Asia
ထိုင်းနိုင်ငံ၏ ယခုနှစ်စီးပွားရေး တိုးတက်မှုနှုန်းကို ကမ္ဘာ့ဘဏ်ကပြန်လည် ပြင်ဆင်သတ်မှတ်
ဘန်ကောက်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ၏ ယခုနှစ် စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂ ဒသမ ၈ ရာခိုင်နှုန်းရှိလာနိုင်ကြောင်းကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ၏ ပြည်ပပို့ကုန်လုပ်ငန်းများ အားနည်းနေမှုနှင့် အစိုးရအသုံးစရိတ်အတည်ပြုရန် နှောင့်နှေးခဲ့မှုများကြောင့် ထိုင်းနိုင်ငံ၏ ယခုနှစ် စီးပွားရေး တိုးတက်မှုနှုန်းကို ကမ္ဘာ့ဘဏ်က ပြန်လည်ပြင်ဆင်သတ်မှတ်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာများတွင် ထိုင်းနိုင်ငံ၏ ယခုနှစ် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၃.၂ ရာခိုင်နှုန်းထိ
မျှော်မှန်းသတ်မှတ်ထားသည်။
ထို့ပြင် ထိုင်းဗဟိုဘဏ်ကလည်း ယခုနှစ်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုကို မူလမျှော်မှန်းထားသည့် သတ်မှတ်ချက် ၃ ဒသမ ၂ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ ယခုနှစ် ဖေဖော်ဝါရီအတွင်း ပြန်လည်လျှော့ချ သတ်မှတ်ထားသည်။
ကမ္ဘာ့ဘဏ်သည် ထိုင်းနိုင်ငံ၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ရာခိုင်နှုန်းထိရှိနိုင်သည်ဟု ဧပြီ ၁ရက် အစီရင်ခံစာတွင် ပြင်ဆင်သတ်မှတ်ထားသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထိုင်းနိုင်ငံ၏ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း ၃ ဒသမ ၁ ရာခိုင်နှုန်းထိ မျှော်မှန်းသတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)
……………………………
(English Version)
World Bank cuts Thailand’s 2024 growth outlook to 2.8 pct
BANGKOK, April 1 (Xinhua) — Thailand’s economic growth is projected at 2.8 percent in 2024, down from 3.2 percent expected in December last year due to dimmer export and public investment prospects, the World Bank said on Monday.
According to the bank’s East Asia and Pacific April 2024 Economic Update, the country’s growth was hampered as the manufacturing sector suffered from weak external demand and public investment slowed owing to a delayed fiscal budget.
The Thai economy grew 1.9 percent in 2023 and contracted 0.6 percent in the final quarter of last year compared to the third quarter.
Tourism and private consumption will be key drivers to the Southeast Asia’s second-largest economy. Meanwhile, exports are expected to grow by 5 percent this year thanks to favorable global trade, the bank said in a statement.
Inbound tourists are anticipated to reach 90 percent of pre-pandemic levels this year, with Chinese visitors, the largest source of tourists for Thailand, expected to reach 62 percent of pre-pandemic levels. The nation’s tourism recovery is projected to return to pre-pandemic levels by mid-2025, the World Bank said.
Looking ahead, there are upside risks to domestic demand if the government’s digital wallet handout scheme is implemented. However, there are still concerns over increased geopolitical tensions and high oil prices, which could cause another inflationary spike given the kingdom’s reliance on energy imports, the Washington-based bank said. ■