International Organizations
ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသမီး မီတာ ၃,၀၀၀ Steeplechase ချန်ပီယံဆုကို ကင်ညာနိုင်ငံမှ Cherotich ဆွတ်ခူး

တိုကျို၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် စက်တင်ဘာ ၁၇ ရက်က အမျိုးသမီး မီတာ ၃,၀၀၀ Steeplechase ပြိုင်ပွဲ (အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲ) ၌ ကင်ညာနိုင်ငံမှ Faith Cherotich က အနိုင်ရရှိသွားခဲ့သည်။
၂၀၂၃ ခုနှစ် ဘူဒါပတ်စ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၂၄ ခုနှစ် ပဲရစ် အိုလံပစ်ပြိုင်ပွဲတို့၏ ကြေးတံဆိပ်ဆုရှင် Cherotich က အဆိုပါရွှေတံဆိပ်ဆုကို ၈ မိနစ် ၅၁.၅၉ စက္ကန့်ဖြင့် ချန်ပီယံစံချိန်တင်ခဲ့ခြင်းဖြစ်သည်။
ယခင်နှစ်ပြိုင်ပွဲ၏ချန်ပီယံနှင့် အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဖြစ်သော ဘာရိန်းနိုင်ငံမှ Winfred Yavi က ၈ မိနစ် ၅၆.၄၆ စက္ကန့်ဖြင့် ငွေတံဆိပ်ဆုရရှိခဲ့ပြီး အီသီယိုးပီးယားနိုင်ငံမှ Sembo Almayew က ၎င်း၏ အကောင်းဆုံးစံချိန်ဖြစ်သည့် ၈ မိနစ် ၅၈.၈၆ စက္ကန့်ဖြင့် ကြေးတံဆိပ်ဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။ (Xinhua)

ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် စက်တင်ဘာ ၁၇ ရက်က အမျိုးသမီး မီတာ ၃,၀၀၀ Steeplechase (အတားအဆီးဖြတ်ကျော်အပြေးပြိုင်ပွဲ) ဖိုင်နယ်ပွဲပြီးနောက် ကင်ညာနိုင်ငံမှ Faith Cherotich (ယာ) က ဘာရိန်းနိုင်ငံမှ Winfred Yavi ကို နှုတ်ဆက်နေစဉ် (ဆင်ဟွာ)
…………………….
(English Version)
Kenya’s Cherotich wins women’s 3,000m steeplechase title at athletics worlds
TOKYO, Sept. 17 (Xinhua) — Kenya’s Faith Cherotich stormed to victory in the women’s 3,000 meters steeplechase at the World Athletics Championships here on Wednesday.
Cherotich, a bronze medalist at the 2023 Budapest worlds and the 2024 Paris Olympics, clocked a championship record of 8 minutes 51.59 seconds for the gold medal.
Defending champion and Olympic gold medalist Winfred Yavi of Bahrain settled for silver in 8:56.46, while Ethiopia’s Sembo Almayew claimed bronze with a personal best of 8:58.86. ■
English Caption 1
Faith Cherotich of Kenya crosses the finish line during the women’s 3000m steeplechase final at the 2025 World Athletics Championships in Tokyo, Japan, Sept. 17, 2025. (Xinhua/Wang Lili)
English Caption 2
Faith Cherotich (R) of Kenya greets Winfred Yavi of Bahrain after the women’s 3000m steeplechase final at the 2025 World Athletics Championships in Tokyo, Japan, Sept. 17, 2025. (Xinhua/Wang Lili)