Latin America
ထရမ့်၏ မလျော်ကန်သော ပြောဆိုချက်အား ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်
ဘိုဂိုတာ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်၏ ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ပြောကြားသည့် မလျော်ကန်သော ပြောဆိုချက်အပေါ် ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ “အပြင်းထန်ဆုံး ဆန့်ကျင်ကန့်ကွက်” ကြောင်း ပြောကြားခဲ့ပြီး ၎င်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံများအကြား ဆက်ဆံရေး၏ အခြေခံစံနှုန်းကို လျစ်လျစ်ရှုထားသည်ဟု ထောက်ပြခဲ့သည်။
ကိုလံဘီယာနိုင်ငံ သမ္မတသည် ပြည်သူ့ဆန္ဒအလျောက် တရားဝင် ရွေးချယ်တင်မြောက်ခံထားရခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ၎င်း၏တရားဝင်မှုကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့် ငြင်းပယ်ရန် ကြိုးပမ်းသော မည်သည့်ပြောဆိုချက်မဆို ကိုလံဘီယာနိုင်ငံ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်မှုပင်ဖြစ်ပြီး နိုင်ငံတကာဥပဒေစံနှုန်းများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ကြေညာချက်တွင် အလေးထား ပြောကြားခဲ့သည်။
အမေရိကန်ဘက်၏ သက်ဆိုင်ရာပြောဆိုချက်သည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” တွင် အတည်ပြုထားသော အခြေခံမူ အထူးသဖြင့် နိုင်ငံအချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မပြုမှုနှင့် အပြန်အလှန်လေးစားမှု စသည့် အခြေခံမူများအား ချိုးဖောက်နေကြောင်း၊ အဆိုပါအခြေခံမူများသည် ကုလသမဂ္ဂမူဘောင်အောက်ရှိ နိုင်ငံတကာစနစ်၏ အခြေခံအုတ်မြစ်ပင်ဖြစ်ကြောင်း ကြေညာချက်က ထောက်ပြထားသည်။
ကိုလံဘီယာနိုင်ငံအနေဖြင့် အစဉ်တစိုက် တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်လေးစားမှု အခြေခံပေါ်တွင် နိုင်ငံတကာဆက်ဆံရေးအား ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ကြေညာချက်က ထပ်လောင်းပြောကြားထားပြီး နိုင်ငံအချုပ်အခြာအာဏာနှင့် နိုင်ငံတော်အကြီးအကဲများအပေါ် ရှိသင့်ရှိထိုက်သည့် လေးစားမှုသည် စွန့်လွှတ်၍မရသော အခြေခံမူဖြစ်ကြောင်းလည်း အလေးထား ဖော်ပြခဲ့သည်။
ထရမ့်က ဇန်နဝါရီ ၄ ရက်တွင် ကိုလံဘီယာနိုင်ငံ သမ္မတ ဂူစတာဗို ပက်ထရိုအား ခြိမ်းခြောက်ခဲ့ပြီး ကိုလံဘီယာအပေါ် လှုပ်ရှားမှုလုပ်ဆောင်ခြင်းသည် “ကြားရတာ မဆိုးဘူး” ဟု ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မာအာလာဂိုစံအိမ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်နေသော အမေရိကန်သမ္မတ ထရမ့်ကို အမေရိကန် အိမ်ဖြူတော်က ထုတ်ပြန်သောဗီဒီယိုဓာတ်ပုံတွင် တွေ့ရစဉ် (ဆင်ဟွာ)
——————-
(Chinese Version)
哥伦比亚外交部强烈反对特朗普不当言论
新华社波哥大1月4日电(记者李子健)哥伦比亚外交部4日发表声明,对美国总统特朗普当天发表的不当言论表示“最强烈的反对”,指出其无视主权国家间关系的基本准则。
声明强调,哥伦比亚总统是根据国民意愿合法当选的,并根据宪法履行职责。任何试图直接或间接否定其合法性的言论,都构成对哥伦比亚内政的干涉,违反了国际法准则。
声明指出,美方有关言论违反了《联合国宪章》确立的原则,特别是国家主权平等、不干涉内政和相互尊重等原则,而这些原则是联合国框架下国际体系的基石。
声明重申,哥伦比亚一贯愿在对话、合作和相互尊重的基础上维护国际关系,并强调国家主权以及对国家元首应有的尊重是不可放弃的原则。
据美国媒体4日报道,特朗普当天威胁哥伦比亚总统佩特罗,并称对哥伦比亚发动行动“听起来不错”。
图说1:10月24日,哥伦比亚总统佩特罗在首都波哥大的玻利瓦尔广场发表讲话。新华社发(安德烈斯·莫雷诺摄)
图说2:这张美国白宫发布的视频截图显示,1月3日,美国总统特朗普在佛罗里达州海湖庄园举行发布会。新华社发
