North America
မာဒူရိုကို ဇန်နဝါရီ ၅ ရက်တွင် နယူးယောက်တရားရုံး၌ ရုံးထုတ်မည်ဟု အမေရိကန်တရားရုံး ဆို
နယူးယောက်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
အမေရိကန်က အတင်းအကျပ်ထိန်းချုပ်ထားသော ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇန်နဝါရီ ၅ ရက် နေ့လည် ၁၂ နာရီ (ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၆ ရက် နံနက် ၁ နာရီ) တွင် တရားရုံး၌ ရုံးထုတ်မည်ဖြစ်ပြီး တရားရုံးကြားနာမှုကို တရားသူကြီး Alvin Hellerstein က ကြီးမှူးလုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်တောင်ပိုင်းဖက်ဒရယ်ဒေသတရားရုံး၏ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၄ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မာဒူရိုနှင့် ၎င်း၏ဇနီးကို အမေရိကန်နိုင်ငံ နယူးယောက်တောင်ပိုင်းဖက်ဒရယ်ဒေသတရားရုံးက တရားစွဲဆိုထားပြီးဖြစ်ကြောင်း အမေရိကန် ရှေ့နေချုပ် Pam Bondi က ဇန်နဝါရီ ၃ ရက်တွင် လူမှုမီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန် ပြောကြားခဲ့သည်။ Bondi က ဗင်နီဇွဲလားသမ္မတအဖြစ် မာဒူရို၏ ရာထူးကို မဖော်ပြခဲ့ဘဲ မာဒူရိုအား “မူးယစ်ဆေးဝါးအကြမ်းဖက်ဝါဒ အားထုတ်ကြံစည်မှု၊ ကိုကင်းမှောင်ခိုရောင်းဝယ်ရေး အားထုတ်ကြံစည်မှု၊ စက်သေနတ်များနှင့် ဖျက်ဆီးရေးပစ္စည်းများ ကိုင်ဆောင်တပ်ဆင်မှု၊ အမေရိကန်အား ဦးတည်သည့် စက်သေနတ်များနှင့် ဖျက်ဆီးရေးပစ္စည်းများ ကိုင်ဆောင်တပ်ဆင်ရန် အားထုတ်ကြံစည်မှု” ဖြင့် စွပ်စွဲချက်တင်ထားကြောင်း ပြောဆိုခဲ့သည်။ (Xinhua)
………………….
(Chinese Version)
美国法院称马杜罗将于5日在纽约出庭
新华社纽约1月4日电 美国纽约南区联邦地区法院网站4日发布的通知说,被美国强行控制的委内瑞拉总统马杜罗将于美国东部时间5日12时(北京时间6日1时)出庭,庭审由法官阿尔文·赫勒斯坦主持。
美国司法部长邦迪3日通过社交媒体发布消息说,马杜罗及其夫人已被美国纽约南区联邦地区法院起诉。邦迪没有使用马杜罗的委内瑞拉总统头衔,并声称马杜罗被指控犯有“毒品恐怖主义阴谋罪、可卡因走私阴谋罪、持有机枪及破坏性装置罪,以及针对美国的持有机枪及破坏性装置阴谋罪”。
图说:2025年11月25日,委内瑞拉总统马杜罗在加拉加斯举行的游行活动上发表讲话。新华社发
