Connect with us

North America

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေးဟောင်းကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စကားပြောနေသော အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ်အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန် ဆီးနိတ်လွှတ်တော်က အိမ်ဖြူတော်အမျိုးသား လုံခြုံရေးအကြံပေးအရာရှိဟောင်း မိုက်ခ်ဝေါ့ဇ်ကို ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် စက်တင်ဘာ ၁၉ ရက်က မဲပေးရွေးချယ်ခန့်အပ်လိုက်ကြောင်း၊ ၈ လကြာလစ်လပ်နေသော အဆိုပါရာထူးနေရာကို ခန့်အပ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။
ဆီးနိတ်လွှတ်တော်မှပြုလုပ်ခဲ့သော ဆန္ဒမဲ ၄၇-၄၃ ရလဒ်အရ မိုက်ခ်ဝေါ့ဇ်မှာ လာမည့်သီတင်းပတ် အတွင်း နယူးယောက်၌ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂညီလာခံသို့ တက်ရောက်ခွင့်ရသွားပြီဖြစ်သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း စက်တင်ဘာ ၂၃ ရက်၌ ပြုလုပ်မည့် နှစ်ပတ်လည် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရန် စီစဥ်ထားကြောင်း သိရသည်။
ယခုနှစ်နွေရာသီအစောပိုင်းက ဆီးနိတ်လွှတ်တော်၌ ၎င်း၏ကြားနာမှုကို အတည်ပြုခဲ့စဥ်အတွင်း မိုက်ခ်ဝေါ့ဇ်က အမေရိကန်၏ ရန်ပုံငွေကိုပြန်လည်သုံးသပ်ခြင်း၊ အဖွဲ့အစည်းအတွင်း ဂျူးမုန်းတီးရေး ဝါဒကို အမြစ်ပြတ်ချေမှုန်းရမည့်အစီအမံများအပါအဝင် ကုလသမဂ္ဂတွင် ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန်လိုအပ်နေသည်ဟု အလေးပေးပြောကြားခဲ့ကြောင်း ABC သတင်းဌာန၏ဖော်ပြမှုအရ သိရသည်။
ဝေါ့ဇ်မှာ ဇန်နဝါရီလမှစ၍ ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သော်လည်း မတ်လအတွင်းက ယီမင်၌ပြုလုပ်မည့် ဆန္ဒပြပွဲနှင့်ပတ်သက်၍ အကြီးတန်းအမျိုးသား လုံခြုံရေးတာဝန်ရှိသူများသာ သီးသန့် ဆွေးနွေးကြသည့် Signal Chat ဂရုတွင် သတင်းထောက် တစ်ဦးကို မှားယွင်းစွာထည့်သွင်းမိပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့သူဖြစ်သည်။
ထရမ့်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ရီပက်ဘလစ်ကန်ပါတီမှ အီလစ် စတီဖာနစ်ကို အဆိုပြုစာရင်းသွင်းထားမှုအား မတ်လ ၂၇ ရက်က ပြန်လည်ပယ်ဖျက်ခဲ့ပြီးနောက် အဆိုပါနေရာအတွက် မိုက်ခ်ဝေါ့ဇ်ကို မေလအတွင်းက အဆိုပြု အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်ဂရင်းဖီးလ်မှာ အမေရိကန် သမ္မတရာထူးကို ထရမ့်ရယူပြီးနောက် ဇန်နဝါရီ ၂၀ ရက်က ၎င်း၏ရာထူးတာဝန်မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Former White House national security adviser confirmed as U.S. ambassador to UN
WASHINGTON, Sept. 19 (Xinhua)
The U.S. Senate on Friday voted to confirm Mike Waltz, a former White House national security adviser, to serve as the U.S. ambassador to the United Nations, filling the eight-month vacancy for this post.
The 47-43 vote clears the way for Waltz to attend the UN General Assembly in New York next week, where U.S. President Donald Trump is scheduled to address the annual gathering on Tuesday.
During his Senate confirmation hearing earlier this summer, Waltz stressed the need for reform at the UN, including a review of U.S. funding and measures to root out anti-Semitism in the institution, according to an NBC News report.
Waltz had served as Trump’s national security adviser since January but stepped down after mistakenly adding a journalist to a private Signal chat with senior national security officials discussing an upcoming strike in Yemen in March.
On March 27, Trump withdrew his nomination of Republican Elise Stefanik to be the U.S. ambassador to the United Nations. Waltz was then nominated by Trump for the post in May.
Former U.S. Ambassador to the United Nations Linda Thomas-Greenfield left her office on Jan. 20 when Trump took office as U.S. president. ■
Photo:
File photo taken on Feb. 20, 2025 shows U.S. National Security Advisor Mike Waltz speaking during a press briefing at the White House in Washington, D.C., the United States. (Xinhua/Hu Yousong)