Connect with us

Asia

၂၀၂၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၏ စီးပွားရေး ၂ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အစီရင်ခံစာထုတ်ပြန်

ဘရူနိုင်းနိုင်ငံ မြို့တော်ဘန်ဒါဆရီဘီဂါဝန်ရှိ နိုင်ငံ၏အကြီးဆုံး ရေနက်ဆိပ်ကမ်း Muara Portတွင် ကွန်တိန်နာများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ဒါဆရီဘီဂါဝန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးလာမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။
ဘရူနိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၂၉ ခုနှစ်တွင် ၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ရောက်ရှိရန် မျှော်မှန်းထားပြီး နိုင်ငံစီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် ကျဆင်းမှုနှင့် ကြုံတွေ့ခဲ့ရသော်လည်း ၂၀၂၃ ခုနှစ်တွင် တိုးတက်မှုရှိခဲ့ကြောင်း ပြည်တွင်းနေ့စဉ်သတင်းစာ Borneo Bulletin က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့အစီရင်ခံစာကို ကိုကား၍ သတင်းဖော်ပြခဲ့သည်။
ဘရူနိုင်းနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ သဘာဝအရင်းအမြစ်များ ကြွယ်ဝသော နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ဘရူနိုင်းနိုင်ငံ ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၄၇ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဘရူနိုင်းနိုင်ငံသည် မကြာသေးမီနှစ်များအတွင်းက ရေနံဓာတုဗေဒနှင့် စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့သည့်အပြင် သတင်းအချက်အလက်နည်းပညာ၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာကုန်သွယ်မှုကဲ့သို့သော လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ (Xinhua)
………………………….
(English Version)
Brunei’s economy to grow 2.4 pct in 2024: IMF

BANDAR SERI BEGAWAN, April 22 (Xinhua) — The Brunei’s economy is projected to grow 2.4 percent in 2024 and 2.5 percent next year, according to the latest report from the International Monetary Fund (IMF).
Brunei’s economy is expected to maintain a positive growth trend, with the economy projected to reach a growth rate of 3.1 percent by 2029. The sultanate experienced negative growth in 2021 and 2022, but successfully achieved positive growth in 2023, local daily Borneo Bulletin quoted the IMF report on Sunday.
The IMF said in its World Economic Outlook (WEO) report that the consumer price in Brunei will increase by 1.3 percent in 2024, higher than 2023, and is expected to decrease to 1 percent in 2025.
Located in the northern part of the Borneo island in Southeast Asia, Brunei is rich in natural resources such as oil and gas. By 2023, the oil and gas industry is accounted for 47.4 percent of Brunei’s gross domestic product.
In recent years, Brunei has been actively developing its petrochemical and downstream industries, while also encouraging the growth of industries such as information technology, agriculture, tourism and international trade, in an effort to promote economic diversification. ■

Photo taken on Jan. 1, 2022 shows containers being unloaded at the Muara Port, Brunei’s largest deep-water port, in Bandar Seri Begawan, capital of Brunei. (Photo by Jeffrey Wong/Xinhua)