Connect with us

International Organizations

ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ ထိပ်သီးဆွေးနွေးပွဲကျင်းပ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ ထိပ်သီးဆွေးနွေးပွဲ၌ လူသားနှင့်တူသော စက်ရုပ်မလေးဆိုဖီယာကို ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၃၁ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ ထိပ်သီးဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မေ ၃၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ဆွစ်ဇာလန်အစိုးရ၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂနှင့် ကုလသမဂ္ဂအဖွဲ့အစည်း ၄၀ တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

ယင်းထိပ်သီးဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်ရည်တုနည်းပညာကို ကျန်းမာရေး၊ ရာသီဥတု တန်းတူညီမျှရေး၊ ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောရေးနှင့် အခြေခံအဆောက်အအုံများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အသုံးပြုရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ယခုကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲသို့ အစိုးရတာဝန်ရှိသူများ၊ ပညာရှင်များနှင့် စက်မှုလုပ်ငန်းမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ (Xinhua)

………………………………………………

(English Version)

Global AI summit kicks off in Geneva
GENEVA, May 30 (Xinhua) — The 2024 Artificial Intelligence (AI) for Good Global Summit began on Thursday in the Swiss capital of Geneva.
The summit is co-convened with the government of Switzerland and organized by the International Telecommunication Union — a specialized agency of the United Nations — in partnership with 40 UN agencies.
The event aims to leverage AI to advance various global development priorities, including health, climate, gender equality, inclusive prosperity and sustainable infrastructure.
Over 2,500 participants will attend the event onsite this year, including government officials, experts and industry leaders. ■

A participant interacts with humanoid robot Sophia at AI for Good Global Summit in Geneva, Switzerland, July 7, 2023.