International Organizations
နေမာ ဒဏ်ရာသစ်ရပြီး ထိုးနှက်ချက်ကြုံတွေ့သွား

ရီယိုဒီဂျနေရိုး၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ဘရာဇီးကလပ် ဆန်းတို့စ်တိုက်စစ်မှူး နေမာသည် ပေါင်ဒဏ်ရာတစ်ခု ရသွားခဲ့ပြီးနောက် ကြံ့ခိုင်မှုနှင့် ပုံစံကောင်းပြန်လည်ရရှိရန်ကြိုးစားနေသည့် ၎င်း၏ ကြိုးစားမှုကို ထိုးနှက်ချက်ဖြစ်သွားစေခဲ့ကြောင်း ဆန်းတို့စ်က စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ဘရာဇီးလက်ရွေးစင်အသင်းအတွက် ဂိုးအများဆုံးသွင်းထားသော အသက် ၃၃ နှစ်အရွယ်ရှိ နေမာသည် စက်တင်ဘာ ၁၈ ရက်က လေ့ကျင့်ရေးတွင် ညာဘက်ပေါင်ဒဏ်ရာဖြင့် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာခဲ့ရပြီး နောက်ပိုင်းပြုလုပ်ခဲ့သော စမ်းသပ်စစ်ဆေးမှုများအရ ပေါင်ရှေ့ကြွက်သား ဒဏ်ရာ တစ်ခုရခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ဆန်းတို့စ်၏ ထုတ်ပြန်ချက်တစ်ခုတွင် နေမာဂျူနီယာသည် ဆန်းတို့စ်ဆေးအဖွဲ့၏ လမ်းညွှန်မှုအောက်၌ ကုသမှုများ စတင်ခံယူနေပြီဖြစ်ကြောင်း ဖော်ပြထားသော်လည်း မည်သည့်အချိန်၌ နေမာ ပြန်လည် ကစားနိုင်မည်ဆိုခြင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။
နေမာမှာ ၂၀၂၃ အောက်တိုဘာလအတွင်းက ပြင်းထန်သောဒူးဒဏ်ရာရခဲ့ပြီးနောက်ပိုင်းမှစ၍ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ကစားပေးနိုင်ခဲ့ခြင်း မရှိပေ။ ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ ကာလိုအန်ဆယ်လော့တီကလည်း ၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စဥ်းစားရမည့် ကစားသမားများအနေဖြင့် ကြံ့ခိုင်မှုအပြည့်အဝရှိခြင်းကို မဖြစ်မနေသက်သေပြသရန်လိုအပ်ကြောင်း ပြောကြားထားသလို နေမာကိုလည်း မကြာသေးခင်က ကစားခဲ့သည့် ဘရာဇီး၏လူစာရင်းများတွင် ထည့်သွင်းခြင်းမရှိဘဲ ချန်လှပ်ထားခဲ့ကြောင်း သိရသည်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်း နေမာသည် ယခုရာသီတွင် ဘရာဇီးစီးရီးအေလိဂ် ၁၃ ပွဲကစားပြီး ၃ ဂိုးသွင်းယူထားကြောင်း သိရသည်။ ဆန်းတို့စ်မှာ လိဂ် ၂၂ ပွဲကစားပြီးနောက် တန်းဆင်း ဇုန်အထက်တွင် တစ်မှတ်သာ အသာရကာ ရပ်တည်နေကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
Neymar suffers fresh injury blow
RIO DE JANEIRO, Sept. 19 (Xinhua) Santos forward Neymar has suffered a new setback in his bid to regain form and fitness after sustaining a thigh injury, the Brazilian club said on Friday.
The 33-year-old, who is Brazil’s all-time leading scorer, left training on Thursday with pain in his right thigh. Subsequent tests confirmed an injury to the rectus femoris muscle.
“Neymar Jr. has already begun treatment under the guidance of Santos FC’s medical department,” the club said in a statement, without giving a timetable for his return.
Neymar has not played for Brazil since a serious knee injury in October 2023. National team manager Carlo Ancelotti has left him out of recent squads, saying players must prove full fitness to be considered for the 2026 World Cup.
The former Barcelona and Paris Saint-Germain forward has managed 13 league appearances this season, scoring three goals. Santos are one point above the relegation zone after 22 matches. ■
Photo:
Neymar of Brazil celebrates after the team advances into the quarterfinals after the Round of 16 match against South Korea at the 2022 FIFA World Cup at Ras Abu Aboud (974) Stadium in Doha, Qatar, Dec. 5, 2022. (Xinhua/Chen Cheng)