Asia
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ မီးလောင်မှုဖြစ်ပွား ခြောက်ဦးထက်မနည်းသေဆုံး
နယူးဒေလီ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ ခြောက်ဦးထက်မနည်း သေဆုံးကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၆ ရက်တွင် ပြောကြားသည်။
ဘီဟာ၏ မြို့တော်ပတ္တာနာ၏ အရှေ့မြောက်ဘက် ၁၈၄ ကီလိုမီတာခန့် အကွာရှိ ဒက်ဟန်ဂါခရိုင် အလီနာဂါဒေသ၌ ဧပြီး၂၅ ရက် ညပိုင်းက မီးရှူးမီးပန်းပစ်ဖောက်ခြင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မီးရှူးမီးပန်းများ ဖောက်ခွဲချိန်အတွင်း မင်္ဂလာပွဲအတွက် တည်ဆောက်ထားသည့် မဏ္ဍပ်မီးလောင်ခဲ့ပြီး အနီးအနားရှိနေအိမ်သို့ မီးကူးစက်လောင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။ မီးလောင်မှုကြောင့် နွားသုံးကောင်လည်းသေဆုံးခဲ့ကြောင်းသိရသည်။ ( Xinhua)
……………………………….
(English Version)
6 killed as wedding marquee catches fire in India’s Bihar
NEW DELHI, April 26 (Xinhua) — At least six people were killed in a devastating fire that broke out in a wedding marquee in the eastern Indian state of Bihar, police said Friday.
The fire broke out Thursday night due to setting off firecrackers in Alinagar area of Darbhanga district, about 184 km northeast of Patna, the capital city of Bihar.
According to officials, the marquee erected for the wedding function caught fire during the bursting of firecrackers and immediately spread to the nearby house.
Reports said the fire also killed three cows. ■