International Organizations
နယူးဇီလန်နိုင်ငံမြို့တော် ဝယ်လင်တန်မြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ WearableArt အနုပညာပြပွဲ လက်ခံကျင်းပ

ဝယ်လင်တန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ကမ္ဘာ့ WearableArt အနုပညာပြပွဲ (WOW) ကို စက်တင်ဘာ ၁၉ ရက်က နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့တော်၌ လက်ခံကျင်းပခဲ့ပြီး နိုင်ငံတကာမှ ထိပ်တန်းဒီဇိုင်နာများကိုလည်း ဆုအမျိုးအစား ၂၅ ခု ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။
WOW ပြပွဲ၏ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်သော Supreme WOW Award ဆုကို အမေရိကန် ဒီဇိုင်နာ နှစ်ဦး ဖြစ်သော Dawn Mostow နှင့် Ben Gould တို့က ဆွတ်ခူးရရှိခဲ့သည်။ Supreme WOW Award ဆုကို နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ဒီဇိုင်နာပေါင်း ၁၀၀ ဦးက နောက်ဆုံးအဆင့်သို့တက်လာသည့် အဝတ်အထည် ဒီဇိုင်း ၈၅ ခုထဲမှ ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။
WOW ၏ ပြိုင်ပွဲဆိုင်ရာအကြီးအကဲဖြစ်သူ ဆာရာနာသန်က ယခုနှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်သို့ တက်ရောက်လာသည့် အဝတ်အထည်ဒီဇိုင်းများမှာ ထူးခြားပြောင်မြောက်သော တီထွင်ဖန်တီးမှုနှင့် နည်းစနစ်ကျွမ်းကျင်မှုများကို သရုပ်ဖော်ပြသနိုင်ခဲ့ကြောင်း ချီးကျူးပြောကြားခဲ့သည်။
“WearableArt အနုပညာဟာ လက်မှုပညာရပ်၊ သရုပ်ဖော်ပြသခြင်းနဲ့ ရုပ်၀တ္ထုပစ္စည်းတွေကို ဖြတ် သန်းပြီး အောင်မြင်တိုးတက်ကြီးထွားလာသလို နယ်နိမိတ်ကန့်သတ်ချက်တွေကိုလည်း တွန်းထိုး ဖယ်ရှားမှုတွေ ဆက်ပြီးလုပ်ဆောင်နိုင်တာ မြင်တွေ့ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်” ဟု ဆာရာက ဆက်လက်ပြောကြားခဲ့သည်။
WOW ပြပွဲပြိုင်ပွဲကို ၁၉၈၇ ခုနှစ်က ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲမှာ အနုပညာနှင့် ဒီဇိုင်းကို ပေါင်းစပ်ထားသော ကမ္ဘာလုံးဆိုင်ရာပြိုင်ပွဲတစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲစီစဉ်သူများ၏ ပြောကြားမှုအရ ဒီဇိုင်နာများ၏ အနုပညာစွမ်းရည်နှင့် ဖန်တီးမှုအရည်အသွေးကို ထုတ်ဖော်ပြသသည့် ပြိုင်ပွဲသို့ နှစ်စဉ် တက်ရောက်ကြည့်ရှုသူအရေအတွက် ၆၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
New Zealand’s capital hosts World of WearableArt show
WELLINGTON, Sept. 19 (Xinhua)
The 2025 World of WearableArt (WOW) show was staged Friday in New Zealand’s capital Wellington, with 25 awards handed out to leading international designers.
Dawn Mostow and Ben Gould of the United States won the event’s top honor, the Supreme WOW Award, chosen from 85 finalist garments by 100 designers representing 17 countries.
WOW head of competition Sarah Nathan said this year’s finalists again demonstrated remarkable creativity and technical skills.
“It’s exciting to see the wearable art form continue to thrive, grow and push boundaries across craft, storytelling and materials,” Nathan said.
First held in 1987, WOW has developed into a global competition that combines art and design, with a theatrical showcase attended annually by more than 60,000 people, according to organizers. ■
Photo:
Models present creations during a show of the World of Wearable Art in Wellington, New Zealand, Sept. 19, 2025. (Photo by Meng Tao/Xinhua)