Latin America
ဗင်နီဇွဲလားက တိုက်ပွဲဝင်ရန် ဘက်စုံအသင့်ပြင်ထား၊ နိုင်ငံတကာအသိုက်အဝန်းက ဆက်တိုက် ဆန့်ကျင်ကန့်ကွက်၊ ထရမ့်က “မပြီးသေး” ဟုဆို
ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားအပေါ် အမေရိကန်အစိုးရ စစ်ရေးလှုပ်ရှားမှုများသည် နိုင်ငံတကာအသိုက်အဝန်း၏ ဆက်တိုက် ဆန့်ကျင်ကန့်ကွက်မှု ခံရလျက်ရှိသည်။ ဇန်နဝါရီ ၄ ရက်တွင် ကိုလံဘီယာ စသည့် နိုင်ငံပေါင်း ၆ နိုင်ငံက ပူးတွဲကြေညာချက်ထုတ်ပြန်ကာ ဗင်နီဇွဲလားအပေါ် တစ်ဖက်သတ် စစ်ရေးလှုပ်ရှားမှုများသည် “အလွန်အမင်း အန္တရာယ်များလှသော ရှေ့ပြေးသာဓက” စတင်လိုက်ခြင်း ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၄ ရက်တွင် ဗင်နီဇွဲလား ယာယီသမ္မတအပေါ် ခြိမ်းခြောက်ခဲ့ရာ ဗင်နီဇွဲလားသည် အမေရိကန် ပါဝင်စွက်ဖက်ဆောင်ရွက်သည့် နောက်ဆုံးနိုင်ငံမဟုတ်နိုင်ကြောင်း ကြေညာပြောဆိုခဲ့သည်။ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနက ယင်းနိုင်ငံ၏ တိုက်ပွဲဝင် ဘက်စုံအသင့်ပြင်အနေအထား စတင်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆန့်ကျင်ကန့်ကွက်ကြောင်း နိုင်ငံ ၆ နိုင်ငံက သဘောထားဖော်ပြ
ဗင်နီဇွဲလား အခြေအနေနှင့်စပ်လျဉ်း၍ ကိုလံဘီယာ၊ ဘရာဇီး၊ ချီလီ၊ မက္ကဆီကို၊ ဥရုဂွေးနှင့် စပိန်နိုင်ငံ အစိုးရများက ဇန်နဝါရီ ၄ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ ဗင်နီဇွဲလားအပေါ် တစ်ဖက်သတ် စစ်ရေးလှုပ်ရှားမှုသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် “အလွန်အမင်း အန္တရာယ်များလှသော ရှေ့ပြေးသာဓက” စတင်လိုက်ခြင်း ဖြစ်ကြောင်း၊ ထို့အပေါ် နိုင်ငံ ခြောက်နိုင်ငံအနေဖြင့် အလွန်စိုးရိမ်ပူပန်ကြောင်းနှင့် ဆန့်ကျင်ကန့်ကွက်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းကြောင်း ထောက်ပြပြောကြားခဲ့သည်။
ယခုကဲ့သို့သော စစ်ရေးလှုပ်ရှားမှုသည် နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခြေခံမူများကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု နိုင်ငံခြောက်နိုင်ငံအနေဖြင့် ယူဆကြောင်း၊ ဗင်နီဇွဲလားအခြေအနေကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရမည် ဖြစ်ပြီး ဗင်နီဇွဲလားပြည်သူများ ဦးဆောင်ရမည် ဖြစ်သလို ပြည်ပ၏ စွက်ဖက်မှုမပါဘဲ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသော အခြေအနေတွင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်သည့် ကြေညာချက်စာတမ်းအရ သိရသည်။
