Asia
တာ့ခ်မင်နစ္စတန်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၂၀၂၄ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံရှိဟု ဝန်ကြီးဆို

အယ်လ်မတ်တီ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တာ့ခ်မင်နစ္စတန်နိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရှိခဲ့ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၁.၆ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီး Mammetguly Astangulov က စက်တင်ဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။
နိုင်ငံ့စီးပွားရေးတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်က ဒေါ်လာ ၁၂.၁ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဝန်ကြီးက တာ့ခ်မင်နစ္စတန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အမှာစကားပြောကြားရာ၌ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားငွေအရင်းအနှီးကို ဆွဲဆောင်ခြင်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေနံဓာတု၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးတို့ကို မဟာဗျူဟာမြောက်ကဏ္ဍများအဖြစ် မီးမောင်းထိုးပြထားသော တာ့ခ်မင်နစ္စတန်နိုင်ငံ၏ စီးပွားရေးပေါ်လစီတွင် အဓိကဦးစားပေးအဖြစ် ရှိနေဆဲဖြစ်သည်ဟုလည်း ဝန်ကြီးက အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Foreign investment in Turkmenistan reaches 1.4 bln USD in 2024: minister
ALMATY, Sept. 18 (Xinhua) — Foreign investment in Turkmenistan reached 1.4 billion U.S. dollars in 2024, equivalent to 11.6 percent of the total investment, Minister of Finance and Economy Mammetguly Astangulov said Thursday.
Speaking at the Turkmenistan Investment Forum, the minister noted that total investment in the country’s economy reached 12.1 billion dollars last year, up 9 percent from 2023.
He emphasized that attracting foreign capital remains a key priority of Turkmenistan’s economic policy, highlighting oil and gas, petrochemicals, energy, and construction as strategic sectors. ■
English Caption
Chinese President Xi Jinping meets with Gurbanguly Berdimuhamedov, chairman of the People’s Council of Turkmenistan, who is in Beijing for the third Belt and Road Forum for International Cooperation, at the Great Hall of the People in Beijing, capital of China, Oct. 19, 2023. (Xinhua/Huang Jingwen)