Connect with us

International Organizations

နာပိုလီအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ မန်စီးတီးတိုက်စစ်မှူး ဟာလန်း စံချိန်သစ်တင်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က အာဆင်နယ်အသင်းနှင့် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် မန်ချက်စတာစီးတီးအသင်းမှ အာလင် ဟာလန်းအား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၁၈ ရက် ညပိုင်းက နာပိုလီအသင်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်၌ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့သည့် မန်ချက်စတာစီးတီးအသင်းမှ နော်ဝေတိုက်စစ်မှူး အာလင် ဟာလန်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၅၀ အမြန်ဆုံးပြည့်ခဲ့သည့် ကစားသမား ဖြစ်လာခဲ့ကာ ၎င်းအနေဖြင့် နောက်ထပ် မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့သည်။
ဟာလန်းအနေဖြင့် ၄၉ ပွဲကစားရုံဖြင့် ယခုကဲ့သို့ စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကာ ပွဲချိန် ၅၆ မိနစ်တွင် ဖီးလ်ဖိုဒန်၏ ပါးပါးနပ်နပ် ပေးပို့မှုမှတစ်ဆင့် ဟာလန်းက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၉ မိနစ်အကြာတွင် ဂျယ်ရမီ ဒိုကူက စီးတီးအတွက် ဒုတိယဂိုးထပ်မံသွင်းယူကာ အနိုင်ရလဒ်ကို သေချာစေခဲ့သည်။
ယခုပွဲစဉ်မှာ စီးတီးအတွက် ၁၀ နှစ်ကြာ အသုံးတော်ခံခဲ့ပြီးနောက် နွေရာသီတွင် အသင်းမှထွက်ခွာသွားခဲ့သည့် ပရိသတ်များ မျှော်လင့်စောင့်စားနေသော ကစားသမားဟောင်း ကယ်ဗင် ဒီဘရိုင်းနား အီတီဟတ်သို့ တစ်ကျော့ပြန်ရောက်ရှိလာသည့် ပွဲစဉ်လည်းဖြစ်သည်။ ဒီဘရိုင်းနားအား စီးတီးပရိသတ်များက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့သော်လည်း ၎င်းမှာ ပွဲချိန် ၂၆ မိနစ်အထိသာ ကစားခွင့်ရခဲ့သည်။ နာပိုလီကစားသမား ဂျီယိုဗန်နီ ဒီလော်ရန်ဇိုက ဟာလန်းအား နောက်ဆုံးခံစစ်မှူး အနေအထားမှ ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် ထုတ်ပယ်ခံရပြီးနောက် နာပိုလီနည်းပြ အန်တိုနီယို ကွန်တီက ဒီဘရိုင်းနားအား လူစားလဲခဲ့ရခြင်းဖြစ်သည်။
စီးတီးအနေဖြင့် ပွဲအစကတည်းကပင် စိတ်ကြိုက်ထိန်းချုပ်ကစားနိုင်ခဲ့သော်လည်း နာပိုလီဂိုးသမား ဗန်ဂျာ မီလင်ကိုဗစ်-ဆာဗစ်က ပထမပိုင်းတွင် လက်စွမ်းပြကာကွယ်သွားခဲ့သည်။ အဆိုပါ ဆားဘီးယားဂိုးသမားမှာ တိုင်ဂျန်နီ ရိုင်နာစ်၊ ဖိုဒန်နှင့် ရိုဒရီတို့၏ ဂိုးကန်ချက်များကို ကာကွယ်နိုင်ခဲ့သလို နစ်ကို အိုရိုင်လီနှင့် ရူဘင် ဒီယက်ဇ်တို့၏ ခေါင်းတိုက်ချက်များကိုလည်း ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ကာ လမ်းကြောင်းပြောင်းလာသည့် ရိုင်နာစ်၏ ကန်ချက်ကိုလည်း ဂိုးစည်းပေါ်မှ အသည်းအသန် ကာကွယ်သွားခဲ့သည်။
သို့သော် ပထမပိုင်းအပြီးတွင် ဟာလန်းက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ကာ သွင်းဂိုးစံချိန်သစ်တင်နိုင်ခဲ့သလို ဒိုကူက လျင်လျင်မြန်မြန် ထိုးဖောက်၍ ဒုတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့သည့်အတွက် စီးတီးအနေဖြင့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်၌ အနိုင်သုံးမှတ်ရရှိရန် သေချာသွားခဲ့သည်။ သို့သော် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း နှစ်ဦးဖြစ်သည့် စကော့ မက်တော်မီနေးနှင့် ရက်စ်မက်စ် ဟွိုင်းလန်းတို့၏ မန်ချက်စတာသို့ တစ်ကျော့ပြန်ခရီးမှာမူ စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ (Xinhua)

အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့ရှိ Camping World အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်က အီတလီကလပ် ဂျူဗင်တပ်စ်အသင်းနှင့် အင်္ဂလန်ကလပ် မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု-G ပွဲစဉ်အပြီးတွင် မန်ချက်စတာစီးတီးအသင်းမှ အာလင် ဟာလန်း ပရိသတ်များအား နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

………………..
(English Version)
Haaland sets record in Manchester City’s win over Napoli
LONDON, Sept. 18 (Xinhua) — Erling Haaland set another milestone as Manchester City battled past Napoli 2-0 in their Champions League opener, with the Norwegian becoming the fastest player to reach 50 goals in the competition.
Haaland needed just 49 games to achieve the feat, heading in Phil Foden’s clever pass in the 56th minute to put City ahead. Nine minutes later, Jeremy Doku added a second to seal the victory.
The night also marked Kevin De Bruyne’s much-anticipated return to the Etihad after leaving the club in the summer following 10 years of service. Greeted warmly by City fans, his comeback lasted only 26 minutes before Napoli coach Antonio Conte substituted him after Giovanni di Lorenzo was sent off for bringing down Haaland as the last defender.
City dominated from the start but were repeatedly denied by Napoli goalkeeper Vanja Milinkovic-Savic, who produced a string of first-half saves. The Serbian stopped efforts from Tijjani Reijnders, Foden and Rodri, clawed away headers from Nico O’Reilly and Ruben Dias, and even scrambled a deflected shot from Reijnders off the line.
The breakthrough came after the interval when Haaland struck his record-setting goal, before Doku’s quick finish ensured the defending champions opened their campaign with three points. The result also left former Manchester United pair Scott McTominay and Rasmus Hojlund enduring a frustrating return to Manchester. ■
English Caption 1
Manchester City’s Erling Haaland celebrates after scoring during the English Premier League match between Arsenal and Manchester City in London, Britain, on Feb. 2, 2025. (Xinhua)
English Caption 2
Erling Haaland of Manchester City greets spectators after the group G match between Italy’s Juventus FC and England’s Manchester City at the FIFA Club World Cup 2025 at the Camping World Stadium, Orlando, the United States, June 26, 2025. (Xinhua/Li Ming)