Connect with us

Asia

RCEP ၊ နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် (FTAs) က ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေး

ကမ္ဘောဒီးယားနိုင်ငံ ကမ်ပေါ့ပြည်နယ်ရှိ ကမ်ပေါ့ ဘက်စုံသုံးဆိပ်ကမ်းကို ၂၀၂၄ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
ဒေသတွင်း ဘက်စုံမဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) နှင့် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်များ (FTAs) က ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပို့ကုန်အမျိုးမျိုးကို မြှင့်တင်ရာတွင် အထောက်အကူပြုလျက်ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က ဇွန် ၁၉ ရက်၌ ပြောခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် အာရှ-ပစိဖိတ်နိုင်ငံ ၁၅ နိုင်ငံနှင့် ချိတ်ဆက်ထားသော RCEP သဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး တရုတ်၊ တောင်ကိုရီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့နှင့် နှစ်နိုင်ငံ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ်များ ချုပ်ဆိုထားကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Uvq
……………………………………..
(English Version)
RCEP, bilateral FTAs boost Cambodia’s economic growth
PHNOM PENH, June 20 (Xinhua) — The Regional Comprehensive Economic Partnership (RCEP) and bilateral free trade agreements (FTAs) have helped boost Cambodia’s economic growth and diversify exports, Cambodian Prime Minister Hun Manet said on Wednesday. Cambodia is a member of the RCEP agreement that engaged with 15 Asia-Pacific countries, and the Southeast Asian country also has bilateral FTAs with China, South Korea and the United Arab Emirates.
Photo: An aerial drone photo taken on June 5, 2024 shows a view of the Kampot Multipurpose Port in Kampot province, Cambodia. (Photo by Ly Lay/Xinhua)