International Organizations
ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ အမျိုးသား မီတာ ၂၀၀ အပြေးချန်ပီယံဆုကို လိုင်လက်စ်က လေးကြိမ်ဆက်တိုက်ဆွတ်ခူး

တိုကျို၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ ကျင်းပနေသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အမျိုးသား မီတာ ၂၀၀ ပြေးပွဲ၌ အမေရိကန်တာတိုပြေးအကျော်အမော် နိုအာလိုင်လက်စ်က ၎င်း၏ လေးကြိမ်ဆက်တိုက် အနိုင်ရရှိမှုအား အထင်ကြီးဖွယ်ဖြစ်သော ပန်းဝင်ချိန် ၁၉.၅၂ စက္ကန့်ဖြင့် စက်တင်ဘာ ၁၉ ရက်၌ အောင်ပွဲခံခဲ့သည်။
အသက် ၂၈ နှစ်အရွယ် လိုက်လက်စ်၏ ယင်းအနိုင်ရရှိမှုသည် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ လေးခုတွင် ဘူဒါပတ်စ်၌ မီတာ ၁၀၀ အပြေးချန်ပီယံဆုနှင့် ဒိုဟာနှင့် ဘူဒါပတ်စ်တို့တွင် မီတာ ၁၀၀x၄ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့မှ ရွှေတံဆိပ်ဆုများနှင့်အတူ ၎င်း၏ ဆဋ္ဌမမြောက်ရွှေတံဆိပ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
အိုလံပစ်ငွေတံဆိပ်ဆု နှစ်ကြိမ်ဆွတ်ခူးခဲ့သည့် Kenneth Bednarek က ရာသီအကောင်းဆုံးစံချိန် ၁၉.၅၈ စက္ကန့်ဖြင့် ငွေတံဆိပ်ဆုရယူခဲ့ပြီး ထိုပြိုင်ပွဲ၌ ပထမဆုနှင့် ဒုတိယဆုတို့ကို အမေရိကန်နိုင်ငံမှ ပြိုင်ပွဲဝင်နှစ်ဦးက ရရှိခဲ့ကြခြင်းဖြစ်သည်။ ဂျမေကာနိုင်ငံမှ Bryan Levell က တစ်ကိုယ်ရေအကောင်းဆုံးစံချိန် ၁၉.၆၄ စက္ကန့်ဖြင့် ကြေးတံဆိပ်ဆုရရှိခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းက မီတာ ၁၀၀ ငွေတံဆိပ်ဆုရှင်ဖြစ်သော ဘော့ဆွာနာနိုင်ငံမှ Letsile Tebogo ကမူ ဆုရရှိရန် ပွတ်ကာသီကာ လွဲချော်ခဲ့ပြီး ပန်းဝင်ချိန် ၁၉.၆၅ စက္ကန့်ဖြင့် စတုတ္ထနေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ ဖိုင်နယ်ပွဲအတွင်း ယှဉ်ပြိုင်နေသည့် အမေရိကန်နိုင်ငံမှ နိုအာလိုင်လက်စ် (ယာ၊ ပထမ) ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြို့တော်တိုကျို၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ ဖိုင်နယ်ပွဲအတွင်း ယှဉ်ပြိုင်နေကြသည့် အမေရိကန်နိုင်ငံမှ နိုအာလိုင်လက်စ် (ဝဲ၊ စတုတ္ထ)၊ အမေရိကန်နိုင်ငံမှ Kenneth Bednarek (ဝဲ၊ ဒုတိယ) နှင့် ဂျမေကာနိုင်ငံမှ Bryan Levell (ဝဲ၊ တတိယ) တို့ကို တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
Lyles wins fourth straight men’s 200m world title
TOKYO, Sept. 19 (Xinhua) — American sprint sensation Noah Lyles powered to his fourth consecutive victory in the men’s 200 meters at the World Athletics Championships on Friday, clocking an impressive 19.52 seconds.
The 28-year-old’s triumph secured his sixth gold medal across four World Championships, adding to his 100m title in Budapest and 4x100m relay golds in Doha and Budapest.
Two-time Olympic silver medalist Kenneth Bednarek delivered a season-best 19.58 seconds to claim silver, completing a U.S. one-two finish. Jamaica’s Bryan Levell surged to bronze with a personal best of 19.64 seconds.
Botswana’s Letsile Tebogo, the 100m silver medalist earlier this week, narrowly missed the podium, finishing fourth in 19.65 seconds. ■
English Caption 1
Gold medalist Noah Lyles of the United States celebrates after the men’s 200m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 19, 2025. (Xinhua/Li Gang)
English Caption 2
Noah Lyles (1st R) of the United States competes during the men’s 200m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 19, 2025. (Xinhua/Li Gang)
English Caption 3
Noah Lyles (4th L) of the United States, Kenneth Bednarek (2nd L) of the United States and Bryan Levell (3rd L) of Jamaica compete during the men’s 200m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 19, 2025. (Xinhua/Wang Lili)