၁၀ ရက်တွင် ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်တွင် အမေရိကန်ဘက်နှင့် သီတင်းပတ်နှစ်ပတ်ကြာ ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သို့သော် အီရန်ဘက်အနေဖြင့် အမေရိကန်အပေါ် “လုံးဝအယုံအကြည်မရှိ” ကြောင်း အီရန် အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီက ဧပြီ ၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အီရန်အနေဖြင့် အမေရိကန်အပေါ် “လုံးဝအယုံအကြည်မရှိ” ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုအတွက် အချိန်အားဖြင့် သီတင်းပတ်နှစ်ပတ် စီစဉ်ထားမည်ဖြစ်ကြောင်း၊ နှစ်ဖက်သဘောတူညီမှုဖြင့် ဆွေးနွေးညှိနှိုင်းမှုအချိန်ကို သက်တမ်းတိုးနိုင်ကြောင်း၊ ထိုကာလအတွင်း အီရန်အနေဖြင့် တစ်နိုင်ငံလုံးစည်းလုံးညီညွတ်မှု ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ယင်းသည် စစ်မြေပြင်တိုက်ပွဲဆင်နွှဲမှု၏ နောက်ဆက်တွဲဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဆွေးနွေးညှိနှိုင်းမှုသည် စစ်ပွဲအဆုံးသတ်မှုဟု မဆိုလိုကြောင်း၊ အပစ်ရပ်ရေးတောင်းဆိုချက် ၁၀ ရပ်ကို လိုက်နာပြီး စစ်မြေပြင်တွင် “ရန်သူ၏ အညံ့ခံမှု” ကို ဆွေးနွေးညှိနှိုင်းမှုအတွင်း “အဆုံးအဖြတ်ပေးနိုင်သော နိုင်ငံရေးရလဒ်” အဖြစ် ပြောင်းလဲလိုက်ကာ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ၎င်း၏နောက်ဆုံးအသေးစိတ်ကို အတည်ပြုပြီးမှသာ အီရန်အနေဖြင့် စစ်ပွဲကိုအဆုံးသတ်ရန် လက်ခံမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဆိုထားသည်။
အီရန်၊ အမေရိကန်နှင့် နှစ်ဖက်၏ ကိုယ်စီမဟာမိတ်များက လက်ဘနွန်နှင့် အခြားသောဒေသများအပါအဝင် နေရာအားလုံး၌ ချက်ချင်းအပစ်ရပ်ရန် သဘောတူညီခဲ့ပြီး ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif က ဧပြီ ၈ ရက်တွင် အတည်ပြုခဲ့သလို အငြင်းပွားမှုအား ဖြေရှင်းသည့် နောက်ဆုံးသဘောတူညီချက်ရရှိရန်အတွက် ဧပြီ ၁၀ ရက်တွင် အစ္စလာမ်မာဘတ်တွင် တစ်ဆင့်တိုး ဆွေးနွေးညှိနှိုင်းသွားရန် အီရန်၊ အမေရိကန် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များကို ၎င်းအနေဖြင့် ဖိတ်ကြားကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
伊朗说同意谈判但对美国“完全不信任”
新华社德黑兰4月8日电(记者沙达提)伊朗最高国家安全委员会8日发表声明说,根据伊朗最高领袖穆杰塔巴·哈梅内伊的建议和最高国家安全委员会的批准,伊朗将于10日在巴基斯坦首都伊斯兰堡同美方举行为期两周的谈判,但伊方对美方“抱有完全的不信任”。
声明说,伊朗对美方“抱有完全的不信任”,将为谈判安排两周时间,经双方同意,谈判时间可以延长。在此期间,伊朗必须保持全国团结,这是战场斗争的延续。
声明还说,谈判并不意味着战事结束,只有遵循10项停战条款,将战场上“敌人的投降”变成谈判中“决定性的政治成果”,并通过谈判最终确定其细节之后,伊朗才会接受结束战事。
巴基斯坦总理夏巴兹8日证实,伊朗和美国以及双方各自盟友同意在包括黎巴嫩和其他地区在内的所有地点立即停火,即日起生效。他邀请伊美双方代表团10日在伊斯兰堡进一步谈判,以达成解决所有争端的最终协议。(完)
图说:这是4月7日在德黑兰拍摄的遭美国和以色列空袭后的伊朗谢里夫理工大学。新华社记者 沙达提 摄
