Connect with us

Europe

ရုရှားဒေသအများအပြားကို ယူကရိန်းဒရုန်းအစင်းရေ ၂၀၀ ကျော်ဖြင့် တိုက်ခိုက်ခဲ့ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ကရင်မလင်နန်းတော်ကို ၂၀၂၄ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအတွင်းရှိ ဒေသအများအပြားကို ကြာချိန် ၇ နာရီအတွင်း ယူကရိန်းက တောင်ပံပုံသေဒရုန်း (fixed-wing drone) ၂၅၃ စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။

မော်စကိုစံတော်ချိန် ထိုနေ့ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီအထိ ရုရှားလေကြောင်းကာကွယ်ရေးစနစ်သည် Bryansk ပြည်နယ်၊ Belgorod ပြည်နယ်၊ မော်စကိုနှင့် မော်စကိုပြည်နယ်၊ Kaluga ပြည်နယ်၊ Kursk ပြည်နယ် စသည့် ဒေသအများအပြားတွင် ယူကရိန်း၏ တောင်ပံပုံသေဒရုန်း ၂၅၃ စင်းကို ကြားဖြတ်တားဆီး သို့မဟုတ် ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ အစောပိုင်းအချိန်တွင် ရုရှားဖက်ဒရယ် လေကြောင်းသယ်ယူပို့ဆောင်ရေးအေဂျင်စီက မော်စကိုရှိ Domodedovo International Airport၊ Vnukovo International Airport ၊ Zhukovsky International Airport နှင့် Yaroslavl ပြည်နယ်ရှိ Yaroslavl (Tunoshna) International Airport ၊ Nizhni Novgorod ပြည်နယ်ရှိ Nizhny Novgorod International Airport အားလုံးတို့တွင် ဒရုန်းတိုက်ခိုက်သည့် ခြိမ်းခြောက်မှုကြောင့် ယာယီထိန်းချုပ်စီမံမှုများ ချမှတ်လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
သတင်းထုတ်ပြန်သည့်အချိန်အထိ လေယာဉ်ကွင်းတချို့၏ ယာယီလေကြောင်းဖြတ်သန်းသွားလာရေး ထိန်းချုပ်မှုများကို ရုပ်သိမ်းခဲ့သည်။ (Xinhua)

…………………
(Chinese Version)
俄国防部:200多架乌克兰无人机袭击俄多地
新华社莫斯科1月4日电(记者黄河)俄罗斯国防部4日夜间通报称,俄境内多地在7小时内遭遇253架乌克兰固定翼无人机袭击。
俄国防部在通报中说,莫斯科时间当日13时至20时,俄防空系统在布良斯克州、别尔哥罗德州、莫斯科及莫斯科州、卡卢加州、库尔斯克州等多个地区拦截或击落253架乌克兰固定翼无人机。
当日早些时候,俄联邦航空运输署发布消息说,莫斯科的多莫杰多沃机场、伏努科沃机场、茹科夫斯基机场,以及雅罗斯拉夫尔州的雅罗斯拉夫尔机场和下诺夫哥罗德州的下诺夫哥罗德机场均因无人机袭击威胁实行临时管制。
截至记者发稿,部分机场的临时管制已经取消。
图说:这是2024年5月11日在俄罗斯首都莫斯科拍摄的克里姆林宫。新华社发(亚历山大摄)