Connect with us

Latin America

ဝါရှင်တန်၌ပြုလုပ်မည့် ဒေသဆိုင်ရာကျန်းမာရေးဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးကို တက်ရောက်ခွင့်မပေးဘဲ အမေရိကန်က ပိတ်ပင်ထားကြောင်း ဘရာဇီးပြောကြား

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့ရှိ စူပါကာရီအိုကာ ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် မိန်းကလေးငယ်တစ်ဦးကို တုပ်ကွေးကြီးရောဂါကာကွယ်ဆေးထိုးနှံပေးနေသော ကျန်းမာရေးဝန်ထမ်း တစ်ဦးအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဆော်ပေါ်လို၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ဝါရှင်တန်၌ ကျင်းပမည့် ပန်-အမေရိကန်ကျန်းမာရေးအဖွဲ့အစည်း၏ ဆွေးနွေးပွဲသို့ ဘရာဇီးကျန်းမာရေး ဝန်ကြီး အလက်ဇန်ဒရီပါဒီလ်ဟာကို တက်ရောက်ခွင့်မပေးဘဲ ပြည်ဝင်ခွင့်ကန့်သတ်ချုပ်ခြယ်မှုများဖြင့် အမေရိကန်ကပိတ်ပင်ထားကြောင်း ဘရာဇီးတာဝန်ရှိသူများ၏ စက်တင်ဘာ ၁၉ ရက်က ပြောကြားမှု အရ သိရသည်။
ပါဒီလ်ဟာမှာ လာမည့်သီတင်းပတ်အတွင်း နယူးယောက်၌ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ဘရာဇီးသမ္မတ လူးဝစ်အီနာဆီယို လူလာဒါဆေးလ်ဗားနှင့်အတူ တက်ရောက်ရန် ဗီဇာ ရရှိထားကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂရုံးချုပ်နှင့် ၎င်းတည်းခိုရာဟိုတယ်ဝန်းကျင်တစ်ဝိုက်သာ သွားလာခွင့်ရှိသည်ဟု ကန့်သတ်ခံထားရပြီး ဝါရှင်တန်သို့ ခရီးသွားလာခွင့် ပိတ်ပင်ခံထားရကြောင်း သိရသည်။
ယင်းကဲ့သို့ ကန့်သတ်ချုပ်ချယ်မှုများအား လက်ခံနိုင်ဖွယ်မရှိကြောင်း ပါဒီလ်ဟာက ပြောကြားခဲ့သလို ၎င်းအနေဖြင့် ဘရာဇီး၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘရာဇီးကျန်းမာရေးဝန်ကြီးက အဆိုပါ ဗီဇာကန့်သတ်ချုပ်ချယ်မှုအား အကြွင်းမဲ့အာဏာရှင်ဆန်သော လုပ်ရပ်ဟု ပြောကြားခဲ့သလို ပန်-အမေရိကန်ဒေသဆိုင်ရာကျန်းမာရေးဆွေးနွေးပွဲတွင် ဘရာဇီး၏ ပါဝင်မှုက အာဂျင်တီးနား၊ မက္ကဆီကိုတို့နှင့်အတူ ဒေသတွင်းကာကွယ်ဆေးထိုးနှံမှု အစီအစဥ်များအတွက် အရေးပါကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် မကြာသေးခင်က ဘရာဇီးတရားရုံးချုပ်တရားသူကြီးများအား ပိတ်ဆို့ အရေးယူမှုပြစ်ဒဏ်ချမှတ်ခဲ့သလို ဘရာဇီးထုတ်ကုန်များအား စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခဲ့ပြီး အဆိုပါလုပ်ဆောင်မှုများသည် ဘရာဇီးသမ္မတဟောင်း Jair Bolsonaro ကို အာဏာသိမ်းရန် ကြိုးစား ခဲ့သည်ဟုဆိုကာ ပြစ်ဒဏ်စီရင်ချမှတ်ခဲ့ခြင်းနှင့် ဆက်စပ်နေကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Brazil says U.S. blocks health minister from attending regional health meeting in Washington
SAO PAULO, Sept. 19 (Xinhua) — Brazil said Friday that the United States barred Brazilian Health Minister Alexandre Padilha from attending a Pan American Health Organization meeting in Washington by restricting his visa.
Padilha received a visa to join Brazilian President Luiz Inacio Lula da Silva at the UN General Assembly in New York next week, but it limits him to a small perimeter around the UN headquarters and his hotel, preventing him from traveling to Washington.

Calling the restrictions “unacceptable,” Padilha said he would remain in Brazil. The Health Ministry described the move as arbitrary and said Brazil’s participation in the meeting is vital to a regional vaccine initiative with Argentina and Mexico.
The United States has recently imposed sanctions on Brazilian Supreme Court justices and raised tariffs on Brazilian goods, moves tied to former President Jair Bolsonaro’s conviction for attempting a coup. ■
Photo:
A health worker administers a dose of vaccine against dengue to a girl at the Super Carioca Vaccination Center in Rio de Janeiro, Brazil, on Feb. 23, 2024. (Photo by Claudia Martini/Xinhua)