လက်တင်အမေရိကနှင့် ကာရေဘီယံဒေသသည် ငြိမ်းချမ်းသောဒေသ၏ ပင်ကိုယ်သဘာဝကို ကြေညာချက်က အလေးထားပြောကြားခဲ့ပြီး ဒေသတွင်းနိုင်ငံများအနေဖြင့် နိုင်ငံရေးကွဲလွဲမှုများကို ကျော်လွှားကာ စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ရန်၊ ဒေသတည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေသော မည်သည့် လှုပ်ရှားမှုကိုမဆို အတူတကွ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းထားသည်။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် သက်ဆိုင်ရာ နိုင်ငံစုံယန္တရားအနေဖြင့် ကြားဝင်ညှိနှိုင်းပေးသည့် အခန်းကဏ္ဍမှ ပါဝင်ကာ အခြေအနေတင်းမာမှုများ ပြေလျော့ရေး၊ ဒေသတွင်း ငြိမ်းချမ်းမှုအား ကာကွယ်ထိန်းသိမ်းရေးအတွက် အကျိုးဆောင်ပေးကြရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ပါဝင်စွက်ဖက်မှုများ ဆက်လက်ရှိလာနိုင်ဟု ထရမ့် ဆို
ထရမ့်က ဇန်နဝါရီ ၄ ရက်တွင် ဗင်နီဇွဲလား ယာယီသမ္မတ Delcy Rodríguez အား ခြိမ်းခြောက်ပြောကြားခဲ့သည်။
အကယ်၍ Rodríguez အနေဖြင့် “မှန်ကန်တဲ့ ကိစ္စကို မလုပ်ဘူး” ဆိုလျှင် “ကြီးမားစွာ ပေးဆပ်ရလိမ့်မည်” ဖြစ်ကြောင်း၊ “မာဒူရို ပေးဆပ်လိုက်ရတာထက် ပိုပြီး တန်ဖိုးကြီးမားနိုင်တယ်” ဟု ထရမ့်က အမေရိကန် The Atlantic လစဉ်မဂ္ဂဇင်း သတင်းထောက်၏ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
ဗင်နီဇွဲလားအပေါ် အမေရိကန် လုပ်ဆောင်သည့် စစ်ရေးလှုပ်ရှားမှုအပေါ် Rodríguez ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ထရမ့်က အတိအလင်းပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဗင်နီဇွဲလားမှာ အမေရိကန် ပါဝင်စွက်ဖက်သည့် နောက်ဆုံးနိုင်ငံတစ်နိုင်ငံ မဖြစ်နိုင်ကြောင်းနှင့် “မိမိတို့အနေဖြင့် ဂရင်းလန်းကျွန်းကို အပြည့်အဝလိုအပ်ကြောင်း” လည်း ထရမ့်က ကြေညာပြောကြားခဲ့သည်။
Rodríguez သည် ဗင်နီဇွဲလားသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးဖြစ်သလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ဖုန်းဖြင့်ဆက်သွယ်ကာ အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထရမ့်က ဇန်နဝါရီ ၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့နောက် မကြာမီတွင်ပင် Rodríguez က မာဒူရိုသည် ဗင်နီဇွဲလား၏ “တစ်ဦးတည်းသော သမ္မတ” ဖြစ်ကြောင်း၊ ဗင်နီဇွဲလားအနေဖြင့် မိမိနိုင်ငံ၏ သဘာဝအရင်းအမြစ်ကို ကောင်းမွန်စွာ ကာကွယ်သွားရန် အသင့်ပြင်ထားပြီးဖြစ်သလို ဗင်နီဇွဲလားသည် မည်သည့်နိုင်ငံ၏ ကိုလိုနီ၊ မည်သည့် အင်ပါယာ၏ ကျေးကျွန် မည်သည့်အခါမျှ ဖြစ်မည် မဟုတ်ကြောင်း ဗင်နီဇွဲလားနိုင်ငံပိုင်ရုပ်မြင်သံကြား၌ မိန့်ခွန်းပြောကြားခဲ့သည်။
တိုက်ပွဲဝင် ဘက်စုံအသင့်ပြင်အနေအထား စတင်
