Connect with us

Asia

ကမ္ဘာလုံးဆိုင်ရာလုံခြုံစိတ်ချရမှုအရှိဆုံးနိုင်ငံများစာရင်းတွင် စင်ကာပူနိုင်ငံက ၂၀၀၆ ခုနှစ်မှစ၍ ၁၂ ကြိမ်မြောက်အဖြစ် ထိပ်ဆုံးမှ ရပ်တည်

စင်ကာပူနိုင်ငံတွင် အမျိုးသားနေ့အောင်ပွဲအထိမ်းအမှတ်အဖြစ် ပစ်ဖောက်ခဲ့ကြသော မီးရှူးမီးပန်းများအား မရီနာဘေးအပေါ် ကောင်းကင်ယံ၌ ၂၀၂၅ ခုနှစ်၊ သြဂုတ် ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

စင်ကာပူ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ဝါရှင်တန်ဒီစီအခြေစိုက် ခွဲခြမ်းစိတ်ဖြာလေ့လာမှုနှင့် စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီ Gallup မှ စက်တင်ဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ လုံခြုံစိတ်ချရမှုအစီရင်ခံစာအရ စင်ကာပူနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာလုံခြုံစိတ်ချရမှုအရှိဆုံးနိုင်ငံအဖြစ် ၂၀၀၆ ခုနှစ်မှစ၍ ၁၂ ကြိမ်မြောက်အဖြစ် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်းပြုလုပ်ခဲ့သော လေ့လာမှုစစ်တမ်းအရ ညအချိန် တစ်ဦးတည်းလမ်းလျှောက်သွားစဉ်တွင် စိတ်ထဲ၌ လုံခြုံစိတ်ချရမှုရှိခြင်းကို ခံစားရကြောင်း ဖြေကြားခဲ့သည့် စင်ကာပူနိုင်ငံသား ၉၈ ရာခိုင်နှုန်းရှိခဲ့ရာ Gallup ၏ ကမ္ဘာအနှံ့ပြုလုပ်ခဲ့သောစစ်တမ်းကောက်ယူမှုများ အနက် အမြင့်ဆုံးကိန်းဂဏန်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း၌နေထိုင်သူများ၏ စိတ်အာရုံတွင် လုံခြုံစိတ်ချရမှုရှိသည်ဟု ခံစားရစေနိုင်သည့် စင်ကာပူနိုင်ငံ၏ အပြောင်းမလဲမရှိ၊ တစ်သမတ်တည်းဖြစ်သောစွမ်းဆောင်မှုကို Gallup ၏ အစီရင် ခံစာက မီးမောင်းထိုးပြနိုင်ခဲ့သည်။
စစ်တမ်းကိုဖြေဆိုသူများအနက် အမျိုးသားဦးရေ ၉၈ ရာခိုင်နှုန်းနှင့် အမျိုးသမီးဦးရေ ၉၇ ရာခိုင်နှုန်းက လုံခြုံစိတ်ချရမှုရှိသည်ဟု ခံစားရကြောင်းသဘောထားပေးခဲ့ကြရာ ကျား/မ လိင်ပိုင်းဆိုင်ရာ ကွဲပြား ခြားနားစေကာမူ လုံခြုံစိတ်ချရမှုရှိသည်ကို ခံစားနားလည်မှုအပိုင်းတွင် ထပ်တူနီးပါး တူညီမှုရှိခြင်းအား ပြသနိုင်ခဲ့သည်။
အဆိုပါအစီရင်ခံစာအား ရာဇဝတ်မှုခင်း ဖြစ်ပွားမှုနှုန်း နည်းပါးခြင်း၊ တရားဥပဒေစိုးမိုးမှု သက်ဝင် ထိရောက်ခြင်းနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ လုံခြုံမှု အားကောင်းခြင်း ကဲ့သို့သော အကြောင်းရင်းခံ အချက်အလက်များ၏ ရလဒ်အပေါ်အခြေခံ၍ ရေးသားထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Singapore tops global safety ranking for 12th time since 2006
SINGAPORE, Sept. 19 (Xinhua)
Singapore has been ranked the safest country in the world for the 12th time since 2006, according to the Global Safety Report released Thursday by Gallup.
In 2024, 98 percent of Singaporeans said they felt safe walking alone at night, one of the highest figures Gallup has recorded globally. The report highlighted Singapore’s consistent performance in terms of the general sense of safety among its residents.
The survey also showed similar levels of perceived safety between genders: 98 percent of men and 97 percent of women reported feeling safe in 2024.
The report attributed the results to factors such as low crime rates, effective law enforcement, and strong public order. ■
Photo:
Fireworks light up the sky over Marina Bay during the National Day celebrations in Singapore, on Aug. 9, 2025. (Photo by Then Chih Wey/Xinhua