Africa & Middle East
လွင်တီးခေါင် ဂိုဘီသဲကန္တာရတွင် “မြစိမ်းရတနာ” စိုက်ပျိုး
ရင်ချွမ်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
ယခုအချိန်သည် နွေဦးစိုက်ပျိုးရာသီ၏ အလုပ်များသောအချိန်ဖြစ်ပြီး တရုတ်နိုင်ငံ နင်းရှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျုံးဝေ့မြို့၊ ဆားဖောထိုခရိုင်က ရှန်းဆန်းတောင်ခြေရှိ လွင်တီးခေါင် ဂိုဘီသဲကန္တာရပေါ်တွင် တရုတ်မူ (Mu) သိန်းနှင့်ချီရှိသော ရှီးဆားဖရဲသီးစိုက်ခင်းများ စိုက်ပျိုးရာသီ ရောက်ရှိပြီ ဖြစ်သည်။
ရှီးဆားဖရဲသီးဆိုသည်မှာ ဒေသခံပြည်သူများက ဂိုဘီသဲကန္တာရ၏ ဆီလီနီယမ်ဓာတ် ကြွယ်ဝသော မြေဆီလွှာပေါ်တွင် ကျောက်စရစ်ခဲများ ဖုံးအုပ်ခြင်း နည်းလမ်းဖြင့် စိုက်ပျိုးထားသော ဖရဲသီးအမျိုးအစား ဖြစ်ပါသည်။ ၎င်းဖရဲသီးသည် “အသီးအရွယ်အစားကြီးခြင်း၊ အသားပွပြီး အရည်ရွှမ်းခြင်းနှင့် အချိုဓာတ်မြင့်မားခြင်း” တို့ကြောင့် ကျော်ကြားပြီး ဂိုဘီသဲကန္တာရ၏ “မြစိမ်းရတနာ” ဟု တင်စားခေါ်ဝေါ်ခံရသည်။ ကျုံးဝေ့မြို့သည် ယခုနှစ်တွင် ရှန်းဆန်းတောင်ပတ်လည် စိုက်ပျိုးရေးဇုန်ကို ဗဟိုပြု၍ ရှီးဆားဖရဲသီး တရုတ်မူ (Mu) ၄၂၀,၀၀၀ကျော် စိုက်ပျိုးရန် လျာထားပြီး၊ ဤဖရဲသီးစိုက်ပျိုးရေး လုပ်ငန်းသည် ဒေသခံတောင်သူများ ဝင်ငွေတိုးပွား၍ ချမ်းသာကြွယ်ဝစေသည့် မဏ္ဍိုင်လုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)




……………………….
(Chinese Version)
荒滩戈壁播种“绿宝石”
新华社照片,银川,2026年4月7日
眼下正值春忙时节,宁夏中卫市沙坡头区香山下的荒滩戈壁之上,数十万亩硒砂瓜迎来播种期。
硒砂瓜,是当地百姓通过在戈壁富硒土壤上覆盖砂石的方式种植出的西瓜,以“个大、瓤沙、汁多、甜度高”著称,被誉为戈壁上的“绿宝石”。中卫市今年以环香山产区为核心,计划种植硒砂瓜42万亩,硒砂瓜产业已成为当地农户增收致富的支柱产业。
图说:4月6日,宁夏中卫市沙坡头区兴仁镇,农户在田间种植硒砂瓜种苗。 新华社记者 王鹏 摄