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်တွင် အစိုးရကြေညာချက် ထုတ်ပြန်ခဲ့ရာ ၎င်းနိုင်ငံအနေဖြင့် တိုက်ပွဲဝင် ဘက်စုံအသင့်ပြင်အနေအထား စတင်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗင်နီဇွဲလားတပ်မတော်က အသုံးပြုနိုင်သည့်အင်အားအလုံးစုံကို ဆက်လက်အသုံးပြုသွားမည် ဖြစ်ပြီး စစ်ရေးကာကွယ်မှု၊ ပြည်တွင်းစည်းစနစ်နှင့် ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ အင်ပါယာဝါဒ၏ ကျူးကျော်မှုကို ထိပ်တိုက်ရင်ဆိုင်ခုခံပြီး နိုင်ငံ၏ လွတ်လပ်မှု၊ သီးခြားရပ်တည်မှုနှင့် အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းမည်ဖြစ်ကြောင်း ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး Vladimir Padrino López က နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် အဆိုပါကြေညာချက်ကို ဖတ်ကြားစဉ် ပြောကြားခဲ့သည်။
သမ္မတ မာဒူရိုအား အမေရိကန် ပြန်ပေးဆွဲမှုနှင့် ဗင်နီဇွဲလားနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်သည်များနှင့် အပြစ်မဲ့အရပ်သားပြည်သူ အများအပြားအပေါ် အမေရိကန်စစ်တပ် သွေးအေးစွာ ကြံစည်သတ်ဖြတ်မှုကို ဗင်နီဇွဲလားနိုင်ငံအနေဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
——————
(Chinese Version)
委内瑞拉全面战备 国际社会持续反对 特朗普:还没完
新华社北京1月5日电 美国政府对委内瑞拉发动军事行动遭到国际社会持续反对。4日,哥伦比亚等六国发表联合声明,指出对委实施单边军事行动开创了“极其危险的先例”。
美国总统特朗普4日对委内瑞拉代理总统发出威胁,宣称委内瑞拉可能不会是美国干预的最后一个国家。委内瑞拉国防部表示,该国已启动全面战备状态。
六国表态:反对!
哥伦比亚、巴西、智利、墨西哥、乌拉圭和西班牙政府4日就委内瑞拉局势发表联合声明指出,对委实施单边军事行动为地区和平与安全开创了“极其危险的先例”,六国对此深表关切并予以反对,呼吁通过对话和谈判和平解决危机。
据哥伦比亚外交部公布的声明文件,六国认为此类军事行动违反了国际法和《联合国宪章》基本原则。委内瑞拉局势必须通过和平途径解决,由委人民主导,在不受外部干涉并遵守国际法的前提下推进。
声明强调拉丁美洲和加勒比地区作为和平区的性质,呼吁地区国家超越政治分歧实现团结,共同应对任何危害地区稳定的行动,并敦促联合国秘书长及相关多边机制发挥斡旋作用,为缓和紧张局势、维护地区和平作出贡献。
特朗普:或继续干预
特朗普4日对委内瑞拉代理总统罗德里格斯发出威胁。他在接受美国《大西洋》月刊记者电话采访时说,如果罗德里格斯“不做正确的事”将付出“沉重代价”,“可能比马杜罗的代价还要高昂”。报道说,特朗普明确表示,他不会容忍罗德里格斯公然反对美国对委内瑞拉进行的军事行动。
特朗普还宣称,委内瑞拉可能不会是美国干预的最后一个国家,并称“我们绝对需要格陵兰岛”。
特朗普3日在新闻发布会上曾称,罗德里格斯已宣誓接任委总统,并与美国务卿鲁比奥通电话,表示会配合美方。罗德里格斯随后在委国家电视台发表讲话说,马杜罗是委内瑞拉“唯一的总统”,委内瑞拉准备好捍卫本国自然资源,委永远不会成为任何国家的殖民地、任何帝国的奴隶。
启动全面战备状态
委内瑞拉国防部4日发布政府公报表示,该国已启动全面战备状态。
委国防部长洛佩斯通过该国国家电视台宣读这一公报称,委军方将继续动用一切可用力量,维护军事防御、国内秩序及和平,以对抗帝国主义侵略,确保国家的自由、独立和主权。
公报还表示,委方强烈谴责美国绑架其总统马杜罗以及美军冷血谋杀委方大量安保人员、士兵和无辜平民的行径。(记者:黄强、徐剑梅、李子健、田睿:视频:黄瀚宇)
1. 1月4日,一名女子在西班牙马德里市中心的美国驻西班牙大使馆前参加抗议活动,谴责美军突袭委内瑞拉。新华社记者孟鼎博摄
