Latin America
ဗင်နီဇွဲလားသမ္မတအား အမေရိကန်“ပြန်ပေးဆွဲခြင်း” က “ဥပဒေမဲ့” လုပ်ရပ်ဖြစ်ကြောင်း ဖင်လန်မီဒီယာ ဆို
ဟယ်လ်ဆင်ကီ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားအပေါ် အမေရိကန်၏တိုက်ခိုက်မှုများနှင့် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးအား “ပြန်ပေးဆွဲခြင်း” သည် ဥပဒေမဲ့ပြီး မတရားသောလုပ်ရပ်၊ ဆင်ခြင်တုံတရားကင်းမဲ့သော “အင်ပါယာဝါဒ” လုပ်ရပ်ဖြစ်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချသင့်ကြောင်း ဖင်လန်အမျိုးသားထုတ်လွှင့်ရေးကော်ပိုရေးရှင်းက ဇန်နဝါရီ ၃ ရက်၊ ၄ ရက်တွင် ဆောင်းပါးများ ဆက်တိုက် ထုတ်ဝေ၍ ဖော်ပြခဲ့သည်။ ဆောင်းပါးအကျဉ်းချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။
ယခုအကြိမ် စစ်ရေးလှုပ်ရှားမှု မဖြစ်ပွားမီ ရက်သတ္တပတ်အနည်းငယ်တွင် အမေရိကန်သည် ဗင်နီဇွဲလားအနီး ပင်လယ်ပြင်တွင် စစ်ရေးအင်အားများ စုစည်းခဲ့ပြီး အရပ်သုံးသင်္ဘောများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အမေရိကန်က သက်ဆိုင်ရာ သင်္ဘောများမှာ မူးယစ်ဆေးဝါးရောင်းဝယ်သူများဖြစ်သည်ဟု ဆိုသော်လည်း “အမှန်တရားက ဘယ်လိုလဲဆိုတာတော့ မသိနိုင်ကြောင်း”၊ အထက်ဖော်ပြပါ လုပ်ရပ်များကပင် မတရားသော၊ သမာသမတ်ကျမှုမရှိသော လုပ်ရပ်များဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲကို ပြောင်ပြောင်တင်းတင်း “ပြန်ပေးဆွဲခြင်း” သည် ယခင်ကမရှိခဲ့သလို အံ့အားသင့်ထိတ်လန့်စရာ ပို၍ပင်ကောင်းကြောင်း၊ ယင်းမှာ ထရမ့်အစိုးရ၏ အာဏာအလွဲသုံးစားပြုမှုကို ထပ်မံပြသနေကြောင်း၊ အမေရိကန်၏ လုပ်ရပ်များသည် နိုင်ငံတကာဥပဒေအပါအဝင် သက်ဆိုင်ရာဥပဒေများကို သိသိသာသာ ချိုးဖောက်ခဲ့ပြီး တရားမျှတမှုမရှိသလို လူသားချင်း စာနာမှုလည်းမရှိသောကြောင့် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချသင့်ကြောင်း ဖော်ပြထားသည်။
ဗင်နီဇွဲလားပြည်တွင်းရေးအား အမေရိကန်ဝင်ရောက်စွက်ဖက်မှု အရင်းခံအကြောင်းမှာ သိသာထင်ရှားကြောင်း၊ ယင်းမှာ “ဗင်နီဇွဲလားရဲ့ ဧရာမကြီးမားသော ရေနံသိုလှောင်မှုအပေါ် စိတ်ဝင်စားလို့” ဖြစ်ကြောင်း၊ အမေရိကန်သည် ရေနံအရင်းအမြစ်များ ရရှိရေး သေချာရန်အတွက် ဗင်နီဇွဲလားတွင် ၎င်းအား အကျိုးပြုသော အစိုးရတစ်ရပ်ထိန်းသိမ်းထားရန် မျှော်လင့်ကြောင်း၊ အမေရိကန်သည် “ဥပဒေမဲ့၊ စည်းမဲ့ဘောင်မဲ့” လမ်းကြောင်းတွင် ဆက်လက်လျှောက်လှမ်းနေသည်မှာ အခြားသောကမ္ဘာ့နိုင်ငံများက မျက်မြင်ကိုယ်တွေ့ဖြစ်ပြီး ဘက်အသီးသီးက အခြေအနေ၏ နောက်ဆက်တွဲတိုးတက်မှုများကို အာရုံစိုက်နေကြသော်လည်း အဓိကကျသော ပြဿနာများမှာ ခန့်မှန်း၍မရဘဲ မဖြေရှင်းနိုင်သေးသောကြောင့် စိုးရိမ်ပူပန်စေကြောင်း ဆောင်းပါးတွင် ဖော်ပြခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
全球瞭望丨芬兰媒体:美国“绑架”委总统是“无法无天”之举
新华社赫尔辛基1月4日电(记者朱昊晨)芬兰国家广播公司3日、4日连续发表文章表示,美国对委内瑞拉发动袭击并“绑架”委总统尼古拉斯·马杜罗及其夫人,是“无法无天”的非正义之举、鲁莽的“帝国主义”行径,应受到广泛谴责。文章摘要如下:
在此次军事行动发生前数周,美国一直在委近海集结军事力量,并对民用船只实施袭击。美方声称相关船只属于贩毒者,但“真相究竟如何无从得知”。上述行为本身已属不公正、非正义,而公然“绑架”一国元首,更是前所未有、令人咋舌,再次体现出特朗普政府滥用权力的极端做法。美方做法明显违反包括国际法在内的相关法律,既不正义,也不人道,理应受到广泛谴责。
美国插手委内政的动机昭然若揭,即“对委巨大的石油储备感兴趣”。美方希望在委内瑞拉维持一个对其有利的政权,以确保其获得后者的石油资源。美国继续走在“无法无天”的道路上,世界其他国家有目共睹,各方都在关注事态后续走向,仍有若干关键问题悬而未决、引人担忧。
图说:1月3日,在美国纽约,民众参加抗议集会。当日,近千名民众在美国纽约举行集会游行,抗议美国对委内瑞拉实施军事打击。新华社记者张凤国摄
