Africa & Middle East
အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ လက်ဘနွန်ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်
ဘေရွတ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က ဒုံးကျည်များဖြင့် ဧပြီ ၂၈ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုသည် လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ အရပ်သားများ၏ နေအိမ်များအား အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်မှုအပေါ် တုံ့ပြန်ဆောက်ရွက်ခြင်းဖြစ်ကြောင်း၊ အစ္စရေးနိုင်ငံ မြောက်ပိုင်းသို့ ဒုံးကျည်အလုံး ၄၀ ခန့်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားသည်။
အစ္စရေးစစ်လေယာဉ်များသည် ဧပြီ ၂၈ ရက် အစောပိုင်းတွင် လဘနွန်နိုင်ငံ အရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ မြို့သုံးမြို့ကို စီးနင်းမှုသုံးကြိမ် ပြုလုပ်ခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ် အော်တိုဘာ ၈ ရက်မှစတင်၍ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးဘက်သို့ ဒုံးကျည်များဖြင့် တိုက်ခိုက်ရာမှ တင်းမာမှုများမြင့်တက်လာခဲ့သည်။ အပြန်အလှန်အနေဖြင့် အစ္စရေးက လက်ဘနွန်အရှေ့တောင်ပိုင်းသို့ အမြောက်များဖြင့် ပစ်ခတ်ကာလက်တုံ့ပြန်ခဲ့သည်။ ( Xinhua)
…………………….
(English Version)
Lebanon’s Hezbollah launches attacks on several Israeli settlements
BEIRUT, April 28 (Xinhua) — Hezbollah announced that it launched on Sunday at dawn an attack with Katyusha rockets on several Israeli settlements.
Hezbollah said in a statement that “in response to the Israeli enemy’s attacks on southern villages and civilian homes, especially the villages of Qaouzah, Markaba and the town of Sarbin, the fighters of the Islamic Resistance bombed the Meron settlement and the surrounding settlements with dozens of Katyusha rockets.”
A Lebanese military source told Xinhua that they detected the launching of about 40 surface-to-surface missiles toward northern Israel, some of which were intercepted by Israeli Iron Dome missiles, with several ones exploding above the village of the southeast village of Mays al-Jabal.
The sources, who spoke anonymously, said that Israeli warplanes carried out three raids earlier on Sunday on three towns and villages in the eastern and central sectors, while Israeli artillery bombed nine border towns near the border region with about 25 shells.
Tensions along the Lebanon-Israel border escalated on Oct. 8, 2023, following a barrage of rockets launched by the Lebanese armed group Hezbollah toward Israel in solidarity with Hamas’ attack on Israel the day before. Israel then retaliated by firing heavy artillery toward southeastern Lebanon. ■
This photo taken on Oct. 15, 2023 shows Israeli shells exploding over the Lebanese town of Marwahin.Photo by Ali Hashisho/Xinhua)