Connect with us

International Organizations

အမေရိကန်-အီရန် သီတင်းပတ် နှစ်ပတ်ကြာ အပစ်ရပ်ရန် ကြေညာမှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် အမှာစကားပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

အမေရိကန်-အီရန် သီတင်းပတ် နှစ်ပတ်ကြာ အပစ်ရပ်ရန် ကြေညာမှုအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဧပြီ ၇ ရက်တွင် ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လက်ရှိ အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်ပွားသူများအနေဖြင့် နိုင်ငံတကာ ဥပဒေအရ ၎င်းတို့ ထမ်းရွက်သင့်သော တာဝန်ဝတ္တရားများကို ဖော်ဆောင်ရန်၊ အပစ်ရပ်ရေးအကြောင်းအရာများကို လေးစားလိုက်နာရန်၊ ယင်းဒေသအတွင်း ရေရှည်၊ ဘက်စုံဖြစ်သော ငြိမ်းချမ်းရေးအတွက် လမ်းခင်းမှုကို ဖော်ဆောင်ရန် ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။

အရပ်သားပြည်သူများ၏အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြည်သူလူထုခံစားနေရသော ဒုက္ခအခက်အခဲများကို ပြေလျော့စေရန်အတွက် လက်ရှိ အရေးအကြီးဆုံးမှာ ရန်လိုသည့်လှုပ်ရှားမှုများကို ရပ်တန့်ရန် ဖြစ်ကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ပါကစ္စတန်နှင့် အခြားသက်ဆိုင်ရာနိုင်ငံများ၏ ယခုအကြိမ်အပစ်ရပ်ရေး ဖြစ်မြောက်အောင် ကြိုးပမ်းမှုအပေါ် တန်ဖိုးထားချီးကျူးကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်သည့် ကြိုးပမ်းမှုအသီးသီးကို ပံ့ပိုးရန်အတွက် အထွေထွေအတွင်းရေးမှူးချုပ်၏ တစ်သီးပုဂ္ဂလ အထူးသံတမန် Jean Arnault က လက်ရှိ ယင်းဒေသတွင် ရှိနေကြောင်း သိရသည်။ (Xinhua)

—————–
(Chinese Version)
联合国秘书长对美伊宣布停火两周表示欢迎
新华社联合国4月7日电 联合国秘书长古特雷斯7日经由其发言人发表声明,对美国与伊朗宣布停火两周表示欢迎。
古特雷斯敦促当前中东冲突当事方履行其依据国际法应承担的义务,遵守停火条款,为该地区实现持久、全面和平铺平道路。
古特雷斯表示,当务之急是停止敌对行动,以保护平民生命安全并减轻民众遭受的苦难。他对巴基斯坦及其他相关国家为促成此次停火所作努力表示赞赏。秘书长个人特使让·阿尔诺目前正在该地区,以支持旨在实现持久和平的各项努力。(完)
1. 4月2日,联合国秘书长古特雷斯在位于纽约的联合国总部举行的记者会上讲话。新华社记者 谢锷 摄