Connect with us

Latin America

မာဒူရို၏ သားဖြစ်သူက ထောက်ခံအားပေးသူများကို လမ်းမထက်တက်၍ အမေရိကန်၏ ကျူးကျော်မှုလုပ်ဆောင်ချက်အား ဆန့်ကျင်ဆန္ဒပြရန် တိုက်တွန်း

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ် မြင်ကွင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရို၏ သားဖြစ်သူ နီကိုလပ်စ် မာဒူရို ဂွါရာက ဇန်နဝါရီ ၄ ရက်တွင် မာဒူရို၏ ထောက်ခံအားပေးသူများကို လမ်းမထက်တက်၍ အမေရိကန်၏ ကျူးကျော်မှုလုပ်ရပ်အား ဆန့်ကျင်ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။ ၎င်း၏ဖခင်ဖြစ်သူသည် “အနီးကပ်လူ” ၏ သစ္စာဖောက်မှုခံရခြင်း ဖြစ်နိုင်ခြေရှိသည်ဟူသော ကောလာဟလနှင့်စပ်လျဉ်း၍ ဂွါရာက “ဘယ်သူက သစ္စာဖောက်လဲဆိုတာကို သမိုင်းက အဖြေပေးသွားပါလိမ့်မယ်” ဟု တုံ့ပြန်ခဲ့သည်။
မာဒူရိုသည် ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် အမေရိကန်စစ်တပ်၏ အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် လွှတ်တော်အမတ်ဖြစ်သည့် ဂွါရာက ဇန်နဝါရီ ၄ ရက်တွင် လူမှုမီဒီယာ၌ အသံဖိုင်တစ်ခုတင်၍ မာဒူရို၏ ထောက်ခံအားပေးသူများကို စီတန်းလှည့်လည်ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။
“သင်က လမ်းမထက်မှာ ကျွန်တော်တို့ကို တွေ့မြင်ရမှာပါ။ သင်က ကျွန်တော်တို့ ပြည်သူနဲ့အတူ ရပ်တည်နေတာကို တွေ့မြင်ရမှာပါ။ သင်က ကျွန်တော်တို့အနေနဲ့ ဂုဏ်သိက္ခာဆိုတဲ့ အလံကို ကိုင်မြှောက်နေတာကို တွေ့မြင်ရမှာပါ…သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်ထိုးနှက်မှု မခံနိုင်လောက်အောင် အားနည်းတယ်ဆိုတာကို ပေါ်လွင်အောင် လုပ်ဆောင်ချင်ပေမဲ့ ကျွန်တော်တို့က အလျှော့ပေးအညံ့ခံမှာ မဟုတ်ပါဘူး” ဟု ဂွါရာက ပြောကြားခဲ့သည်။
မာဒူရိုသည် ဥပဒေအရ ကလေး ၄ ဦးရှိပြီး ဂွါရာသည် ၎င်း၏ တစ်ဦးတည်းသော သားအရင်းဖြစ်ကာ အခြား သုံးဦးသည် ဇနီး၏ ပထမအိမ်ထောင်မှပါလာသော သားများဖြစ်ကြောင်း AFP သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ ဂွါရာသည် လက်ရှိတွင် အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ၂၃ နှစ်အရွယ်တွင် နိုင်ငံရေးလောကသို့ စတင်ဝင်ရောက်ခဲ့ကာ အသက် ၂၇ နှစ်အရွယ်တွင် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ ၎င်းနှင့် မာဒူရို ဇနီးမောင်နှံတို့သည် အမေရိကန်၏ “မူးယစ်ဆေးဝါး အကြမ်းဖက်မှု ကြံစည်ခြင်း” စသည့် ပြစ်မှုများကျူးလွန်သည်ဟု စွဲဆိုခြင်းခံထားရသည်။
