Connect with us

Latin America

စတေးခဲ့ရသော ကျူးဘားနိုင်ငံသား ၃၂ ဦးအတွက် နိုင်ငံတစ်ဝန်း ဝမ်းနည်းအောက်မေ့ခြင်း ကျင်းပမည်ဟု ကျူးဘား ကြေညာ

ကျူးဘားနိုင်ငံ ဟာဗားနားမြို့တွင် ကျင်းပသော မျိုးချစ်စိတ် လူထုစုဝေးပွဲတွင် မိန့်ခွန်းပြောကြားနေသော ကျူးဘားကွန်မြူနစ်ပါတီဗဟိုကော်မတီ ပထမအတွင်းရေးမှူး၊ ကျူးဘားသမ္မတ Miguel Diaz-Canel အား ၂၀၂၁ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel က အမေရိကန်က ဗင်နီဇွဲလားအပေါ် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်စဉ်အတွင်း စတေးခဲ့ရသော ကျူးဘားနိုင်ငံသား ၃၂ ဦးအတွက် နိုင်ငံတစ်ဝန်း ဝမ်းနည်းအောက်မေ့ဖွယ်အစီအစဉ် ပြုလုပ်မည်ဟု ဇန်နဝါရီ ၄ ရက်တွင် ကြေညာခဲ့သည်။

ဗင်နီဇွဲလားအပေါ် အမေရိကန် ပြုလုပ်သော ပြစ်မှုကျူးလွန်သည့်တိုက်ခိုက်မှုအတွင်း ကျူးဘားနိုင်ငံသား ၃၂ ဦး ကံမကောင်းစွာ စတေးခဲ့ရကြောင်း Diaz-Canel က ပြောကြားခဲ့သည်။ ဤစတေးခဲ့ကြသော ပုဂ္ဂိုလ်များမှာ ဗင်နီဇွဲလားသက်ဆိုင်ရာအာဏာပိုင်များ၏ တောင်းဆိုချက်အရ ကျူးဘားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များနှင့် ကျူးဘားပြည်ထဲရေးဝန်ကြီးဌာနကိုယ်စား တာဝန်ထမ်းဆောင်နေသော အဖွဲ့ဝင်များဖြစ်ကြောင်း၊ ၎င်းတို့သည် တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်ခဲ့ကြပြီး ကြံ့ကြံ့ခံ ခုခံမှုအတွင်း ရဲရင့်စွာ ပေးဆပ်ခဲ့ကြကြောင်း၊ ၎င်းတို့၏ ရဲစွမ်းသတ္တိသည် ကျူးဘားပြည်သူများ၏ စည်းလုံးညီညွတ်မှုစိတ်ဓာတ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံမှု ရပ်တည်ချက်ကို ပြသခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Diaz-Canel က သမ္မတအမိန့် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတစ်ဝန်း ဝမ်းနည်းအောက်မေ့ဖွယ် နှစ်ရက်ကြာကျင်းပမည်ဟု ကြေညာခဲ့သည်။ ဝမ်းနည်းအောက်မေ့ဖွယ်ကာလအတွင်း နိုင်ငံတစ်ဝန်း အများပြည်သူ အဆောက်အအုံနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး အလံတိုင်တစ်ဝက်လွှင့်ထူမည်ဖြစ်သလို တစ်ချိန်တည်းမှာပင် အများပြည်သူဖျော်ဖြေပွဲများနှင့် ပွဲတော်များအားလုံးကိုလည်း ယာယီရပ်ဆိုင်းထားမည်ဖြစ်သည်။ (Xinhua)
………….
(Chinese Version)
古巴宣布为牺牲的32名古巴人举行全国哀悼
新华社哈瓦那1月4日电(记者蒋彪)古巴国家主席迪亚斯-卡内尔4日宣布,为在美国对委内瑞拉实施军事行动过程中牺牲的32名古巴公民举行全国哀悼。
迪亚斯-卡内尔表示,在美国对委内瑞拉发动的犯罪性袭击中,32名古巴公民不幸牺牲。这些人是应委内瑞拉有关机构请求,代表古巴革命武装力量部和古巴内务部在当地执行任务的人员。他们忠诚履行职责,在顽强抵抗中英勇牺牲。其英勇行为彰显了古巴人民的团结精神和国际声援立场。
迪亚斯-卡内尔颁布主席令,宣布全国哀悼两天。哀悼期间,全国公共建筑和军事机构一律降半旗,同时暂停所有公共演出和节庆活动。
图说:2021年7月17日,古共中央第一书记、古巴国家主席迪亚斯-卡内尔在哈瓦那举行的爱国集会上发表讲话。新华社发(华金·埃尔南德斯摄)