အမေရိကန်စစ်တပ်က မာဒူရိုအား အလွယ်တကူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ပြင်ပလောကက ၎င်းအနီးတစ်ဝိုက်တွင် “သစ္စာဖောက်သူ” ရှိနေသည်ဟု ခန့်မှန်းချက်များ ပေါ်ထွက်လာခဲ့သည်။ အဆိုပါ ကောလာဟလများနှင့်စပ်လျဉ်း၍ ဂွါရာက ဇန်နဝါရီ ၄ ရက်တွင် “ဘယ်သူက သစ္စာဖောက်လဲဆိုတာကို သမိုင်းက အဖြေပေးသွားပါလိမ့်မယ်။ သမိုင်းက အဖြေပေးသွားမှာကို ကျွန်တော်တို့ စောင့်ကြည့်လိုက်ကြပါစို့” ဟု ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်က မာဒူရို ဇနီးမောင်နှံအား အတင်းအဓမ္မထိန်းချုပ်ပြီးနောက် ရဟတ်ယာဉ်ဖြင့် ၎င်းတို့အား စစ်သင်္ဘောတစ်စင်းပေါ်သို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် ဂွါတာနာမိုပင်လယ်အော်ရှိ အမေရိကန်စစ်တပ် အခြေစိုက်စခန်းသို့ သွားရောက်ကာ ထိုမှတစ်ဆင့် နယူးယောက်မြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။ မာဒူရိုသည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇန်နဝါရီ ၅ ရက် နေ့လယ် ၁၂ နာရီ (ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၆ ရက် နံနက် ၁ နာရီ) တွင် ခုံရုံး၌ ထွက်ဆိုမည်ဖြစ်သည်။
မာဒူရိုကို အမေရိကန်က ခေါ်ဆောင်သွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ တရားရုံးချုပ်က ဒုတိယသမ္မတ Delcy Rodríguez အား ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ Delcy Rodríguez က ထိုမတိုင်မီ ဗင်နီဇွဲလား နိုင်ငံပိုင်ရုပ်မြင်သံကြား၌ မိန့်ခွန်းပြောကြားရာတွင် မာဒူရိုသည် ဗင်နီဇွဲလားနိုင်ငံ၏ “တစ်ဦးတည်းသော သမ္မတ” ဖြစ်ကြောင်း၊ ဗင်နီဇွဲလားအနေဖြင့် မိမိနိုင်ငံ၏ သဘာဝအရင်းအမြစ်ကို ကောင်းမွန်စွာ ကာကွယ်သွားရန် အသင့်ပြင်ထားပြီးဖြစ်သလို ဗင်နီဇွဲလားသည် မည်သည့်နိုင်ငံ၏ ကိုလိုနီ၊ မည်သည့် အင်ပါယာ၏ ကျေးကျွန် မည်သည့်အခါမျှ ဖြစ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ရိုဒရီဂက်စ်သည် ဇန်နဝါရီ ၄ ရက်တွင် သမ္မတအိမ်တော်၌ ပထမဆုံးအကြိမ် ဝန်ကြီးများ အစိုးရအဖွဲ့အစည်းအဝေးအား ကြီးမှူးကျင်းပခဲ့သည်။ ကာကွယ်ရေးဝန်ကြီး Vladimir Padrino Lopez နှင့် ပြည်ထဲရေးဝန်ကြီး Diosdado Cabello တို့လည်း အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း ဗင်နီဇွဲလား နိုင်ငံပိုင်ရုပ်မြင်သံကြား၌ ဖော်ပြချက်အရ သိရသည်။ ၎င်းတို့နှစ်ဦးသည် မာဒူရို၏ အရေးကြီးမဟာမိတ်များဖြစ်သည်။
Diosdado Cabello သည် ဇန်နဝါရီ ၄ ရက်တွင် အသံဖိုင်ဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ၌ ဗင်နီဇွဲလားအစိုးရသည် “မာဒူရို အနီးတစ်ဝိုက်တွင် စည်းလုံးညီညွတ်စွာ ရှိနေဆဲ” ဖြစ်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံတွင် “သမ္မတတစ်ဦးသာ ရှိသည်” ၊ “၎င်းသည် မာဒူရို ပင်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။
Vladimir Padrino Lopez က ဇန်နဝါရီ ၄ ရက်တွင် ဗင်နီဇွဲလား နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် အစိုးရသတင်းကြေညာချက် ထုတ်ပြန်ခဲ့ရာ တိုက်ပွဲဝင် ဘက်စုံအသင့်ပြင်အနေအထား စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ဗင်နီဇွဲလားစစ်တပ်က အသုံးပြုနိုင်သည့်အင်အားအလုံးစုံကို ဆက်လက်အသုံးပြုသွားမည် ဖြစ်ပြီး စစ်ရေးကာကွယ်မှု၊ ပြည်တွင်းစည်းစနစ်နှင့် ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း၊ အင်ပါယာဝါဒ၏ ကျူးကျော်မှုကို ထိပ်တိုက်ရင်ဆိုင်ခုခံပြီး နိုင်ငံ၏ လွတ်လပ်မှု၊ သီးခြားရပ်တည်မှုနှင့် အချုပ်အခြာအာဏာကို ကာကွယ်ထိန်းသိမ်းမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
Delcy Rodríguez က အပြန်အလှန်၏ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် အခြေခံပေါ်တွင် အမေရိကန်နှင့် ဟန်ချက်ညီသောဆက်ဆံရေး တည်ဆောက်မှုအား တွန်းအားပေးရန် လိုအပ်သည်ဟု ဇန်နဝါရီ ၄ ရက်တွင် လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
“အချုပ်အခြာအာဏာ တန်းတူညီမျှမှုနဲ့ အပြန်အလှန် စွက်ဖက်ခြင်းမရှိတဲ့ အခြေခံပေါ်မှာ ဗင်နီဇွဲလားနဲ့ အမေရိကန်၊ ဗင်နီဇွဲလားနဲ့ ဒေသတွင်းနိုင်ငံများအကြား ဟန်ချက်ညီတဲ့၊ အပြန်အလှန်လေးစားမှုရှိတဲ့ နိုင်ငံတကာဆက်ဆံရေး တည်ဆောက်မှုကို တွန်းအားပေးခြင်းက လက်ရှိအရေးကြီးဆုံးဖြစ်တယ်လို့ ကျွန်မတို့ ယူဆပါတယ်” ဟု Delcy Rodríguez က ပြောကြားခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်တွင် ပြည်သူများက ဆေးဆိုင်တစ်ဆိုင်အရှေ့၌ တန်းစီစောင့်ဆိုင်းနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
马杜罗之子号召支持者上街抗议美国入侵行径
新华社北京1月5日电 委内瑞拉总统马杜罗之子尼古拉斯·马杜罗·格拉4日发声,号召马杜罗的支持者走上街头,抗议美国的入侵行径。针对他父亲可能被“身边人”出卖的传言,格拉回应称,“历史会揭晓谁是叛徒”。
马杜罗3日凌晨被美军强行控制并带走后,身为国会议员的格拉4日在社交媒体上传一段录音,号召马杜罗的支持者游行抗议。
格拉说:“你会在街头看到我们,你会看到我们站在人民一边,你会看到我们挥舞尊严的旗帜……他们想让我们显得不堪一击,但我们不会示弱。”
据法新社报道,马杜罗在法律上共有4个孩子,格拉是其唯一亲生儿子,另外3个是继子。格拉现年35岁,23岁步入政坛,27岁时当选议员。他与马杜罗夫妇一同被美方指控犯有“毒品恐怖主义阴谋罪”等罪名。
美军轻易掳走马杜罗,引发外界关于他身边可能有“内鬼”的猜测。针对这些传言,格拉4日说:“历史会告诉我们叛徒是谁,历史会揭晓,我们拭目以待。”
美军强行控制马杜罗夫妇后,用直升机将他们运至一艘军舰上,而后前往关塔那摩美军基地,在那里转机飞抵纽约。马杜罗将于美国东部时间5日12时(北京时间6日1时)出庭。
马杜罗被美国绑走后,委最高法院命令他的副手罗德里格斯担任代理总统。罗德里格斯之前在委国家电视台发表讲话说,马杜罗是委内瑞拉“唯一的总统”,委内瑞拉准备好捍卫本国自然资源,委永远不会成为任何国家的殖民地、任何帝国的奴隶。
罗德里格斯4日在总统府主持首次部长理事会。委国家电视台画面显示,国防部长洛佩斯和内政部长卡韦略均出席会议,这两人是马杜罗的关键盟友。
卡韦略4日发表音频讲话,称委政府“依然团结在马杜罗周围”,委内瑞拉“只有一个总统”,“他叫马杜罗”。
洛佩斯4日通过委国家电视台发布政府公报,宣布启动全面战备状态。公报称,委军方将继续动用一切可用力量,维护军事防御、国内秩序及和平,以对抗帝国主义侵略,确保国家的自由、独立和主权。
罗德里格斯4日通过社交媒体表示,有必要在不干涉彼此内政的基础上,推动与美国建立平衡关系。
罗德里格斯说:“我们认为,在主权平等和互不干涉的基础上,推动委内瑞拉与美国、委内瑞拉与本地区各国之间建立平衡、相互尊重的国际关系是当务之急。”(王宏彬)
1、这是1月3日凌晨拍摄的委内瑞拉首都加拉加斯市区。新华社发(萨尔加多摄)
2、1月3日,在委内瑞拉首都加拉加斯,民众在一家药店前排队等候。新华社发(马科斯·萨尔加多摄)